မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
#Unicode Version#
အခြောက်ဇာတ်ရုပ်တွေ သရုပ်ဆောင်တာများတော့ Gay လို့အထင်ခံရတာ စိတ်မကောင်းဖြစ်မိပေမယ့် အသိမှတ်ပြုတာပဲနေမှာပါလို့ တွေးပြီး စိတ်ကိုပြန်ဖြေပါတယ်လို့ ညီထွဋ်ခေါင် က MC သို့ပြောပါတယ်။
“ ကျွန်တော်တို့ က ကာရိုက်တာ ပေါင်းစုံသရုပ်ဆောင်ရတယ်။ Gay ကာရိုက်တာကြတော့ ကျွန်တော်နဲ့ပိုပြီးတော့ လိုက်ဖတ်တယ်လို့လည်း ထင်တယ်။ အသိမှတ်လည်းပိုပြီးတော့ ပြုပေးကြတယ်။ အဲ့လိုမြင်နေကြတာဆိုတော့ အပြင်မှာတွေ့ရင် ထင်ကောင်းထင်နိုင်ကြတာပေါ့။ ကျွန်တော်လည်း ခဏခဏပြောပါတယ်။ မဟုတ်ပါဘူးလို့ ။ မဟုတ်ဘူးဆိုတာကို Cover လုပ်ချင်တဲ့စိတ်နဲ့ Relationship ကိုချပြမှာလည်း မဟုတ်ပါဘူး။ ဒီလိုပဲ အထင်ခံနေရဦးမှာပါပဲ ။ အခြောက်ကာရိုက်တာကို မရိုက်တော့ဘူးလားလို့ပြောကြပါတယ်။ ဗီဒီယို အနေနဲ့ အရမ်းများလာရင်လည်း သိပ်မရိုက်ဖြစ်တော့ပါဘူး။ ရုပ်ရှင်ဇာတ်ကားအနေနဲ့တော့ စိစစ်ပြီးတော့ ရိုက်သွားမှာပါ။ အထင်ခံရတာကိုတော့ အစောပိုင်းက စိတ်မကောင်းဖြစ်မိတယ်။ ငါ့ကို အဲ့လိုကြီးထင်နေရလားဆိုတဲ့ မခံချင်စိတ်တွေဖြစ်မိတယ်။ အသိအမှတ်ပြုတာပဲ နေမှာပါလို့ ပြန်လျေ့ာလိုက်တယ် ” - ညီထွဋ်ခေါင်
ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Celebrity
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top