AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အမႊာေမာင္ႏွမေတြျဖစ္ၾကတဲ့ Saffron Drewitt-Barlow နဲ႔ သူမရဲဲ႕ေမာင္ေလး Aspen တုိ႔ဟာ ယူေကႏုိင္ငံမွာ အမ်ိဳးသားဖခင္ႏွစ္ဦးရဲ႕ တရားဝင္ေမြးစားျခင္းခံရတဲ့ ပထမဆုံး ကေလးႏွစ္ဦးအျဖစ္ မွတ္တမ္းတင္ခံခဲ့ရသူေတြ ျဖစ္ပါတယ္။ Saffron ဟာ Gay ဖခင္ႏွစ္ဦးရဲ႕အခ်စ္ကို အထူးခံထားရၿပီး၊ တစ္လကို ေပါင္ (၅၀၀၀) မုန္႔ဖုိး ရေနသူပါ။

သူမရဲ႕ သန္းခ်ီတန္ေၾကးရွိတဲ့ အဝတ္နဲ႔ ဖတ္ရွင္ဗြီဘီ႐ုိထဲမွာ နာမည္ေက်ာ္ ဒီဇုိင္နာေတြရဲ႕ အဝတ္အစားမ်ိဳးစုံ၊ လက္ကိုင္အိတ္မ်ိဳးစုံ၊ ဖိနပ္-ေဒါက္ဖိနပ္မ်ိဳးစုံ ပိုင္ဆုိင္ထားၿပီး မၾကာေသးခင္ကမွ သူမတုိ႔ ေမာင္ႏွစ္မႏွစ္ဦးစလုံးဟာ အသက္(၁၈)ႏွစ္ျပည့္ခဲ့ၾကတာ ျဖစ္ပါတယ္။

Saffron ဝယ္ယူထားတဲ့ အိတ္ေတြဟာ Gucci နဲ႔ Louis Vuitton တံဆိပ္ေတြျဖစ္ၿပီး၊ ေပါင္ ေထာင္ခ်ီတန္ေၾကးရွိပါတယ္။ ရတာေသတၱာမွာေတာ့ ေပါင္ (၄)သိန္း တန္ေၾကးရွိတဲ့ Faberge လပ္စြပ္အျပင္၊ အျခားတန္းဖုိးႀကီးရတနာေတြ မ်ားစြာ ပုိင္ဆုိင္ထားပါတယ္။

Saffron နဲ႔ Aspen တုိ႔ကို ေမြးစားထားတဲ့ Barrie နဲ႔ Tony Drewitt-Barlow ဖခင္ႏွစ္ဦးစလုံးဟာ Gay ဖခင္ေတြျဖစ္ၾကၿပီး၊ လုပ္ငန္းတူ သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြပါ။ သူတုိ႔ႏွစ္ေယာက္ဟာ စီးပြားကို အတူတူလုပ္ၾကၿပီး၊ ႏွစ္ဦးစလုံး သန္းၾကြယ္သူေဌးေတြ ျဖစ္ၾကပါတယ္။

ႏွစ္ေယာက္ေပါင္း ပိုင္ဆုိင္မႈဟာ ေပါင္သန္း (၄၀)ေက်ာ္ ရွိၿပီး၊ အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းနဲ႔ အျခားကုမၼဏီေတြကုိ ပိုင္ဆုိင္ထားပါတယ္။ ယူေကမွာ သူတုိ႔ႏွစ္ဦးစလုံးဟာ ကေလးေတြရဲ႕ ဖခင္ေတြအျဖစ္ ပထမဆုံး တရားဝင္မွတ္တမ္းတင္ျခင္းခံလုိက္ရတဲ့ Gay စုံတြဲလုိ႔ ဆုိရမွာပါ။

သူတုိ႔မွာ တစ္ျခားေမြးစားကေလးေတြျဖစ္တဲ့ Orlando (၁၃)ႏွစ္နဲ႔ အမႊာေတြျဖစ္တဲ့ Jasper နဲ႔ Dallas (၆)ႏွစ္တုိ႕ကိုလည္း ပုိင္ဆုိင္ထားပါေသးတယ္။ Barrie နဲ႔ Tony တုိ႔ ႏွစ္ဦးစလုံးဟာ ကေလးေတြျပည့္ျပည့္စုံစုံေနရဖုိ႔ အၿမဲတမ္း ေတြးေတာေနသူေတြျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက (၁၈)ႏွစ္ ျပည့္သြားတဲ့ Saffron နဲ႔ Aspen တုိ႔ကို Range Rovers ကားအေကာင္းစားတစ္စီး ေမြးေန႔လက္ေဆာင္ ေပးခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္မွာ Saffron ဟာ သူမရဲ႕ ပထမဆုံးစီးပြားေရးလုပ္ငန္းျဖစ္တဲ့ Barking Mad Cosmetics အမည္ရ စီးပြားေရးလုပ္ငန္းကို စတင္ေနၿပီး၊ အေဖႏွစ္ေယာက္စလုံးက ေပါင္ (၁)သန္း ထည့္ဝင္ျမႇဳပ္ႏွံေပးထားတယ္လုိ႔ သိရပါတယ္။ ေမာင္ႏွစ္မႏွစ္ေယာက္စလုံးကို စတင္ေမြးဖြားစဥ္ကတည္းက Barrie နဲ႔ Tony တုိ႔ႏွစ္ဦးက တရားဝင္ေမြးစားခဲ့ၾကတာပါ။

အခု သူတုိ႔တစ္ေတြ စီးပြားေရးလုပ္ငန္းမွာ ေအာင္ျမင္သလုိမ်ိဳး၊ သားနဲ႔သမီးကိုလည္း ေအာင္ျမင္ေစခ်င္ေၾကာင္း ဆုိပါတယ္။ Barrie နဲ႔ Tony တုိ႔ႏွစ္ေယာက္စလုံးဟာ စီးပြားေရးစပ္တူ လုပ္ကိုင္ၾကသူမ်ား ျဖစ္ၿပီး၊ မန္ခ်က္စတာအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းနဲ႔ တစ္ျခားစီးပြားေရးလုပ္ငန္းခြဲေတြကိုလည္း စပ္တူလုပ္ကိုင္ၾကေၾကာင္း သိရပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #

အမွှာမောင်နှမတွေဖြစ်ကြတဲ့ Saffron Drewitt-Barlow နဲ့ သူမရဲ့မောင်လေး Aspen တို့ဟာ ယူကေနိုင်ငံမှာ အမျိုးသားဖခင်နှစ်ဦးရဲ့ တရားဝင်မွေးစားခြင်းခံရတဲ့ ပထမဆုံး ကလေးနှစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ Saffron ဟာ Gay ဖခင်နှစ်ဦးရဲ့အချစ်ကို အထူးခံထားရပြီး၊ တစ်လကို ပေါင် (၅၀၀၀) မုန့်ဖိုး ရနေသူပါ။

သူမရဲ့ သန်းချီတန်ကြေးရှိတဲ့ အဝတ်နဲ့ ဖတ်ရှင်ဗွီဘီရိုထဲမှာ နာမည်ကျော် ဒီဇိုင်နာတွေရဲ့ အဝတ်အစားမျိုးစုံ၊ လက်ကိုင်အိတ်မျိုးစုံ၊ ဖိနပ်-ဒေါက်ဖိနပ်မျိုးစုံ ပိုင်ဆိုင်ထားပြီး မကြာသေးခင်ကမှ သူမတို့ မောင်နှစ်မနှစ်ဦးစလုံးဟာ အသက်(၁၈)နှစ်ပြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

Saffron ဝယ်ယူထားတဲ့ အိတ်တွေဟာ Gucci နဲ့ Louis Vuitton တံဆိပ်တွေဖြစ်ပြီး၊ ပေါင် ထောင်ချီတန်ကြေးရှိပါတယ်။ ရတာသေတ္တာမှာတော့ ပေါင် (၄)သိန်း တန်ကြေးရှိတဲ့ Faberge လပ်စွပ်အပြင်၊ အခြားတန်းဖိုးကြီးရတနာတွေ များစွာ ပိုင်ဆိုင်ထားပါတယ်။

Saffron နဲ့ Aspen တို့ကို မွေးစားထားတဲ့ Barrie နဲ့ Tony Drewitt-Barlow ဖခင်နှစ်ဦးစလုံးဟာ Gay ဖခင်တွေဖြစ်ကြပြီး၊ လုပ်ငန်းတူ သူငယ်ချင်းအရင်းခေါက်ခေါက်တွေပါ။ သူတို့နှစ်ယောက်ဟာ စီးပွားကို အတူတူလုပ်ကြပြီး၊ နှစ်ဦးစလုံး သန်းကြွယ်သူဌေးတွေ ဖြစ်ကြပါတယ်။

နှစ်ယောက်ပေါင်း ပိုင်ဆိုင်မှုဟာ ပေါင်သန်း (၄၀)ကျော် ရှိပြီး၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနဲ့ အခြားကုမ္မဏီတွေကို ပိုင်ဆိုင်ထားပါတယ်။ ယူကေမှာ သူတို့နှစ်ဦးစလုံးဟာ ကလေးတွေရဲ့ ဖခင်တွေအဖြစ် ပထမဆုံး တရားဝင်မှတ်တမ်းတင်ခြင်းခံလိုက်ရတဲ့ Gay စုံတွဲလို့ ဆိုရမှာပါ။

သူတို့မှာ တစ်ခြားမွေးစားကလေးတွေဖြစ်တဲ့ Orlando (၁၃)နှစ်နဲ့ အမွှာတွေဖြစ်တဲ့ Jasper နဲ့ Dallas (၆)နှစ်တို့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Barrie နဲ့ Tony တို့ နှစ်ဦးစလုံးဟာ ကလေးတွေပြည့်ပြည့်စုံစုံနေရဖို့ အမြဲတမ်း တွေးတောနေသူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက (၁၈)နှစ် ပြည့်သွားတဲ့ Saffron နဲ့ Aspen တို့ကို Range Rovers ကားအကောင်းစားတစ်စီး မွေးနေ့လက်ဆောင် ပေးခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ Saffron ဟာ သူမရဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Barking Mad Cosmetics အမည်ရ စီးပွားရေးလုပ်ငန်းကို စတင်နေပြီး၊ အဖေနှစ်ယောက်စလုံးက ပေါင် (၁)သန်း ထည့်ဝင်မြှုပ်နှံပေးထားတယ်လို့ သိရပါတယ်။ မောင်နှစ်မနှစ်ယောက်စလုံးကို စတင်မွေးဖွားစဉ်ကတည်းက Barrie နဲ့ Tony တို့နှစ်ဦးက တရားဝင်မွေးစားခဲ့ကြတာပါ။

အခု သူတို့တစ်တွေ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်သလိုမျိုး၊ သားနဲ့သမီးကိုလည်း အောင်မြင်စေချင်ကြောင်း ဆိုပါတယ်။ Barrie နဲ့ Tony တို့နှစ်ယောက်စလုံးဟာ စီးပွားရေးစပ်တူ လုပ်ကိုင်ကြသူများ ဖြစ်ပြီး၊ မန်ချက်စတာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနဲ့ တစ်ခြားစီးပွားရေးလုပ်ငန်းခွဲတွေကိုလည်း စပ်တူလုပ်ကိုင်ကြကြောင်း သိရပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top