×








Photo : G Fatt FB
Credit: Duwun
#Unicode Version#
လူငယ်အဆိုတော် G Fatt ရဲ့ သွားတိုက်တဲ့ ဓာတ်ပုံကတော့ ပရိသတ်တွေကြားထဲမှာ တော်တော်ကို ပြန့်နေသလိုပုံစံအမျိုးမျိုးနဲ့ စနောက်နေကြတာတွေလည်း ရှိလို့နေပါတယ်။

အဲ့လို စနောက်နေကြတဲ့ထဲမှာ ဓာတ်ပုံကိုသာ အသုံးပြုပြီး စနောက်နေရာက အခုဆိုရင် Gif ဖိုင်အနေနဲ့ ထွက်လို့လာပါပြီ။

G Fatt ကိုယ်တိုင် အဲ့ဒီ Gif ဖိုင်ကို Share ပြီးတော့ "ကဲ ငါ လဲ အူတက်နေပြီ " ဆိုပြီး ရေးသားထားပါတယ်။ပရိသတ်တွေကလည်း အဲ့ဒီ Gif ဖိုင်ကိုကြည့်ပြီး အူတက်နေကြပါတယ်။

ပရိသတ်တွေရဲ့ ဟာသသဘောအနေနဲ့ စနောက်ခြင်းခံနေရတာကလည်း ကျွန်တော့်ကို မုန်းလို့ Troll တာလို့ မယူဆတဲ့အကြောင်း ပြောပြခဲ့ပါ သေးတယ်။

'' တချို့ပရိသတ်ကျတော့လည်း ကျွန်တော် ဒီဟာကို Feel နေမလားပေါ့၊ မကျေမနပ်ဖြစ်နေမလားပေါ့ Troll တဲ့ လူတွေအပေါ်မှာ ရန်ရှာတာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ စိတ်နေ စိတ်ခံစားချက်အရပေါ့နော်။ ဒါပေမယ့် ကျွန်တော် အဲ့ဒီလိုမဖြစ်စေချင်ပါဘူး။ သူတို့လည်း ကျွန်တော့်ကို မုန်းလို့ Troll တယ်လို့ မယူဆပါဘူး ဒါက ဟာသဖြစ်နေတာကိုး။သူတို့နေရာကို သွားကြည့်ရင်လည်း ဒီလိုမျိုး အနုပညာရှင် တစ်ယောက်ရဲ့ ပုံကို ကျွန်တော်လည်း သာမန်ပရိသတ်တစ်ယောက်ဆိုရင် ဒီလိုမျိုးပုံတွေတက်လာတဲ့အခါ ကျွန်တော်လည်း နောက်ချင်မိမှာပဲ၊ အဲ့ဒါကိုတော့ ကိုယ်ချင်းစာပါတယ် အေးဆေးပါ'' လို့ Duwun Media ကို ပြောပြထားပါတယ်။

သွားတိုက်နေတဲ့ ဓာတ်ပုံကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး စနောက်နေကြတဲ့ ဓာတ်ပုံတွေထဲကမှ G fatt အကြိုက်ဆုံးပုံကတော့ သွားတိုက်နေတယ် မအားသေးဘူး ဆိုတဲ့ ပုံလေးက မိုက်လည်းမိုက်တယ်၊ ရီလည်း ရီရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါသေးတယ်။

အခုတော့ သူကြိုက်တဲ့ ပုံက အခုပြန် share လိုက်တဲ့ Gif ဖိုင်ဖြစ်နေလိမ့်မယ် ထင်ပါတယ်။

Photo : G Fatt FB

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top