ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

FDA ဝန္ထမ္းအမ်ိဳးသမီး ကို အဓမၼျပဳက်င့္ကာ သတ္ျဖတ္ခဲ့သာ မ်ိဳးေဇာ္ဦးဇနီးအား ဇန္နဝါရီ၂၅ ရက္ နံနက္တြင္ ေျမာက္ဒဂံုရဲစခန္းက  လာေရာက္ေခၚေဆာင္သြားေၾကာင္း ေျမာက္ဒဂံုပတၱျမားလမ္း၌ ေနထိုင္သူတစ္ဦးက ေျပာ သည္။

ဝန္ထမ္းအမ်ိဳးသမီးကို သတ္သည့္ တရားခံကို ျပစ္မႈက်ဴးလြန္ၿပီး သံုးရက္ႏွင့္ ေျခာက္နာရီအတြင္းဖမ္းမိခဲ့ၿပီး အသတ္ခံရသူ ၏ ဆမ္ေဆာင္းဖုန္းေဆာ့ဖ္ဝဲအ သစ္လာတင္ရာမွတစ္ဆင့္ ယုဇနပလာဇာ၌ ဇန္နဝါရီ ၂၄ ရက္ မြန္းလြဲ ၂ နာရီတြင္ ဖမ္းမိခဲ့သည္။

မ်ိဳးေဇာ္ဦးဇနီးကို ဖမ္းဆီး ထားျခင္း ရွိ၊ မရွိ ေျမာက္ဒဂံုရဲ စခန္းသို႔ 7Day Daily သတင္းစာ က ဇန္နဝါရီ ၂၅ ရက္ ညေနတြင္ ဖုန္းဆက္ေမးျမန္းရာ ‘‘အမႈက လူႀကီးေတြကိုယ္တုိင္ စစ္ေဆးေန တာျဖစ္တဲ့အတြက္ ဘာမွေျပာလို႔ မရပါဘူး။ သတင္းထုတ္ျပန္တဲ့ အခါေတာ့ သိရမွာပါ’’ဟု တာဝန္က်ရဲအရာရွိတစ္ဦးက ေျဖၾကား သည္။ ဇန္နဝါရီ ၂၄ ရက္တြင္ ရဲတပ္ဖြဲ႕က သက္ေသခံပစၥည္း မ်ား ေနအိမ္၌ လာေရာက္သိမ္း ဆည္းစဥ္ ရပ္ကြက္ေနျပည္သူမ်ား က မ်ိဳးေဇာ္ဦးကို မေက်နပ္၍ လူစုလူေဝးျဖစ္ပြားခဲ့ေၾကာင္း ေျမာက္ ဒဂံုပတၱျမားလမ္းတြင္ ေနထိုင္သူ တစ္ဦးက ေျပာသည္။

‘‘ရပ္ကြက္နာမည္ပ်က္တယ္ ဆုိၿပီး သူတို႔ေနတဲ့အိမ္ကို ၿဖိဳမယ္ ဆုိၿပီး လုပ္ၾကတာ။ ရဲေတြက စည္းေတြတားၿပီး ထိန္းေပးထားလုိ႔ ဘာမွ မျဖစ္သြားဘူး။ ၂၅ ရက္ မနက္မွာ သူ႔မိန္းမကို စခန္းက လာေခၚသြားတယ္။ ညေနအခ်ိန္ ထိေတာ့ ျပန္မေရာက္ေသးဘူး’’ ဟု ရပ္ကြက္ေနျပည္သူတစ္ဦးက ေျပာသည္။ လူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေဆးခ်က္မ်ားကို ဇန္နဝါရီ ၂၅ ရက္ေန႔လယ္က  မိသားစုဝင္မ်ားအား ေျမာက္ဒဂံုရဲစခန္းက အသိေပးေျပာၾကားခဲ့ေၾကာင္း အသတ္ခံရသူ၏အေဒၚက ေျပာသည္။

‘‘အေစာပိုင္းကတည္းက သံသယရွိတာေပါ့ေနာ္။ ဒဏ္ရာ ဒဏ္ခ်က္က ျပင္းတာကိုး။ တစ္ ေယာက္တည္း မဟုတ္ဘူးလို႔ထင္ တာေပါ့။ ဒါေပမဲ့ တကယ့္တကယ္ျပန္ၿပီး ေတြးဆလိုက္တယ္။ အခု ဖမ္းမိလိုက္တဲ့အေပၚမွာ တရားခံ ထြက္ဆုိခ်က္မွာ  တစ္ဆင့္ခ်င္းစဥ္းစားလိုက္ေတာ့ ျဖစ္ႏိုင္ေျခ မ်ားပါတယ္။ ႐ုတ္တရက္ဆိုပူေန တာေပါ့ေနာ္။ ဒါေပမဲ့ တစ္ဆင့္ခ်င္း ျပန္စဥ္းစားလိုက္တဲ့အခါက် ေတာ့ တစ္ေယာက္တည္းျဖစ္ဖို႔ မ်ားပါတယ္’’ဟု အေဒၚျဖစ္သူက ေျပာသည္။က်ဴးလြန္သူကို ထိုက္သင့္ သည့္ ျပစ္ဒဏ္ခ်မွတ္ေစကာ ေနာက္ထပ္ယခုကဲ့သို႔ အျဖစ္အ ပ်က္မ်ိဳး ထပ္မံမျဖစ္ခ်င္ေၾကာင္း မိသားစုဝင္တစ္ဦးက ေျပာသည္။

‘‘ညမိုးခ်ဳပ္ရင္ မိန္းကေလး ေတြ အျပင္မထြက္တာ အေကာင္းဆံုးပဲ’’ဟု ၎က သတိေပးေျပာ ၾကားသည္။

လူသတ္မႈက်ဴးလြန္သူ မ်ိဳးေဇာ္ဦးကို ေျမာက္ဒဂံုၿမိဳ႕နယ္ တရား႐ံုးတြင္ ဇန္နဝါရီ ၂၅ ရက္ နံနက္က ႐ံုးထုတ္ရမန္ယူခဲ့ၿပီး ႐ံုး ခ်ိန္းကို ေဖေဖာ္ဝါရီ ၈ ရက္၌ ထပ္မံခ်ိန္းဆိုထားသည္။

တကၠစီေမာင္းသူက အဓမၼ က်င့္သတ္ျဖတ္ေသာေၾကာင့္ ေသ ဆံုးခဲ့သည့္ အသက္ (၂၅)ႏွစ္အ ရြယ္ FDA ဝန္ထမ္း မေရႊရည္ဝင္း အား ရည္စူး၍ လာမည့္ဇန္နဝါရီ ၂၈ ရက္တြင္ ေရႊတိဂံုေစတီေတာ္ ရင္ျပင္၌  ဝတ္ျပဳဆုေတာင္းမည္ ျဖစ္ၿပီး မည္သူမဆုိပူးေပါင္းပါဝင္ ႏိုင္ေၾကာင္း ျမန္မာအမ်ိဳးသမီးမ်ား ေစာင့္ေရွာက္ေရးအဖြဲ႕ ဦးေဆာင္ သူ မႏွင္းရည္ေအးက ေျပာသည္။

ေရႊတိဂံုေစတီ ဗုဒၶဟူးေထာင့္ ရင္ျပင္၌ မေရႊရည္ဝင္းအား ရည္ စူး၍ သံဃာေတာ္သံုးပါးအား လွဴဖြယ္ပစၥည္းမ်ား ကပ္လွဴကာ ေသဆံုးသူ ကြၽတ္လြတ္ေစရန္ ဆုေတာင္းေပးမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

‘‘ဆုေတာင္းေနတဲ့အခ်ိန္မွာ အစ္မတို႔က ဗီႏိုင္းေတြ ေထာင္ ထားမယ္။ သူက တစ္ဦးတည္း ေသာ သမီး၊ သူ႔မိဘေတြကလြဲရင္ ဆုေတာင္းေပးမယ့္သူမရွိဘူး’’ဟု မႏွင္းရည္ေအးက ေျပာသည္။

မေရႊရည္ဝင္း ေသဆံုးရ သည့္ ျဖစ္ရပ္ေၾကာင့္ ျမန္မာအ မ်ိဳးသမီးမ်ား ေစာင့္ေရွာက္ေရးအ ဖြဲ႕ကို ဇန္နဝါရီ ၂၅ ရက္တြင္ ဖြဲ႕စည္းၿပီး ၎တို႔အဖြဲ႕က ဆုေတာင္းပြဲၿပီးလွ်င္ မေရႊရည္ဝင္းကို သတ္ျဖတ္သူ တကၠစီယာဥ္ေမာင္း၏ တရား႐ံုး႐ံုးထုတ္တြင္ ‘မုဒိမ္းေကာင္မ်ား ေသဒဏ္ေပးေရး  လႈပ္ရွားမႈ’ စတင္မည္ဟု မႏွင္းရည္ေအးက ေျပာသည္။ဇန္နဝါရီ ၁၂ ရက္ ည ၈ နာရီေက်ာ္အထိ ၎တို႔အဖြဲ႕ လႈပ္ရွားမႈတြင္ ပါဝင္လိုသူကို ၅၀ ခန္႔ရွိၿပီဟု အဖြဲ႕ကို ဦးေဆာင္သူ မႏွင္းရည္ေအးက ေျပာသည္။

ျမန္မာအမ်ိဳးသမီးမ်ား စြမ္း ေဆာင္ရည္အဖြဲ႕သို႔ ဆက္သြယ္ လိုပါက ၀၉-၉၇၀၉၀၇၇၆၆၊ ၀၉-၉၆၃၉၄၇၁၁၊ ၀၉- ၅၀၆၇၅၃ သို႔ ဆက္သြယ္ႏုိင္ ေၾကာင္း ယင္းအဖြဲ႕က ေၾကညာ ထားသည္။

ရန္ကုန္တုိင္းေဒသႀကီးတြင္ ၂၀၁၇အတြင္း မုဒိမ္းမႈႏွင့္လူသတ္ မႈအမ်ားဆုံးျဖစ္ပြားခဲ့ၿပီး မုဒိမ္းမႈ ၂၇၀ မႈ၊ လူသတ္မႈ ၁၅၆မႈရွိခဲ့ ေၾကာင္း တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ က ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
FDA ဝန်ထမ်းအမျိုးသမီး ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သာ မျိုးဇော်ဦးဇနီးအား ဇန်နဝါရီ၂၅ ရက် နံနက်တွင် မြောက်ဒဂုံရဲစခန်းက  လာရောက်ခေါ်ဆောင်သွားကြောင်း မြောက်ဒဂုံပတ္တမြားလမ်း၌ နေထိုင်သူတစ်ဦးက ပြော သည်။

ဝန်ထမ်းအမျိုးသမီးကို သတ်သည့် တရားခံကို ပြစ်မှုကျူးလွန်ပြီး သုံးရက်နှင့် ခြောက်နာရီအတွင်းဖမ်းမိခဲ့ပြီး အသတ်ခံရသူ ၏ ဆမ်ဆောင်းဖုန်းဆော့ဖ်ဝဲအ သစ်လာတင်ရာမှတစ်ဆင့် ယုဇနပလာဇာ၌ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ဖမ်းမိခဲ့သည်။

မျိုးဇော်ဦးဇနီးကို ဖမ်းဆီး ထားခြင်း ရှိ၊ မရှိ မြောက်ဒဂုံရဲ စခန်းသို့ 7Day Daily သတင်းစာ က ဇန်နဝါရီ ၂၅ ရက် ညနေတွင် ဖုန်းဆက်မေးမြန်းရာ ‘‘အမှုက လူကြီးတွေကိုယ်တိုင် စစ်ဆေးနေ တာဖြစ်တဲ့အတွက် ဘာမှပြောလို့ မရပါဘူး။ သတင်းထုတ်ပြန်တဲ့ အခါတော့ သိရမှာပါ’’ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ဖြေကြား သည်။ ဇန်နဝါရီ ၂၄ ရက်တွင် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်း များ နေအိမ်၌ လာရောက်သိမ်း ဆည်းစဉ် ရပ်ကွက်နေပြည်သူများ က မျိုးဇော်ဦးကို မကျေနပ်၍ လူစုလူဝေးဖြစ်ပွားခဲ့ကြောင်း မြောက် ဒဂုံပတ္တမြားလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

‘‘ရပ်ကွက်နာမည်ပျက်တယ် ဆိုပြီး သူတို့နေတဲ့အိမ်ကို ဖြိုမယ် ဆိုပြီး လုပ်ကြတာ။ ရဲတွေက စည်းတွေတားပြီး ထိန်းပေးထားလို့ ဘာမှ မဖြစ်သွားဘူး။ ၂၅ ရက် မနက်မှာ သူ့မိန်းမကို စခန်းက လာခေါ်သွားတယ်။ ညနေအချိန် ထိတော့ ပြန်မရောက်သေးဘူး’’ ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးချက်များကို ဇန်နဝါရီ ၂၅ ရက်နေ့လယ်က  မိသားစုဝင်များအား မြောက်ဒဂုံရဲစခန်းက အသိပေးပြောကြားခဲ့ကြောင်း အသတ်ခံရသူ၏အဒေါ်က ပြောသည်။

‘‘အစောပိုင်းကတည်းက သံသယရှိတာပေါ့နော်။ ဒဏ်ရာ ဒဏ်ချက်က ပြင်းတာကိုး။ တစ် ယောက်တည်း မဟုတ်ဘူးလို့ထင် တာပေါ့။ ဒါပေမဲ့ တကယ့်တကယ်ပြန်ပြီး တွေးဆလိုက်တယ်။ အခု ဖမ်းမိလိုက်တဲ့အပေါ်မှာ တရားခံ ထွက်ဆိုချက်မှာ  တစ်ဆင့်ချင်းစဉ်းစားလိုက်တော့ ဖြစ်နိုင်ခြေ များပါတယ်။ ရုတ်တရက်ဆိုပူနေ တာပေါ့နော်။ ဒါပေမဲ့ တစ်ဆင့်ချင်း ပြန်စဉ်းစားလိုက်တဲ့အခါကျ တော့ တစ်ယောက်တည်းဖြစ်ဖို့ များပါတယ်’’ဟု အဒေါ်ဖြစ်သူက ပြောသည်။ကျူးလွန်သူကို ထိုက်သင့် သည့် ပြစ်ဒဏ်ချမှတ်စေကာ နောက်ထပ်ယခုကဲ့သို့ အဖြစ်အ ပျက်မျိုး ထပ်မံမဖြစ်ချင်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

‘‘ညမိုးချုပ်ရင် မိန်းကလေး တွေ အပြင်မထွက်တာ အကောင်းဆုံးပဲ’’ဟု ၎င်းက သတိပေးပြော ကြားသည်။

လူသတ်မှုကျူးလွန်သူ မျိုးဇော်ဦးကို မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၂၅ ရက် နံနက်က ရုံးထုတ်ရမန်ယူခဲ့ပြီး ရုံး ချိန်းကို ဖေဖော်ဝါရီ ၈ ရက်၌ ထပ်မံချိန်းဆိုထားသည်။

တက္ကစီမောင်းသူက အဓမ္မ ကျင့်သတ်ဖြတ်သောကြောင့် သေ ဆုံးခဲ့သည့် အသက် (၂၅)နှစ်အ ရွယ် FDA ဝန်ထမ်း မရွှေရည်ဝင်း အား ရည်စူး၍ လာမည့်ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌  ဝတ်ပြုဆုတောင်းမည် ဖြစ်ပြီး မည်သူမဆိုပူးပေါင်းပါဝင် နိုင်ကြောင်း မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် သူ မနှင်းရည်အေးက ပြောသည်။

ရွှေတိဂုံစေတီ ဗုဒ္ဓဟူးထောင့် ရင်ပြင်၌ မရွှေရည်ဝင်းအား ရည် စူး၍ သံဃာတော်သုံးပါးအား လှူဖွယ်ပစ္စည်းများ ကပ်လှူကာ သေဆုံးသူ ကျွတ်လွတ်စေရန် ဆုတောင်းပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ဆုတောင်းနေတဲ့အချိန်မှာ အစ်မတို့က ဗီနိုင်းတွေ ထောင် ထားမယ်။ သူက တစ်ဦးတည်း သော သမီး၊ သူ့မိဘတွေကလွဲရင် ဆုတောင်းပေးမယ့်သူမရှိဘူး’’ဟု မနှင်းရည်အေးက ပြောသည်။

မရွှေရည်ဝင်း သေဆုံးရ သည့် ဖြစ်ရပ်ကြောင့် မြန်မာအ မျိုးသမီးများ စောင့်ရှောက်ရေးအ ဖွဲ့ကို ဇန်နဝါရီ ၂၅ ရက်တွင် ဖွဲ့စည်းပြီး ၎င်းတို့အဖွဲ့က ဆုတောင်းပွဲပြီးလျှင် မရွှေရည်ဝင်းကို သတ်ဖြတ်သူ တက္ကစီယာဉ်မောင်း၏ တရားရုံးရုံးထုတ်တွင် ‘မုဒိမ်းကောင်များ သေဒဏ်ပေးရေး  လှုပ်ရှားမှု’ စတင်မည်ဟု မနှင်းရည်အေးက ပြောသည်။ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီကျော်အထိ ၎င်းတို့အဖွဲ့ လှုပ်ရှားမှုတွင် ပါဝင်လိုသူကို ၅၀ ခန့်ရှိပြီဟု အဖွဲ့ကို ဦးဆောင်သူ မနှင်းရည်အေးက ပြောသည်။

မြန်မာအမျိုးသမီးများ စွမ်း ဆောင်ရည်အဖွဲ့သို့ ဆက်သွယ် လိုပါက ၀၉-၉၇၀၉၀၇၇၆၆၊ ၀၉-၉၆၃၉၄၇၁၁၊ ၀၉- ၅၀၆၇၅၃ သို့ ဆက်သွယ်နိုင် ကြောင်း ယင်းအဖွဲ့က ကြေညာ ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇အတွင်း မုဒိမ်းမှုနှင့်လူသတ် မှုအများဆုံးဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု ၂၇၀ မှု၊ လူသတ်မှု ၁၅၆မှုရှိခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top