ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန (FDA) အေနနဲ႔ သည္ႏွစ္ကို Year of Safety ႏွစ္အျဖစ္ သတ္မွတ္ထားလို႔တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိတဲ့ ကုန္ပစၥည္းနဲ႔ ေဈးဆိုင္ေတြကိုအေရးယူမႈေတြတိုးလာႏိုင္တယ္လို႔ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက သိရပါတယ္။
ဒီႏွစ္ကို Year of Safety လို႔ သတ္မွတ္တယ္၊ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ Safety (ေဈးကြက္အတြင္း စံုစမ္းေထာက္လွမ္းျခင္း)လို႔ သတ္မွတ္တယ္၊ ဒါကေတာ့ ဘယ္ေတာ့မွရပ္မွာမဟုတ္ဘူး၊ ဆက္လုပ္သြားေနမယ္၊ အခုက Safety ပိုင္းကိုပိုသြားတယ္ဆိုတဲ့သေဘာေပါ့၊ Year of Education ကေတာ့ ဟိုအရင္ႏွစ္ေတြကတည္းကလုပ္ခဲ့တာေပါ့၊ ပညာေပးတယ္၊ ေနာက္ထပ္ PMS ဆိုၿပီး ေဈးကြက္နဲ႔ ထိေတြ႕တယ္၊ အခု Year of Safety ကို က်ေတာ့ တာဝန္ယူမႈတာဝန္ခံမႈေတြခံခိုင္းရမယ္၊ အဲဒီအတြက္ အေရးယူမႈေတြပိုမ်ားလာလိမ့္မယ္လို႔ အစားအေသာက္ႏွင့္ေဆးဝါး ကြပ္ကဲေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာဥကၠာၿဖိဳးက ေျပာပါတယ္။

သူကဆက္ၿပီး PMS ကေတာ့ ဆက္သြားေနမွာပဲ၊အဲဒီထဲမွ ၿပီးခဲ့တဲ့ႏွစ္က PMS မွာ ရွိခဲ့တဲ့အၾကြင္းအက်န္ေတြရွိမယ္၊ ဒီႏွစ္မွာအသစ္ေတြ႕တဲ့ဟာေတြရွိမယ္၊ ဒီႏွစ္မွာအသစ္ေတြ႕တဲ့ ဟာကေတာ့အသိပညာေပးတာ၊ ပစၥည္းသိမ္း လာက္တင္ မဟုတ္ဘဲနဲ႔ နည္းနည္းေလးအေရးယူမႈပိုင္းပိုလာလိမ့္မယ္၊ သူက safety ပိုင္းကိုပိုုၿပီးေတာ့ အာမခံခ်က္ေပးရတာျဖစ္တဲ့အ တြက္ေၾကာင့္ေပါ႔လို႔ ေျပာပါတယ္။သည္ႏွစ္မွာ အစားအေသာက္ဥပေဒနဲ႔ အလွကုန္ဥပေဒေတြလည္း ထြက္ရွိလာေတာ့မွာ ျဖစ္တဲ့အတြက္ ဥပေဒပိုင္းမွာ ပိုမိုုခိုင္မာလာၿပီး safety ပိုင္းကိုလည္း ပိုမိုၾကပ္မတ္ေဆာင္ရြက္ရမွာျဖစ္တဲ့အတြက္အသိပညာေပးမႈ အပိုင္းမွာေတာ့ အနည္း ငယ္ေလ်ာ့နည္းလာႏိုင္ တယ္။ ဒါ့အျပင္ safety ပိုင္းကိုေဆာင္ရြက္တဲ့အခါမွာ အာမခံခ်က္ရွိဖို႔အတြက္ FDA approve ဆိုတဲ့ စာတန္းကိုလည္း ကုန္ပစၥည္းေတြေပၚ႐ိုက္ႏွိပ္ေပးသြားမယ္လို႔ သိရပါတယ္။

Safety ကို အာမခံခ်က္ရွိဖို႔က ဘာလဲဆိုေတာ့ quality ကိုစစ္ႏိုင္တဲ့ ဓာတ္ခြဲခန္းတို႔က အက္ဖ္ဒီေအမွာပဲရွိတယ္၊ ဒါေပမဲ့လူေတြက အက္ဖ္ဒီေအ မေရာက္ခင္ မတိုင္ခင္မသြားခင္မွာ လူကိုယ္ တိုင္ကလဲ ပစၥည္းတစ္ခုကို ကိုင္လိုက္ၿပီဆိုတာနဲ႔ သိသာထင္ရွားစြာနဲ႔ ဒါကိုစားသံုးႏိုင္ဖို႔အေရးႀကီးတယ္၊ အဲဒီေတာ့ FDA approve ဆိုတဲ့ စာတန္းကိုအက္ဖ္ဒီေအေထာက္ခံခ်က္လုပ္ၿပီးသားေတြ တပ္ေပးဖို႔အတြက္ ဒီႏွစ္ထဲမွာလုပ္သြားဖို႔ရွိတယ္လို႔ ေဒါက္တာဥကၠာၿဖိဳးက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

# Unicode Version ဖြင့် ဖတ်ပါ #

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အနေနဲ့ သည်နှစ်ကို Year of Safety နှစ်အဖြစ် သတ်မှတ်ထားလို့တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ကုန်ပစ္စည်းနဲ့ ဈေးဆိုင်တွေကိုအရေးယူမှုတွေတိုးလာနိုင်တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။
ဒီနှစ်ကို Year of Safety လို့ သတ်မှတ်တယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ Safety (ဈေးကွက်အတွင်း စုံစမ်းထောက်လှမ်းခြင်း)လို့ သတ်မှတ်တယ်၊ ဒါကတော့ ဘယ်တော့မှရပ်မှာမဟုတ်ဘူး၊ ဆက်လုပ်သွားနေမယ်၊ အခုက Safety ပိုင်းကိုပိုသွားတယ်ဆိုတဲ့သဘောပေါ့၊ Year of Education ကတော့ ဟိုအရင်နှစ်တွေကတည်းကလုပ်ခဲ့တာပေါ့၊ ပညာပေးတယ်၊ နောက်ထပ် PMS ဆိုပြီး ဈေးကွက်နဲ့ ထိတွေ့တယ်၊ အခု Year of Safety ကို ကျတော့ တာဝန်ယူမှုတာဝန်ခံမှုတွေခံခိုင်းရမယ်၊ အဲဒီအတွက် အရေးယူမှုတွေပိုများလာလိမ့်မယ်လို့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောပါတယ်။

သူကဆက်ပြီး PMS ကတော့ ဆက်သွားနေမှာပဲ၊အဲဒီထဲမှ ပြီးခဲ့တဲ့နှစ်က PMS မှာ ရှိခဲ့တဲ့အကြွင်းအကျန်တွေရှိမယ်၊ ဒီနှစ်မှာအသစ်တွေ့တဲ့ဟာတွေရှိမယ်၊ ဒီနှစ်မှာအသစ်တွေ့တဲ့ ဟာကတော့အသိပညာပေးတာ၊ ပစ္စည်းသိမ်း လာက်တင် မဟုတ်ဘဲနဲ့ နည်းနည်းလေးအရေးယူမှုပိုင်းပိုလာလိမ့်မယ်၊ သူက safety ပိုင်းကိုပိုုပြီးတော့ အာမခံချက်ပေးရတာဖြစ်တဲ့အ တွက်ကြောင့်ပေါ့လို့ ပြောပါတယ်။သည်နှစ်မှာ အစားအသောက်ဥပဒေနဲ့ အလှကုန်ဥပဒေတွေလည်း ထွက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ဥပဒေပိုင်းမှာ ပိုမိုုခိုင်မာလာပြီး safety ပိုင်းကိုလည်း ပိုမိုကြပ်မတ်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အသိပညာပေးမှု အပိုင်းမှာတော့ အနည်း ငယ်လျော့နည်းလာနိုင် တယ်။ ဒါ့အပြင် safety ပိုင်းကိုဆောင်ရွက်တဲ့အခါမှာ အာမခံချက်ရှိဖို့အတွက် FDA approve ဆိုတဲ့ စာတန်းကိုလည်း ကုန်ပစ္စည်းတွေပေါ်ရိုက်နှိပ်ပေးသွားမယ်လို့ သိရပါတယ်။

Safety ကို အာမခံချက်ရှိဖို့က ဘာလဲဆိုတော့ quality ကိုစစ်နိုင်တဲ့ ဓာတ်ခွဲခန်းတို့က အက်ဖ်ဒီအေမှာပဲရှိတယ်၊ ဒါပေမဲ့လူတွေက အက်ဖ်ဒီအေ မရောက်ခင် မတိုင်ခင်မသွားခင်မှာ လူကိုယ် တိုင်ကလဲ ပစ္စည်းတစ်ခုကို ကိုင်လိုက်ပြီဆိုတာနဲ့ သိသာထင်ရှားစွာနဲ့ ဒါကိုစားသုံးနိုင်ဖို့အရေးကြီးတယ်၊ အဲဒီတော့ FDA approve ဆိုတဲ့ စာတန်းကိုအက်ဖ်ဒီအေထောက်ခံချက်လုပ်ပြီးသားတွေ တပ်ပေးဖို့အတွက် ဒီနှစ်ထဲမှာလုပ်သွားဖို့ရှိတယ်လို့ ဒေါက်တာဥက္ကာဖြိုးက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top