မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
ပညာအရည်အချင်းအမ်ျုးမျိုး
fb မှာ
အိမ်ထောင်သည်တွေမို့
ဒါတောင်
တချို့လည်း မေ့ပြီး မပိတ်မိလို့ online ဖြစ်နေတာမ်ျုး ရှိမယ်
ဒီနေ့ပဲ fri လက်ခံတယ်
အလိုက်မသိ
ပြီးတော့
ဆုံးဖြတ်လို့ မရပါဘူး
စော်ကားစရာလား
အဲ ဒါပေမယ့်
သားသမီးတွေရှိရက်နဲ့
အနုအရွတွေတင်နေပြီး
fb မှာဘဝတစ်ခု
လူချင်းတူပေမယ့် အသက်ရှုတာကွဲပါတယ်လေ
အဲဒီတော့
ရှိနေရပါတယ်
အဲဒါကြောင့်
Credit: သိမ့်​သိမ့်​သူ
# Unicode Version ဖြင့် ဖတ်ပါ #
ကျွန်မ ဒီ post ကို ဂုဏ်သိက္ခာရှိအမျိုးသမီးများအားလုံးကိုယ်စားရေးပါရစေရှင်
fb သုံးတာဟာ
အသက်အရွယ်အမျိုးမျိုး
အလုပ်အကိုင်အခြေအနေအမျိုးမျိုး
ပညာအရည်အချင်းအမျ်ုးမျိုး
ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို
ကျားမ မရွေး ဖြစ်နိုင်ပါတယ်
အခုတလော ကျွန်မအပါအဝင်
အမျိုးသမီး အတော်များများ
လူမှုရေးအလိုက်ကန်းဆိုးမသိတဲ့သူတွေကြောင့်
စိတ်အနှောင့်ယှက်အများကြီး ကြုံနေကြရပါတယ်
fb မှာ
လူမျိုးစုံ စရိုက်မျိုးစုံရှိနိုင်တယ်ဆိုပေမယ့်
မုဆိုးလုပ်ချင်သူများဟာ
ကိုယ့်သားကောင်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို
သူမတို့ရဲ့wall ထဲ တစ်ချက်ဝင်ကြည့်နိုင်ပါတယ်
သူမတို့ profile ဘာတင်ထားသလဲ အစစ်လား
မိသားစုပုံ ကလေးပုံတွေတင်ထားသလား
married လို့ရေးထားသလား
တစ်ချက်ကြည့်လိုက်ရင် အကြမ်းဖျဉ်းတော့ ခန့်မှန်းလို့ရပါတယ်
အိမ်ထောင်သည်တွေမို့
သွားမပတ်သက်ရဘူးလား မခင်မင်ရဘူးလားလို့ မဆိုလိုပါ
ဒီလိုင်းပေါ်မှာပဲ ရိုးသားစွာနဲ့ နက်ရှိုင်းစွာခင်မင်နေတဲ့သူတွေ အများကြီးပါ
ဒါတောင်
တစ်ဘက်က အိမ်ထာင်ဖက်ရဲ့ သဘောထားကို ထည့်တွက်ပေးရဦးမယ်
အဲဒါကို ကိုယ်က အချိန်မတော် အခါမရွေး
တဟိုင်းဟိုင်း သွားလုပ်မနေသင့်ပါဘူး
တစ်ချို့ အင်မတန်စိတ်ဓာတ်နိမ့်ကျတဲ့သူတွေရှိပါတယ်
သူတို့ ဟိုင်းတာကို ပြန်မဟိုင်းရင် ဆဲသွားတာမျိုး
ကိုယ်ကသာ အားလို့ လိုင်းပေါ်တက်အချိန်ဖြုန်း ဟိုင်းနေတာ
တစ်ဘက်က ဘာလုပ်နေလဲ ကိုယ်မှမမြင်ရတာလေ
သူတခုခု လုပ်စရာရှိလို့ ခနဖွင့်လိုက်တာမျိုးရှိမယ်
တချို့လည်း မေ့ပြီး မပိတ်မိလို့ online ဖြစ်နေတာမျ်ုး ရှိမယ်
စိတ်ဝင်တစား စာဖတ်နေတာမျိုး ရှိမယ်
post တစ်ခုခု ရေးတင်နေတာမျိုး ရှိမယ်
အခြေအနေ အမျိုးမျိုး ရှိနိုင်တာပေါ့
ကိုယ်အားနေပေမယ့် သူအားချင်မှ အားမှာလေ
ဒါလေးတွေ သိထားသင့်တယ်
ဒီနေ့ပဲ fri လက်ခံတယ်
နောက်နေ့ cb ကနေ ဇွတ်ဝင်ပြီး
တောင်ပြောမြောက်ပြော ရိသဲ့သဲ့ပြော
ယဉ်ကျေးစွာ ငြင်းပယ်လို့တောင်
အလိုက်မသိ
ဒါမျိုးလည်း ရှိတတ်သေး
ပြီးတော့
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဆုံးဖြတ်လို့ မရပါဘူး
အလှပုံတွေ တအားတင်နေလို့လည်း
အထင်အမြင်သေး အကဲစမ်းမဆက်ဆံသင့်ပါဘူး
လူတိုင်း ကိုယ့်ဝါသနာနဲ့ကိုယ်ပဲလေ
ဒါ သူတို့လွတ်လပ်ခွင့်ပဲ
ဘယ်သူ့မှ ထိပါးနေတာမှ မဟုတ်တာ
ကျွန်မ fri အမျိုးသမီးလေးတစ်ချို့ဆို လှတယ်
ဝါသနာအရသာ ပုံတွေတင်နေတာ
သူတို့သရုပ်အမှန်ကို ဖုံးကွယ်မထားပါဘူး
သူတို့သားသမီးပုံလေးတွေ တစ်ခါတရံတင်တယ်
အဲဒါကို cmt ကနေ မဆီမဆိုင် အပျိုကြီးလား သွားမေးနေသေးတာ
ဟိုကလည်း အမှန်အတိုင်းဖြေတာပဲ မညာဘူး
ဒါမျိုးကျွန်မ သိပ်လေးစားတယ်
အဲဒီလို single mom ပါလို့
ပေါ်တင်ဖွင့်ပြောတတ်တဲ့
ဂုဏ်သိက္ခာရှိ အမျိုးကောင်းသမီးတွေကို
နှမသားချင်းစာနာစိတ်နဲ့ ဖေးမရမှာ မဟုတ်ဘူးလား
သူ့အကြောင်းနဲ့သူ ယောက်ျားမရှိတိုင်း
စော်ကားစရာလား
သူတို့ အဲဒီလိုစိတ်မရှိလို့ ဒါကျွန်မသား
ဒါကျွန်မသမီးလို့ ထုတ်ပြတာလေ
အဲ ဒါပေမယ့်
သားသမီးတွေရှိရက်နဲ့
ကိုယ့်ကိုယ်ကို အပျိုလုပ် လိုင်းပေါ်တက်
အနုအရွတွေတင်နေပြီး
fb မှာဘဝတစ်ခု
အပြင်မှာ ဘဝတစ်ခုနဲ့နေနေတဲ့
အမျိုးသမီးမျိုးတွေလည်း ရှိမှာပါပဲ
လူချင်းတူပေမယ့် အသက်ရှှုတာကွဲပါတယ်လေ
အဲဒီတော့
လူရွေးပြီး target ထားသင့်ပါတယ်
တစ်ချို့အိမ်ထောင်ရှင်အမျိုးသမီးတွေဆို
ဒီလိုနှောင့်ယှက်မှုတွေ ကြုံရလွန်းလို့
လိုင်းတောင်မဖွင့်ရဲတဲ့ အခြေအနေမျိုး
ရှိနေရပါတယ်
ကိုယ့်ကြောင့် သူတစ်ပါးရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးတာမျိုး
သူတစ်ပါးရဲ့ အိမ်ထောင်ရေး အဖုအထစ်ဖြစ်ရတာမျိုး
လုံးဝ (လုံးဝ) မဖြစ်သင့်ဘူးလို့
ကျွန်မကတော့ မြင်မိပါတယ်
အဲဒါကြောင့်
ဂုဏ်သိက္ခာရှိသော အမျိုးသမီးများအားလုံးရဲ့ကိုယ်စား
အချို့ အချို့သော အလိုက်ကန်းဆိုးမသိတဲ့ သူများကို ဆိုလိုပါတယ်ရှင်
( ဂုဏ်သိက္ခာရှိ လူကြီးလူကောင်းများကို မဆိုလိုပါ)
(ပြန်လည်မျှဝေပေးပါသည်။)
ဖိုးသူတော် (www.phothutaw.com)
Credit: သိမ့်သိမ့်သူ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top