iMyanmarHouse.com - Best Property Website for Myanmar
×

အေမကလြန္တာလား သားကလြန္္တာလား။

ကုိယ္ေတြ Social Media သံုးၾကတယ္ဆိုတာက အကန္႔အသတ္ရွိပါတယ္။ဒါေပမယ့္ အသက္ၾကီးတဲ့သူေတြကေတာ့ Social Media ကုိ တစ္မ်ိဳးၾကီးျဖစ္ေအာင္သံုးေလ့ရွိၾကပါတယ္။ခံစားခ်က္ေတြ ဓာတ္ပံုေတြအသားကုန္တင္တာမ်ိဳး၊သိသိမသိသိ လိုက္ tag ေနတာမ်ိဳးနဲ႔။ ဒီတစ္ခါျဖစ္ရပ္ကေတာ့အဆန္းတၾကယ္ပါပဲ။ Facebook မွာ သူ႔ဓာတ္ပံုေတြ တရစပ္တင္ေနတဲ့ အေမလုပ္သူကို သားျဖစ္သူကသည္းခံနိုင္စြမ္္းကုန္ခမ္းလာတဲ့ေနာက္မွာေတာ့ ျမိဳ႕နယ္တရားရံုးကုိ ဦးတိုက္ေလွ်ာက္ထားခဲ့တာပါ။အေမကေတာ့ သူ႔သားကို ခ်စ္လြန္းလုိ႔ အရိပ္တၾကည့္ၾကည့္နဲ႔တင္တာလားေတာ့မသိဘူးေပါ့ေလ။ ဒါေပမယ့္သားျဖစ္သူအေနနဲ႔ေတာ့ အားေနဓာတ္ပံုလုိက္ရိုက္ေနတဲ့အေမေၾကာာင့္ အိမ္မွာေတာင္ လြပ္လြပ္လပ္လပ္မေနရတဲ့အျဖစ္မ်ိဳးျဖစ္ေနတာပါပဲ။

အီတလီနုိင္ငံက အသက္ဆယ့္ေျခာက္နွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာသူ႔အေမရဲ႕ Social Media အလြန္အက်ြံသံုးစြဲမႈ သူ႔ခြင့္ျပဳခ်က္မရပဲ သူ႔ဓာတ္ပံုေတြတရစပ္တင္ေနတာကုိရပ္တန္႔ေစလုိမႈနဲ႔တရားရံုးကုိ ဦးတိုက္ေလွ်ာက္ထားခဲ့ရာမွာ တရားရံုးက သူ႔အေမကို ပထမအၾကိမ္သတိေပးမႈျပဳလုပ္ခဲ့ပါတယ္။တကယ္လို႔ သူ႔သားရဲ႕ ဓာတ္ပံုေတြကိုဆက္တင္ေနဦးမယ္ဆိုရင္ေတာ့ သူမကို ယူရို 10000 ဒဏ္ေငြရိုက္မွာျဖစ္ေၾကာင္းသတိေပးခဲ့ပါတယ္။အေမလုပ္သူအေနနဲ႔ သူ႔သားရဲ႕ဓာတ္ပံုေတြကို အကုန္အစင္ဖ်က္ခ်ေပးရမွာလည္းျဖစ္ပါတယ္။

Facebook ရဲ႕ ဥပေဒအရ ဓာတ္ပံုရဲ႕ မူပိုင္ခြင့္ဟာ ဓာတ္ပံုထဲကလူမွာသာရွိတယ္လို႔သတ္မွတ္္ထားတာေၾကာင့္ဒီလိုတရားစြဲလို႔ရသြားတာပါ

သားကေခ်ာတာကုိး။ အေမကလည္းတင္ခ်င္မွာေပါ့လို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: buzzy

# Unicode Version ျဖင့္ ဖတ္ပါ #
အမေကလွန်တာလား သားကလွန်တာလား။

ကိုယ်တွေ Social Media သုံးကြတယ်ဆိုတာက အကန့်အသတ်ရှိပါတယ်။ဒါပေမယ့် အသက်ကြီးတဲ့သူတွေကတော့ Social Media ကို တစ်မျိုးကြီးဖြစ်အောင်သုံးလေ့ရှိကြပါတယ်။ခံစားချက်တွေ ဓာတ်ပုံတွေအသားကုန်တင်တာမျိုး၊သိသိမသိသိ လိုက် tag နေတာမျိုးနဲ့။ ဒီတစ်ခါဖြစ်ရပ်ကတော့အဆန်းတကြယ်ပါပဲ။ Facebook မှာ သူ့ဓာတ်ပုံတွေ တရစပ်တင်နေတဲ့ အမေလုပ်သူကို သားဖြစ်သူကသည်းခံနိုင်စွမ်းကုန်ခမ်းလာတဲ့နောက်မှာတော့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာပါ။အမေကတော့ သူ့သားကို ချစ်လွန်းလို့ အရိပ်တကြည့်ကြည့်နဲ့တင်တာလားတော့မသိဘူးပေါ့လေ။ ဒါပေမယ့်သားဖြစ်သူအနေနဲ့တော့ အားနေဓာတ်ပုံလိုက်ရိုက်နေတဲ့အမေကြောာင့် အိမ်မှာတောင် လွပ်လွပ်လပ်လပ်မနေရတဲ့အဖြစ်မျိုးဖြစ်နေတာပါပဲ။

အီတလီနိုင်ငံက အသက်ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာသူ့အမေရဲ့ Social Media အလွန်အကျွံသုံးစွဲမှု သူ့ခွင့်ပြုချက်မရပဲ သူ့ဓာတ်ပုံတွေတရစပ်တင်နေတာကိုရပ်တန့်စေလိုမှုနဲ့တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာမှာ တရားရုံးက သူ့အမေကို ပထမအကြိမ်သတိပေးမှုပြုလုပ်ခဲ့ပါတယ်။တကယ်လို့ သူ့သားရဲ့ ဓာတ်ပုံတွေကိုဆက်တင်နေဦးမယ်ဆိုရင်တော့ သူမကို ယူရို 10000 ဒဏ်ငွေရိုက်မှာဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။အမေလုပ်သူအနေနဲ့ သူ့သားရဲ့ဓာတ်ပုံတွေကို အကုန်အစင်ဖျက်ချပေးရမှာလည်းဖြစ်ပါတယ်။

Facebook ရဲ့ ဥပဒေအရ ဓာတ်ပုံရဲ့ မူပိုင်ခွင့်ဟာ ဓာတ်ပုံထဲကလူမှာသာရှိတယ်လို့သတ်မှတ်ထားတာကြောင့်ဒီလိုတရားစွဲလို့ရသွားတာပါ

သားကချောတာကိုး။ အမေကလည်းတင်ချင်မှာပေါ့လို့။

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top