ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မကၽြတ္လြတ္ ႏုိင္ေသးတဲ့ ၀ိညာဥ္ေတြဟာ လက္၀တ္ရတနာ ပစၥည္းေလးေတြကအစ ပန္းခ်ီကားလို အရာမ်ိဳးထိ ဘယ္လို အရာမ်ိဳး မွာမဆို တည္မွီ ေနႏိုင္ပါတယ္။ Dibbuk Box ဆိုတဲ့ ၀ိုင္ထည့္တဲ့ ေသတၱာေလး အေၾကာင္း ဖတ္ၾကည့္ ၾကပါဦး။

ေသဆံုးၿပီး တာေတာင္မွ မကၽြတ္လြတ္ ႏိုင္ေသးတဲ့ တေစၧ ဒါမွမဟုတ္ ပရေလာကသား တစ္ေကာင္ေကာင္ဟာ သက္ရွိေတြ ၾကားမွာ ဆက္ တြယ္မွီ ခ်င္ေနတဲ့အခါ သရဲေျခာက္တယ္ ဆိုတဲ့ အျဖစ္ေတြ ျဖစ္လာ ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက သရဲေျခာက္ တယ္လို႔ ဆိုလိုက္ရင္ အိမ္ ေတြ၊ အေဆာက္အဦး ေတြမွာ ေျခာက္တာကိုပဲ သတိရ တတ္ၾကပါတယ္။

တကယ္ေတာ့ မကၽြတ္လြတ္ ႏိုင္ေသးတဲ့ ၀ိညာဥ္ ေတြဟာ လက္ ၀တ္ ရတနာ ပစၥည္းေလး ေတြကအစ ပန္းခ်ီကားလို အရာမ်ိဳးထိ ဘယ္လို အရာမ်ိဳး မွာမဆို တည္မွီ ေနႏိုင္ပါတယ္။ အေျခာက္ အၾကမ္းဆံုး ပစၥည္း ၁၀မ်ိဳးထဲက Dibbuk Box ဆိုတဲ့ ပစၥည္းေလး အေၾကာင္း ဖတ္ၾကည့္ ၾကပါဦး။

Dibbuk Box ဆိုတာ တကယ္ေတာ့ ၀ုိင္ေသတၱာ တစ္လံုးပါပဲ။ ဂ်ဴးလူမ်ိဳး ေတြရဲ့ ရိုးရာ ပံုျပင္ေတြ အလိုအရ ဆိုရင္ေတာ့ အဲဒီေသတၱာမွာ မွီခုိ ေနေနတဲ့ ၀ိညာဥ္ (တေစၧ) က လူေတြကို ေျခာက္လွန္႔ၿပီး အပမွီ သလို ျဖစ္ေအာင္ထိ ဖမ္းစား ႏိုင္တာမို႔ ေၾကာက္စရာ ေသတၱာမ်ိဳးပါ။ တစ္ခါ ေတာ့ Dibbuk Box တစ္လံုးဟာ သူ႔ရဲ့ ေၾကာက္စရာ ေနာက္ေၾကာင္း ရာဇ၀င္နဲ႔ အတူ eBay ေပၚေရာက္လာၿပီး လူသိမ်ား လာခဲ့ပါတယ္။

ဇာတ္လမ္း စတာ ကေတာ့ ေရွးေဟာင္း ပစၥည္း ပြဲစားတစ္ေယာက္ ၂၀၀၁ခုႏွစ္ စက္တင္ဘာ ေလာက္မွာ Portland, Oregon မွာလုပ္တဲ့ ေရွးေဟာင္း ပစၥည္း အေရာင္းပြဲ တစ္ခုကို သြားခဲ့တာက စတာပါ။ အဲဒီ အေရာင္းပြဲမွာ အသက္ (၁၀၃) ႏွစ္ ရွိၿပီျဖစ္တဲ့ ဂ်ဴးအဘြားအို တစ္ဦးရဲ့ ပစၥည္း ေတြကို ခ်ေရာင္း တာပါ။

ျဖစ္ခ်င္ေတာ့ အဲဒီ ပြဲစားက ျပသထားတဲ့ ပစၥည္းေတြ ထဲကမွ ဘာမွ သိပ္မထူးဆန္းတဲ့ ရိုးရိုး ၀ိုင္ေသတၱာ ေလးတစ္လံုးကို ၀ယ္လိုက္တယ္။ သူ ေသတၱာကို ၀ယ္ၿပီး သြားတဲ့ အခ်ိန္က်မွ အဘြားအိုရဲ့ တူမ လုပ္သူက သိသြားၿပီး သူမအဘြားရဲ့ ေနာက္ေၾကာင္း ေတြကို သူ႔ကို ျပန္ေျပာျပ ပါတယ္။

သူမ အဘြားက ဒုတိယ ကမၻာစစ္ အတြင္းတုန္းက နာဇီ အက်ဥ္းစခန္း ကေန တစ္မိသားစုလံုးမွာ သူတစ္ ေယာက္တည္း အသက္ရွင္ က်န္ရစ္ ခဲ့တဲ့ ဂ်ဴးအမ်ိဳး သမီးၾကီး ပါတဲ့။ သူမ အေမရိကကို ေျပာင္းေရႊ႔ လာတဲ့ အခ်ိန္မွာ အဲဒီ ၀ုိင္ေသတၱာနဲ႔ တျခား ပစၥည္းေလး ႏွစ္ခုကိုပဲ သူနဲ႔အတူ ယူ လာ ခဲ့တယ္။

သူ႔အဘြားက အဲဒီ ေသတၱာကို အၿမဲတမ္း ဖြက္ထားတတ္ၿပီး ဘယ္ေတာ့မွ မဖြင့္ရ ဘူးလို႔ အထပ္ထပ္ အခါခါ မွာထား ပါတယ္ တဲ့။ ဘာလို႔လဲ ဆိုေတာ့ အဲဒီ ေသတၱာထဲမွာ Dibbuk လို႔ေခၚတဲ့ မေကာင္းဆိုး၀ါး ရွိေနတယ္ လို႔လည္း ေျပာပါတယ္တဲ့။

အဘြား လုပ္သူ က အဲဒီ ေသတၱာကို သူနဲ႔အတူ ေျမျမွဳပ္ေပးဖို႔ ေတာင္းဆို ခဲ့ေပမယ့္ အဲဒီလို လုပ္ရင္ ဂ်ဴးေတြရဲ့ အစဥ္အလာကို ေဖာက္ဖ်က္ရာ က်တာမို႔ မလုပ္ေပး ခဲ့ ၾကဘူး။ ပိုင္ရွင္ အဘြားအိုရဲ့ ဇာတ္လမ္းကို သိၿပီးသြားတဲ့ အခ်ိန္မွာ ၀ယ္တဲ့သူက သူ႔အဘြားရဲ႕ အမွတ္တရ ပစၥည္းမို႔ ျပန္သိမ္း ထားခ်င္ပါ သ လားလို႔ ေမးတဲ့အခါ သူမက အလြန္အမင္း ေဒါသ ထြက္သြားၿပီး`ဒီပစၥည္းကို ရွင္၀ယ္ ၿပီးသားပဲ။ ယူကို ယူရမယ္´ လို႔ အေၾကာက္အကန္ ျငင္း ဆန္ခဲ့တယ္။

အဲဒါနဲ႔ ပြဲစားဟာ ပစၥည္းကို ယူလာၿပီး သူ႔ဆိုင္ကိုသူ ျပန္လာ ခဲ့ပါတယ္။ အဲဒီေသတၱာ ကိုေတာ့ သူ႔ဆိုင္ရဲ႕ ေျမေအာက္ခန္း ထဲမွာပဲ သိမ္းထား လိုက္တယ္။ အဲဒီအခ်ိန္ ကစလို႔ ထူးဆန္းၿပီး ေၾကာက္စရာ ေကာင္းတဲ့ အျဖစ္အပ်က္ေတြ စျဖစ္လာ ေတာ့တာပါပဲ။ သူ႔ ဆိုင္ လက္ေထာက္က သူ႔ကို လွမ္းေခၚၿပီး မီးေတြ သူ႔အလိုလို မွိတ္သြားေၾကာင္း၊ security gate လည္း သူ႔အလိုလို ေလာ့ခ္က် သြားေၾကာင္း၊ ေျမေအာက္ခန္း ထဲက ေနၿပီး ေၾကာက္စရာ အသံဆိုး ၾကီးေတြ ၾကားရေၾကာင္း ေၾကာက္အား လန္႔အားနဲ႔ ေျပာျပတယ္။

အဲဒါနဲ႔ သူသြားၾကည့္ တဲ့အခါ ေလထဲမွာ ေအာ့ ႏွလံုး နာစရာ ေၾကာင္ေသးနံ႔က ေထာင္းလေမာင္း ထေနတဲ့ အျပင္ အခန္းထဲက မီးလံုးေတြ အကုန္လံုးလည္း ရိုက္ခြဲ ခံထားရ သလို ေၾကမြ ေနတယ္။ အဲဒီေနာက္ေတာ့ ပြဲစားက ၀ိုင္ေသတၱာကို သူ႔အေမကို လက္ေဆာင္ေပး လိုက္ပါတယ္။ သိပ္မ ၾကာပါဘူး … သူ႔အေမ ေလျဖတ္ ၿပီး ေဆးရံုတင္ လိုက္ရပါတယ္။

ေဆးရံုေပၚမွာ သူမဟာ “ H A T E G I F T ” လို႔ မ်က္ရည္ေတြ တားမႏိုင္ ဆီးမရ က်လာရင္း ေျပာတယ္။ ပြဲစားဟာ သူ႔အေမ ျဖစ္ရပ္ၿပီး ေနာက္ပိုင္း မွာလည္း အဲဒီ ေသတၱာကို လူေတြ အမ်ားၾကီးကို လက္ေဆာင္ ေပးၾကည့္ ခဲ့ေပမယ့္ သိပ္မၾကာ ခင္ မွာပဲ အားလံုးက သူ႔ဆီ ျပန္လာ ေပးၾကတယ္။ အဲဒီလူ ေတြက အဲဒီေသတၱာမွာ မေကာင္းဆိုး၀ါး တစ္ခုခု ကပ္ညိ ေနတယ္လို႔ ခံစားၾကရၿပီး မ ႏွစ္ၿမိဳ႕ ၾကဘူး။

ေသတၱာ သူ႔လက္ထဲ ျပန္ေရာက္ လာတာနဲ႔ အိပ္မက္ဆိုးေတြ စမက္ေတာ့ တာပါပဲ။ ေနာက္ပိုင္း သူသိလာတာက အဲဒီလို အိပ္မက္ဆိုးေတြကို မက္တာ သူတစ္ဦးတည္း မဟုတ္ဘဲ ေသတၱာနဲ႔ နီးနီးစပ္စပ္ ရွိေနတဲ့ သူ႔မိသားစုေတြ အားလံုးပါ အတူတူ မက္ၾကတာပါပဲ။ အဲဒီေနာက္ေတာ့ သူ႔အနားမွာ အရိပ္ေတြ ရွိေနသလို ျမင္ေယာင္ လာတယ္။ ေနာက္ဆံုးေတာ့ ဘာမွန္းမသိတဲ့ ေၾကာက္စရာ တစ္ခုခုေတာ့ ျဖစ္ေနၿပီဆိုတာ သူ လက္ခံ လိုက္ရတယ္။ တစ္ေန႔ေတာ့ အဲဒီအေၾကာင္းကို အြန္လိုင္းမွာ ေလွ်ာက္ရွာ ၾကည့္ေနရင္းနဲ႔ ကြန္ပ်ဴတာ ေရွ႕မွာပဲ သူအိပ္ေပ်ာ္ သြားခဲ့ တယ္။

သူႏိုးလာေတာ့ တစ္ေယာက္ေယာက္က လည္ပင္းေပၚမွာ တက္ၿပီး အသက္ရႈ ေနတယ္လို႔ ခံစားလိုက္ ရတယ္။ သူလွည့္ၾကည့္ လိုက္တဲ့ အခ်ိန္မွာ ၾကီးမားတဲ့ အရိပ္ၾကီး တစ္ခု သူ႔ေပၚကေန ဆင္းၿပီး အခန္း ထဲကေန ရုတ္တရက္ ထြက္ေျပး သြားတာကို ေတြ႔လုိက္ ရပါတယ္။

အဲဒီ ေနာက္ေတာ့ သူလည္း အဲဒီေသတၱာကို စရလာတဲ့ အခ်ိန္ ကေနစၿပီး ျဖစ္ပ်က္သမွ် အေၾကာင္းစံုနဲ႔ အတူ ေသတၱာကို Ebay မွာ တင္လိုက္ ပါတယ္။ Missouri ေဆးျပတိုက္က ျပတိုက္မႈး Jason Haxton က အဲဒီ ေသတၱာကို ၀ယ္ယူလိုက္ၿပီး Dibbuk box ရဲ့ ထူးဆန္းတဲ့ အေၾကာင္း ေတြကို The possession ဆိုတဲ့ နာမည္နဲ႔ ၂၀၁၂ မွာ စာအုပ္ ထုတ္ေ၀ခဲ့ ပါတယ္။ ဒီေသတၱာေလးဟာ လက္ရွိအခ်ိန္မွာေတာ့ လတ္စ္ဗီးဂတ္စ္က Zak Bagan’s Paranormal ျပတုိက္မွာ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ei Pont(MYMC)

# Unicode Version ျဖင့္ ဖတ္ပါ #
မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ်တွေဟာ လက်ဝတ်ရတနာ ပစ္စည်းလေးတွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ Dibbuk Box ဆိုတဲ့ ဝိုင်ထည့်တဲ့ သေတ္တာလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

သေဆုံးပြီး တာတောင်မှ မကျွတ်လွတ် နိုင်သေးတဲ့ တစ္ဆေ ဒါမှမဟုတ် ပရလောကသား တစ်ကောင်ကောင်ဟာ သက်ရှိတွေ ကြားမှာ ဆက် တွယ်မှီ ချင်နေတဲ့အခါ သရဲခြောက်တယ် ဆိုတဲ့ အဖြစ်တွေ ဖြစ်လာ ပါတယ်။ တော်တော်များများက သရဲခြောက် တယ်လို့ ဆိုလိုက်ရင် အိမ် တွေ၊ အဆောက်အဦး တွေမှာ ခြောက်တာကိုပဲ သတိရ တတ်ကြပါတယ်။

တကယ်တော့ မကျွတ်လွတ် နိုင်သေးတဲ့ ဝိညာဉ် တွေဟာ လက် ဝတ် ရတနာ ပစ္စည်းလေး တွေကအစ ပန်းချီကားလို အရာမျိုးထိ ဘယ်လို အရာမျိုး မှာမဆို တည်မှီ နေနိုင်ပါတယ်။ အခြောက် အကြမ်းဆုံး ပစ္စည်း ၁၀မျိုးထဲက Dibbuk Box ဆိုတဲ့ ပစ္စည်းလေး အကြောင်း ဖတ်ကြည့် ကြပါဦး။

Dibbuk Box ဆိုတာ တကယ်တော့ ဝိုင်သေတ္တာ တစ်လုံးပါပဲ။ ဂျူးလူမျိုး တွေရဲ့ ရိုးရာ ပုံပြင်တွေ အလိုအရ ဆိုရင်တော့ အဲဒီသေတ္တာမှာ မှီခို နေနေတဲ့ ဝိညာဉ် (တစ္ဆေ) က လူတွေကို ခြောက်လှန့်ပြီး အပမှီ သလို ဖြစ်အောင်ထိ ဖမ်းစား နိုင်တာမို့ ကြောက်စရာ သေတ္တာမျိုးပါ။ တစ်ခါ တော့ Dibbuk Box တစ်လုံးဟာ သူ့ရဲ့ ကြောက်စရာ နောက်ကြောင်း ရာဇဝင်နဲ့ အတူ eBay ပေါ်ရောက်လာပြီး လူသိများ လာခဲ့ပါတယ်။

ဇာတ်လမ်း စတာ ကတော့ ရှေးဟောင်း ပစ္စည်း ပွဲစားတစ်ယောက် ၂၀၀၁ခုနှစ် စက်တင်ဘာ လောက်မှာ Portland, Oregon မှာလုပ်တဲ့ ရှေးဟောင်း ပစ္စည်း အရောင်းပွဲ တစ်ခုကို သွားခဲ့တာက စတာပါ။ အဲဒီ အရောင်းပွဲမှာ အသက် (၁၀၃) နှစ် ရှိပြီဖြစ်တဲ့ ဂျူးအဘွားအို တစ်ဦးရဲ့ ပစ္စည်း တွေကို ချရောင်း တာပါ။

ဖြစ်ချင်တော့ အဲဒီ ပွဲစားက ပြသထားတဲ့ ပစ္စည်းတွေ ထဲကမှ ဘာမှ သိပ်မထူးဆန်းတဲ့ ရိုးရိုး ဝိုင်သေတ္တာ လေးတစ်လုံးကို ဝယ်လိုက်တယ်။ သူ သေတ္တာကို ဝယ်ပြီး သွားတဲ့ အချိန်ကျမှ အဘွားအိုရဲ့ တူမ လုပ်သူက သိသွားပြီး သူမအဘွားရဲ့ နောက်ကြောင်း တွေကို သူ့ကို ပြန်ပြောပြ ပါတယ်။

သူမ အဘွားက ဒုတိယ ကမ္ဘာစစ် အတွင်းတုန်းက နာဇီ အကျဉ်းစခန်း ကနေ တစ်မိသားစုလုံးမှာ သူတစ် ယောက်တည်း အသက်ရှင် ကျန်ရစ် ခဲ့တဲ့ ဂျူးအမျိုး သမီးကြီး ပါတဲ့။ သူမ အမေရိကကို ပြောင်းရွှေ့ လာတဲ့ အချိန်မှာ အဲဒီ ဝိုင်သေတ္တာနဲ့ တခြား ပစ္စည်းလေး နှစ်ခုကိုပဲ သူနဲ့အတူ ယူ လာ ခဲ့တယ်။

သူ့အဘွားက အဲဒီ သေတ္တာကို အမြဲတမ်း ဖွက်ထားတတ်ပြီး ဘယ်တော့မှ မဖွင့်ရ ဘူးလို့ အထပ်ထပ် အခါခါ မှာထား ပါတယ် တဲ့။ ဘာလို့လဲ ဆိုတော့ အဲဒီ သေတ္တာထဲမှာ Dibbuk လို့ခေါ်တဲ့ မကောင်းဆိုးဝါး ရှိနေတယ် လို့လည်း ပြောပါတယ်တဲ့။

အဘွား လုပ်သူ က အဲဒီ သေတ္တာကို သူနဲ့အတူ မြေမြှုပ်ပေးဖို့ တောင်းဆို ခဲ့ပေမယ့် အဲဒီလို လုပ်ရင် ဂျူးတွေရဲ့ အစဉ်အလာကို ဖောက်ဖျက်ရာ ကျတာမို့ မလုပ်ပေး ခဲ့ ကြဘူး။ ပိုင်ရှင် အဘွားအိုရဲ့ ဇာတ်လမ်းကို သိပြီးသွားတဲ့ အချိန်မှာ ဝယ်တဲ့သူက သူ့အဘွားရဲ့ အမှတ်တရ ပစ္စည်းမို့ ပြန်သိမ်း ထားချင်ပါ သ လားလို့ မေးတဲ့အခါ သူမက အလွန်အမင်း ဒေါသ ထွက်သွားပြီး`ဒီပစ္စည်းကို ရှင်ဝယ် ပြီးသားပဲ။ ယူကို ယူရမယ်´ လို့ အကြောက်အကန် ငြင်း ဆန်ခဲ့တယ်။

အဲဒါနဲ့ ပွဲစားဟာ ပစ္စည်းကို ယူလာပြီး သူ့ဆိုင်ကိုသူ ပြန်လာ ခဲ့ပါတယ်။ အဲဒီသေတ္တာ ကိုတော့ သူ့ဆိုင်ရဲ့ မြေအောက်ခန်း ထဲမှာပဲ သိမ်းထား လိုက်တယ်။ အဲဒီအချိန် ကစလို့ ထူးဆန်းပြီး ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ စဖြစ်လာ တော့တာပါပဲ။ သူ့ ဆိုင် လက်ထောက်က သူ့ကို လှမ်းခေါ်ပြီး မီးတွေ သူ့အလိုလို မှိတ်သွားကြောင်း၊ security gate လည်း သူ့အလိုလို လော့ခ်ကျ သွားကြောင်း၊ မြေအောက်ခန်း ထဲက နေပြီး ကြောက်စရာ အသံဆိုး ကြီးတွေ ကြားရကြောင်း ကြောက်အား လန့်အားနဲ့ ပြောပြတယ်။

အဲဒါနဲ့ သူသွားကြည့် တဲ့အခါ လေထဲမှာ အော့ နှလုံး နာစရာ ကြောင်သေးနံ့က ထောင်းလမောင်း ထနေတဲ့ အပြင် အခန်းထဲက မီးလုံးတွေ အကုန်လုံးလည်း ရိုက်ခွဲ ခံထားရ သလို ကြေမွ နေတယ်။ အဲဒီနောက်တော့ ပွဲစားက ဝိုင်သေတ္တာကို သူ့အမေကို လက်ဆောင်ပေး လိုက်ပါတယ်။ သိပ်မ ကြာပါဘူး … သူ့အမေ လေဖြတ် ပြီး ဆေးရုံတင် လိုက်ရပါတယ်။

ဆေးရုံပေါ်မှာ သူမဟာ “ H A T E G I F T ” လို့ မျက်ရည်တွေ တားမနိုင် ဆီးမရ ကျလာရင်း ပြောတယ်။ ပွဲစားဟာ သူ့အမေ ဖြစ်ရပ်ပြီး နောက်ပိုင်း မှာလည်း အဲဒီ သေတ္တာကို လူတွေ အများကြီးကို လက်ဆောင် ပေးကြည့် ခဲ့ပေမယ့် သိပ်မကြာ ခင် မှာပဲ အားလုံးက သူ့ဆီ ပြန်လာ ပေးကြတယ်။ အဲဒီလူ တွေက အဲဒီသေတ္တာမှာ မကောင်းဆိုးဝါး တစ်ခုခု ကပ်ညိ နေတယ်လို့ ခံစားကြရပြီး မ နှစ်မြို့ ကြဘူး။

သေတ္တာ သူ့လက်ထဲ ပြန်ရောက် လာတာနဲ့ အိပ်မက်ဆိုးတွေ စမက်တော့ တာပါပဲ။ နောက်ပိုင်း သူသိလာတာက အဲဒီလို အိပ်မက်ဆိုးတွေကို မက်တာ သူတစ်ဦးတည်း မဟုတ်ဘဲ သေတ္တာနဲ့ နီးနီးစပ်စပ် ရှိနေတဲ့ သူ့မိသားစုတွေ အားလုံးပါ အတူတူ မက်ကြတာပါပဲ။ အဲဒီနောက်တော့ သူ့အနားမှာ အရိပ်တွေ ရှိနေသလို မြင်ယောင် လာတယ်။ နောက်ဆုံးတော့ ဘာမှန်းမသိတဲ့ ကြောက်စရာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သူ လက်ခံ လိုက်ရတယ်။ တစ်နေ့တော့ အဲဒီအကြောင်းကို အွန်လိုင်းမှာ လျှောက်ရှာ ကြည့်နေရင်းနဲ့ ကွန်ပျူတာ ရှေ့မှာပဲ သူအိပ်ပျော် သွားခဲ့ တယ်။

သူနိုးလာတော့ တစ်ယောက်ယောက်က လည်ပင်းပေါ်မှာ တက်ပြီး အသက်ရှု နေတယ်လို့ ခံစားလိုက် ရတယ်။ သူလှည့်ကြည့် လိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ အရိပ်ကြီး တစ်ခု သူ့ပေါ်ကနေ ဆင်းပြီး အခန်း ထဲကနေ ရုတ်တရက် ထွက်ပြေး သွားတာကို တွေ့လိုက် ရပါတယ်။

အဲဒီ နောက်တော့ သူလည်း အဲဒီသေတ္တာကို စရလာတဲ့ အချိန် ကနေစပြီး ဖြစ်ပျက်သမျှ အကြောင်းစုံနဲ့ အတူ သေတ္တာကို Ebay မှာ တင်လိုက် ပါတယ်။ Missouri ဆေးပြတိုက်က ပြတိုက်မှုး Jason Haxton က အဲဒီ သေတ္တာကို ဝယ်ယူလိုက်ပြီး Dibbuk box ရဲ့ ထူးဆန်းတဲ့ အကြောင်း တွေကို The possession ဆိုတဲ့ နာမည်နဲ့ ၂၀၁၂ မှာ စာအုပ် ထုတ်ဝေခဲ့ ပါတယ်။ ဒီသေတ္တာလေးဟာ လက်ရှိအချိန်မှာတော့ လတ်စ်ဗီးဂတ်စ်က Zak Bagan’s Paranormal ပြတိုက်မှာ ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Ei Pont(MYMC)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top