န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×

မင်္ဂလာရှိတဲ့  တနင်္ဂနွေ ညလေးက မိုင်လေးအတွက်တော့ ပျော်မဆုံးတဲ့ ညလေးဖြစ်ခဲ့ပါတယ်။
City FM ၁၆ နှစ်ပြည့် ပွဲကြီးမှာ ၂၀၁၇ ခုနှစ်အတွက် သီချင်းတောင်းဆိုမှု အခံရဆုံး အမျိုးသမီးတေးသံရှင်ဆုကို ရရှိခဲ့သူကတော့ “ရတနာမိုင်” ပဲ ဖြစ်ပါတယ်။ မိုင်လေးကတော့ City FM ကနေ ပထမ အကြိမ် ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ လေးကိုအရမ်းပျော်ပါတယ် ပြောမပြတတ်အောင်ပါပဲ ဂီတသက်တမ်း ၁၂ နှစ်မှာ ဒုတိယအကြိမ်ရတဲ့ဆုလေးကို City Fm မှာကိုယ်တိုင်တတ်ယူခွင့်ရလို့  အမှတ်တရနေ့ လေးပါပဲ အားပေးကြတဲ့ ချစ်တုံးလေးတွေကြောင့်ပါ အရမ်းချစ်တယ် ကျေးဇူးရှင်လေးတွေ Good Night  ဝမ်းမြောက်ကြောင်း Congratulations ပေးကြတဲ့ ဘော်ဘော်ရောင်းရင်းတွေ တယောက်မကျန်ကျေးကျေးပါ မနက်မှ reply ထပ်ပြန်တော့မယ် love u all ဆိုပြီး မိုင်လေးတစ်ယောက် သူမရဲ့ FB စာမျက်နှာကနေ အပျော်တွေကို မျှဝေထားပါတယ်........

City FM ၁၆ နှစ်ပြည့်ရဲ့ ပျော်ရွှင်စရာ ညကြီးမှာ လွှမ်းပိုင်ကတော့ ဂီတဗေဒ သီချင်းခွေနဲ့ ရောင်းအားအကောင်းဆုံးအမျိုးသား တေးအယ်လ်ဘမ်ဆု G Fatt ကတော့ သီချင်းအများဆုံး တောင်းခံရတဲ့ အမျိုးသား တေးသံရှင်ဆု တင်ဇာမော်ကတော့ 7 Album သီချင်းခွေနဲ့ ရောင်းအားအကောင်းဆုံး ထုတ်လုပ်သူဆုနဲ့ ရောင်းအားအကောင်းဆုံး အမျိုးသမီး တေးအယ်လ်ဘမ်ဆု ရရှိခဲ့ပြီး ရတနာမိုင်ကတော့ သီချင်းအများဆုံး တောင်းခံရတဲ့ အမျိုး သမီးဆုတို့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ref : Yadanar My (Facebook)
ဖိုးသူတော် (www.phothutaw.com)

# Unicode Version ဖြင့် ဖတ်ပါ #



ref : Yadanar My (Facebook)
ဖိုးသူတောျ (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top