ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

World War Z မင္းသားၾကီး Brad Pitt ကေတာ့ ေလလံပြဲတစ္ပြဲမွာ မိန္းမတစ္ေယာက္အတြက္နဲ ့ေဒၚလာေတြကို သံုးလိုက္ျပန္ပါျပီ။

ျပီးခဲ့တဲ့ စေနေန ့က J/P Haitian Relief အဖြဲ ့အစည္းက က်င္းပတဲ့ (၇) ၾကိမ္ေျမာက္ Sean Penn & Friends Haiti Rising ပရဟိတပြဲမွာ အလွဴေငြအတြက္ ေလလံပြဲတစ္ပြဲ က်င္းပခဲ့ပါတယ္။ ေလလံဆြဲရမွာကေတာ့ နာမည္ေက်ာ္ TV Series ျဖစ္တဲ့ Game Of Thrones Series ထဲက နဂါးမိခင္အျဖစ္သရုပ္ေဆာင္တဲ့ မင္းသမီးေခ်ာ Emilia Clarke နဲ ့အတူ GOT အပိုင္းတစ္ပိုင္းကို ႏွစ္ေယာက္အတူၾကည့္ရမဲ့အခြင့္အေရးျဖစ္ပါတယ္။

Clarke နဲ ့အတူ GOT အပိုင္းတစ္ပိုင္း အတူၾကည့္ရမဲ့ အခြင့္အေရးအတြက္ ေလလံေၾကး $20,000 နဲ ့စတင္ခဲ့တာျဖစ္ျပီး အခ်ိန္အနည္းငယ္ၾကာတဲ့အခါ မင္းသားၾကီး Brad Pitt က $80,000 နဲ ့စတင္ေစ်းျပိဳင္ေပးခဲ့ပါတယ္။ ေနာက္ထပ္ အနည္းငယ္ၾကာတဲ့အခါ Pitt က ေလလံေစ်းအတြက္ $90,000 အထိ ထပ္မံတုိးျမွင့္ခဲ့ျပီး ေနာက္ဆံုးအေနနဲ ့$120,000 အထိ တိုးျမွင့္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ျခား ေလလံဆြဲသူတစ္ေယာက္က $160,000 အထိ ေလလံေစ်းေပးခဲ့တဲ့အတြက္ Pitt က ထပ္ျပီး ေစ်းမျမွင့္ေတာ့ပဲ အရွံဳးေပးလိုက္တာျဖစ္ပါတယ္။Game Of Thrones စတားႏွစ္ေယာက္ျဖစ္တဲ့ Emilia Clarke နဲ ့Kit Harington

Ref : Variety

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #
World War Z မင်းသားကြီး Brad Pitt ကတော့ လေလံပွဲတစ်ပွဲမှာ မိန်းမတစ်ယောက်အတွက်နဲ့ဒေါ်လာတွေကို သုံးလိုက်ပြန်ပါပြီ။

ပြီးခဲ့တဲ့ စနေနေ့က J/P Haitian Relief အဖွဲ့အစည်းက ကျင်းပတဲ့ (၇) ကြိမ်မြောက် Sean Penn & Friends Haiti Rising ပရဟိတပွဲမှာ အလှူငွေအတွက် လေလံပွဲတစ်ပွဲ ကျင်းပခဲ့ပါတယ်။ လေလံဆွဲရမှာကတော့ နာမည်ကျော် TV Series ဖြစ်တဲ့ Game Of Thrones Series ထဲက နဂါးမိခင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချော Emilia Clarke နဲ့အတူ GOT အပိုင်းတစ်ပိုင်းကို နှစ်ယောက်အတူကြည့်ရမဲ့အခွင့်အရေးဖြစ်ပါတယ်။

Clarke နဲ့အတူ GOT အပိုင်းတစ်ပိုင်း အတူကြည့်ရမဲ့ အခွင့်အရေးအတွက် လေလံကြေး $20,000 နဲ့စတင်ခဲ့တာဖြစ်ပြီး အချိန်အနည်းငယ်ကြာတဲ့အခါ မင်းသားကြီး Brad Pitt က $80,000 နဲ့စတင်ဈေးပြိုင်ပေးခဲ့ပါတယ်။ နောက်ထပ် အနည်းငယ်ကြာတဲ့အခါ Pitt က လေလံဈေးအတွက် $90,000 အထိ ထပ်မံတိုးမြှင့်ခဲ့ပြီး နောက်ဆုံးအနေနဲ့$120,000 အထိ တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခြား လေလံဆွဲသူတစ်ယောက်က $160,000 အထိ လေလံဈေးပေးခဲ့တဲ့အတွက် Pitt က ထပ်ပြီး ဈေးမမြှင့်တော့ပဲ အရှုံးပေးလိုက်တာဖြစ်ပါတယ်။Game Of Thrones စတားနှစ်ယောက်ဖြစ်တဲ့ Emilia Clarke နဲ့Kit Harington

Ref : Variety

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top