×
တည်ငြိမ်မူ
မီးဖိုချောင် အကူညီ
# Unicode Version ဖြင့် ဖတ်ပါ #
ဒါကတော့ ထုံးစံပါပဲ။ ကြီးရင် မှီ ငယ်ရင် ချီဆိုသလိုပေါ့။ ကောင်မလေးတွေက ကိုယ်ထက်အသက်ကြီးတဲ့ ကိုကို တွေနဲ့ ဒိတ်ချင်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသက်ကြီးတဲ့အမျိုးသားတွေ က အမျိုးသမီးတွေကို ပိုဆွဲဆောင်နိုင်လို့ပါ။ အသက်ကြီးတဲ့ အမျိုးသားတွေထဲမှာ ဗိုက်ပူ၊ ထိပ်ပြောင် ပြီး ပုံမကျမဖြစ်နေတဲ့ အမျိုးသားတွေ ရှိသလို အရွယ်တင်ပြီး အလတ်ကြီးကျန်နေသေးတဲ့ ဦးတွေ၊ ကိုကိုတွေ လဲ ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ဘာကြောင့် အသက်ကြီးတဲ့ အမျိုးသားတွေကို ပိုတွဲချင်ရတဲ့အကြောင်းရင်းများကို တင်ဆက်ပေးလိုက်ပါတယ်။
သူတို့က ကလေးအထှာတွေနဲ့မကစားတတ်ဘူး
အသက်ကြီးတော့ ရင့်ကျက်မူတစ်ပန်းသာပါတယ်။ သူတို့က ဟာသဉာဏ်ရှိပြီး စိတ်ဝင်စားစရာကောင်းနေပေမယ့် သူတို့လုပ်တဲ့ဟာသတွေထဲမှာ ဖုန်းကိုပဲ တနေကုန် အာရုံစိုက်နေတာမျိုး၊ ကိုယ့်ကောင်မလေးခေါ်တဲ့ ဖုန်းကို မဖြေဘဲ ထိုင်ကြည့်ရုံနေတတ်တာမျိုးမပါတတ်ပါဘူး။
နွေးထွေးနှစ်လိုဖွယ်ရာ ကမ္ဘာ
မိန်းကလေးတွေ ရဲ့ ပထမဆုံး ဒိတ်မှာ “ဟေးအချစ်လေး နေကောင်းလား” လို့ပေါ့ပါးပါးနူတ်ဆက်တာကို မိန်းကလေးအများစုမလိုချင်ကြပါဘူး။ မိန်းကလေးထိုင်ဖို့ ထိုင်ခုံးလေးအသင့် ထုတ်ပေးတာမျိုး၊ ပန်းတွေ လက်ခံရရှိတာမျိုး ၊ နွေးထွေးတဲ့ ဂရုစိုက်မူတွေနဲ့ ကြိုဆိုတာမျိုး တွေကို သာနှစ်သက်တတ်ကြပါတယ်။ ဒီလို ဂရုစိုက်ပေးတဲ့ အပြုမူတွေကို အသက်ကြီးတဲ့အမျိုးသားတွေမှာတွေ့ရတတ်ပါတယ်။
သူတို့က စမတ်ကျပြီး ရင့်ကျက်ကြတယ်
နှစ်တွေ အလီလီပြောင်းလဲလာတာနဲ့အမျှ အတွေးခေါ်၊အပြုမူ ရင့်ကျက်မူတွေက ပိုသာလာခဲ့ပါတယ်။ ပြသာတစ်ခုဖြေရှင်းရတိုင်းမှာ ကိုယ်လိုပဲ ရူးကြောင်ကြောင် ဖြေရှင်တော့မှာတော့မဟုတ်တော့ပါဘူး။ လူတွေက အသက်ငယ်စဉ်မှာ ရူးကြောင်ကြောင်တွေ လုပ်တတ်ကြပါတယ်။ နောက်ပြီး မိန်းကလေးတွေက ကိုယ့်ချစ်သူ အရွယ်ရောက်ရင့်ကျက်လာတာကို စောင့်နေရတာကိုတော့ ရွေးချယ်ကြမယ်မထင်ပါဘူး။
မိန်းကလေး ကို ပြောင်းလဲဖို့မကြိုးစားဘူး
အမျိုးသားတိုင်းကတော့ လှပြီးစတိုင်ကျနေတဲ့ အမျိုးသမီးတွေကို ကြိုက်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အမျိုးသားတွေက မိန်းကလေးတစ်ယောက်ကို အပြင်ပန်းအရာတွေထက် မိန်းကလေးတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပို စိတ်ဝင်စားကြပါတယ်။ နောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ imperfection တွေ လက်ခံတတ်ပါတယ်။ ငယ်ရွယ်တဲ့ကောင်လေးတွေနဲ့မတူပါဘူး။သူတို့က သူတို့ချစ်ရတဲ့ မိန်းကလေးကို ပြောင်းလဲပြစ်ဖို့ကြိုးစားမှာမဟုတ်ပါဘူး။
တည်ငြိမ်မူ
တည်ငြိမ်မူဆိုတာကတော့ အသက်ကြီးတဲ့အမျိုးသားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်အိမ်နဲ့ကိုယ် နေရာတကျဖြစ်နေကြပါပြီ။ မိန်းကလေးတွေဆိုတာကလဲ အပြင်မှာ မသေချာတော့တဲ့အခြေနေကို ကြည့်မယ့်အစား တည်ငြိမ်ပြီဖြစ်တဲ့ နေရာတစ်ခုမှာ ပဲ သူတို့ဘဝကို မြုပ်နှံ ချင်ကြတာ ပိုများပါတယ်။
မီးဖိုချောင် အကူညီ
အသက်ကြီးတဲ့အမျိုးသားတွေဟာ အစားအသောက်တွေ ကို ဘယ်လိုစီမံရလဲဆိုတာကောင်းကောင်းသိနေတဲ့သူတွေပါ။ ဒါကမိန်းကလေးတွေ မငြင်းနိုင်တဲ့ သိပ်ကောင်းတဲ့ အရည်ချင်းဖြစ်ပါတယ်။ အသက်ကြီးတဲ့ အမျိုးသားတွေ ကိုယ်တိုင်ချက်ပြုတ်တတ်တဲ့အချိန်မှာ အသက်ငယ်တဲ့အမျိုးသားတွေကတော့ သူတို့အမေတွေ အပေါ်မှာ မှီခိုနေရတုန်းဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့အသက်ကြီးတဲ့အမျိုးသားတွေကို မိန်းကလေးတွေ ဘာကြောင့်တွဲချင်ကြလဲဆိုတာ ကတော့ သူတို့ဟာမိန်းကလေးတွေ အမြင်မှာ လေးစားစရာကောင်းနေလို့ပါ။ ရင့်ကျက်တဲ့အပြုမူ၊အပြောဆို၊ ဆုံးဖြတ်မူတွေက မိန်းကလေး တွေ ကို ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံးလက်နက်ဖြစ်နေလို့ပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top