ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

အိႏိၵယႏုိင္ငံမွ အမ်ိဳးသားတစ္ဦးဟာ အိမ္နဲ႔အေဝးမွာ ေက်ာင္းသြားတက္ေနၾကတဲ့ သူ႔ကေလးေတြ မၾကာခဏရြာကို လာလည္ႏုိင္ေအာင္ သံတူရြင္းနဲ႔ ေပါက္ခၽြန္းတို႔ကိုသာ အသံုးျပဳျပီး (၅)မိုင္ရွည္တဲ့ လမ္းကို သူကိုယ္တုိင္ေဖာက္ခဲ့ပါတယ္။ (၄၅)ႏွစ္အရြယ္ Jalandhar Nayak ဆိုသူဟာ သူ႔ကေလးေတြ ေက်ာင္းသြားတက္ေနတဲ့ေနရာကေန (၆)မိုင္ကြာေဝးတဲ့ အိႏိၵယႏုိင္္ငံေတာင္ပိုင္းက ရြာေလးတစ္ရြာမွာ ေနထိုင္သူပါ။

သားျဖစ္သူေတြဟာ အိမ္ကိုလာဖို႔ ေတာင္ကုန္း (၅)ခုကို ျဖတ္ရျပီး (၃)နာရီၾကာခရီးႏွင္ရပါတယ္။ လြန္ခဲ့တဲ့ (၂)ႏွစ္ကစျပီး Nayak ဟာ နံနက္တိုင္း သူ႔ရဲ႕ ပစၥည္းကိရိယာေတြကို သံုးကာ ေက်ာက္တံုးေက်ာက္ေဆာင္ေတြကို ဖယ္ရွားျပီး တစ္ေန႔ကို (၈)နာရီၾကာ လမ္းေဖာက္ခဲ့ပါတယ္။ သူ႔ရဲ႕ ထူးျခားတဲ့ အားထုတ္ခဲ့မွဳေၾကာင့္ ျပည္တြင္းအာဏာပုိင္ေတြက က်န္ရိွတဲ့ လမ္းကို ဆက္ေဖာက္ေပးမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ကားေတြပင္္ ျဖတ္သန္းသြားလာႏုိင္တဲ့ လမ္းကိုေဖာက္လုပ္ခဲ့တဲ့ Nayak ကို အစိုးရက လုပ္အားခလည္း ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။ လမ္းေဖာက္မွဳျပီးစီးသြားတာနဲ႔ သူေနထိုင္တဲ့ရြာနဲ႔ သားျဖစ္သူတို႔ရဲ႕ ေက်ာင္းရိွရာျမိဳ႕ကို ဆက္သြယ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။ ေက်ာင္းမတက္ခဲ့ရတဲ့ ဟင္းရြက္ေရာင္းသူ Nayak ဟာ သားေတြကိုေတာ့ ေက်ာင္းထားႏုိင္ခဲ့ျပီး လမ္းျပီးသြားတာနဲ႔ ေက်ာင္းပိတ္ရက္ေတြမွာ သားေတြကို မၾကာခဏေတြ႔ခြင့္ရေတာ့မွာျဖစ္တဲ့အတြက္ ေပ်ာ္ရႊင္ေနပါတယ္။

သားျဖစ္သူေတြက အိမ္နဲ႔ ေက်ာင္းအကူးမွာ က်ဥ္းေျမာင္းျပီး ေက်ာက္တံုးေက်ာက္ေဆာင္ထူထပ္တဲ့လမ္းကို ခက္ခဲစြာ ျဖတ္သန္းရတာေၾကာင့္ လမ္းေဖာက္ဖို႔ စိတ္ကူးရခဲ့ေၾကာင္း ေျပာပါတယ္။ Nayak က သူ႔ရြာကို လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရရရိွဖို႔လည္း အစိုးရကို အကူအညီေတာင္းခဲ့ပါတယ္။ ခ်ီးက်ဴးစရာတစ္ခုကေတာ့ Nayak ဟာ လမ္းေဖာက္ခဲ့စဥ္မွာ သစ္ပင္တစ္ပင္မွာ မခုတ္ခဲ့ေၾကာင္း Nayak ကို အင္တာဗ်ဴးခဲ့သူ သတင္းေထာက္ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Ref: dailymail.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦးဟာ အိမ်နဲ့အဝေးမှာ ကျောင်းသွားတက်နေကြတဲ့ သူ့ကလေးတွေ မကြာခဏရွာကို လာလည်နိုင်အောင် သံတူရွင်းနဲ့ ပေါက်ချွန်းတို့ကိုသာ အသုံးပြုပြီး (၅)မိုင်ရှည်တဲ့ လမ်းကို သူကိုယ်တိုင်ဖောက်ခဲ့ပါတယ်။ (၄၅)နှစ်အရွယ် Jalandhar Nayak ဆိုသူဟာ သူ့ကလေးတွေ ကျောင်းသွားတက်နေတဲ့နေရာကနေ (၆)မိုင်ကွာဝေးတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်သူပါ။

သားဖြစ်သူတွေဟာ အိမ်ကိုလာဖို့ တောင်ကုန်း (၅)ခုကို ဖြတ်ရပြီး (၃)နာရီကြာခရီးနှင်ရပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ကစပြီး Nayak ဟာ နံနက်တိုင်း သူ့ရဲ့ ပစ္စည်းကိရိယာတွေကို သုံးကာ ကျောက်တုံးကျောက်ဆောင်တွေကို ဖယ်ရှားပြီး တစ်နေ့ကို (၈)နာရီကြာ လမ်းဖောက်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အားထုတ်ခဲ့မှုကြောင့် ပြည်တွင်းအာဏာပိုင်တွေက ကျန်ရှိတဲ့ လမ်းကို ဆက်ဖောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ကားတွေပင် ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းကိုဖောက်လုပ်ခဲ့တဲ့ Nayak ကို အစိုးရက လုပ်အားခလည်း ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ လမ်းဖောက်မှုပြီးစီးသွားတာနဲ့ သူနေထိုင်တဲ့ရွာနဲ့ သားဖြစ်သူတို့ရဲ့ ကျောင်းရှိရာမြို့ကို ဆက်သွယ်နိုင်တော့မှာဖြစ်ပါတယ်။ ကျောင်းမတက်ခဲ့ရတဲ့ ဟင်းရွက်ရောင်းသူ Nayak ဟာ သားတွေကိုတော့ ကျောင်းထားနိုင်ခဲ့ပြီး လမ်းပြီးသွားတာနဲ့ ကျောင်းပိတ်ရက်တွေမှာ သားတွေကို မကြာခဏတွေ့ခွင့်ရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်နေပါတယ်။

သားဖြစ်သူတွေက အိမ်နဲ့ ကျောင်းအကူးမှာ ကျဉ်းမြောင်းပြီး ကျောက်တုံးကျောက်ဆောင်ထူထပ်တဲ့လမ်းကို ခက်ခဲစွာ ဖြတ်သန်းရတာကြောင့် လမ်းဖောက်ဖို့ စိတ်ကူးရခဲ့ကြောင်း ပြောပါတယ်။ Nayak က သူ့ရွာကို လျှပ်စစ်မီးနဲ့ သောက်သုံးရေရရှိဖို့လည်း အစိုးရကို အကူအညီတောင်းခဲ့ပါတယ်။ ချီးကျူးစရာတစ်ခုကတော့ Nayak ဟာ လမ်းဖောက်ခဲ့စဉ်မှာ သစ်ပင်တစ်ပင်မှာ မခုတ်ခဲ့ကြောင်း Nayak ကို အင်တာဗျူးခဲ့သူ သတင်းထောက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref: dailymail.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top