AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံမွ ဆရာဝန္တစ္ဦးဟာ ၁၈ နာရီဆက္တုိက္ မနားတမ္း အလုပ္လုပ္ခဲ့ၿပီးေနာက္ လဲက်ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၄၃ ႏွစ္အ႐ြယ္ အမ်ဳိးသမီးဆရာဝန္ ဇာအုိဘီယန္ဇင္းဟာ ႐ွန္ဇီျပည္နယ္ ဂ်င္ေဇာင္းၿမဳိ႕ ယူစီေဒသေဆး႐ုံရဲ႕ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါဌာန လက္ေထာက္ညႊန္ၾကားေရးမွဴးျဖစ္ၿပီး သူမဟာ လူနာေတြကုိ လွည့္လည္စစ္ေဆးၾကည့္႐ႈေနစဥ္ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။

Shanxi Evening News ရဲ႕ သတင္းေဖာ္ျပမႈအရ ေဒါက္တာဇာအုိဟာ ဒီဇင္ဘာ ၂၈ ရက္ ညေန ၆ နာရီမွာ အလုပ္စလုပ္ခဲ့ၿပီး ေနာက္တစ္ရက္ ဒီဇင္ဘာ ၂၉ ရက္ မြန္းလြဲပုိင္းအထိ အနားယူျခင္းမ႐ွိခဲ့ဘူးလုိ႕ သိရပါတယ္။

ေဒါက္တာဇာအုိဟာ လဲက်မသြားမီ အဘြားအုိတစ္ဦးကုိ စစ္ေဆးၾကည့္႐ႈေနခဲ့ၿပီး အဘြားအုိရဲ႕သမီးျဖစ္သူကုိ သူမရဲ႕အေမ အေျခအေနကုိ ေမးျမန္းခဲ့ၿပီးေနာက္ လဲက်သြားခဲ့တယ္လို႕ ဆုိပါတယ္။

သူမကုိ သတိျပန္လည္လာေစရန္ နာရီ ၂၀ ၾကာ အစြမ္းကုန္ ႀကဳိးပမ္းခဲ့ၾကေပမဲ့ ဒီဇင္ဘာ ၃၀ ရက္ မနက္ပုိင္းမွာေတာ့ ေသဆုံးေၾကာင္း အတည္ျပဳခဲ့ရပါတယ္။ စစ္ေဆးမႈေတြအရ ေဒါက္တာဇာအုိဟာ ဦးေႏွာက္မ်က္ႏွာျပင္ေပၚမွာ ေသြးယုိစိမ့္ရာက ျဖစ္ေပၚေစတဲ့ ေလျဖတ္မႈေၾကာင့္ ႐ုတ္တရက္လဲက်ၿပီးေနာက္ ေသဆုံးခဲ့တယ္လို႕ သိရပါတယ္။

ေဒါက္တာဇာအုိဟာ အလုပ္ကုိ အစြဲအလမ္းႀကီးသူလို႕ သိထားၾကၿပီး သူမကုိ အကူအညီေတာင္းပါက အၿမဲကူညီေလ့႐ွိတယ္လုိ႕ လုပ္ေဖာ္ကုိင္ဖက္ေတြက ေျပာပါတယ္။ အနားမယူႏုိင္ေအာင္ အလုပ္ေတြမ်ားလြန္းတယ္လို႕ ေဒါက္တာဇာအုိက ေျပာခဲ့ဖူးေၾကာင္းလည္း သူမရဲ႕ လုပ္ေဖာ္ကုိင္ဖက္တစ္ဦးက ဆုိပါတယ္။

အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါဌာနဟာ ေဆာင္းရာသီကာလအတြင္း လူနာမ်ားၿပီး အလြန္ အလုပ္မ်ားေလ့႐ွိပါတယ္။ ေဒါက္တာဇာအုိ ကြယ္လြန္ခ်ိန္မွာ အသက္ ၈၀ ေက်ာ္အ႐ြယ္ မိဘႏွစ္ဦး က်န္ရစ္ခဲ့တယ္လို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တရုတ်နိုင်ငံမှ ဆရာဝန်တစ်ဦးဟာ ၁၈ နာရီဆက်တိုက် မနားတမ်း အလုပ်လုပ်ခဲ့ပြီးနောက် လဲကျသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၄၃ နှစ်အရွယ် အမျိုးသမီးဆရာဝန် ဇာအိုဘီယန်ဇင်းဟာ ရှန်ဇီပြည်နယ် ဂျင်ဇောင်းမြို့ ယူစီဒေသဆေးရုံရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဌာန လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး သူမဟာ လူနာတွေကို လှည့်လည်စစ်ဆေးကြည့်ရှုနေစဉ် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

Shanxi Evening News ရဲ့ သတင်းဖော်ပြမှုအရ ဒေါက်တာဇာအိုဟာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီမှာ အလုပ်စလုပ်ခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းအထိ အနားယူခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒေါက်တာဇာအိုဟာ လဲကျမသွားမီ အဘွားအိုတစ်ဦးကို စစ်ဆေးကြည့်ရှုနေခဲ့ပြီး အဘွားအိုရဲ့သမီးဖြစ်သူကို သူမရဲ့အမေ အခြေအနေကို မေးမြန်းခဲ့ပြီးနောက် လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။

သူမကို သတိပြန်လည်လာစေရန် နာရီ ၂၀ ကြာ အစွမ်းကုန် ကြိုးပမ်းခဲ့ကြပေမဲ့ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းမှာတော့ သေဆုံးကြောင်း အတည်ပြုခဲ့ရပါတယ်။ စစ်ဆေးမှုတွေအရ ဒေါက်တာဇာအိုဟာ ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးယိုစိမ့်ရာက ဖြစ်ပေါ်စေတဲ့ လေဖြတ်မှုကြောင့် ရုတ်တရက်လဲကျပြီးနောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဇာအိုဟာ အလုပ်ကို အစွဲအလမ်းကြီးသူလို့ သိထားကြပြီး သူမကို အကူအညီတောင်းပါက အမြဲကူညီလေ့ရှိတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အနားမယူနိုင်အောင် အလုပ်တွေများလွန်းတယ်လို့ ဒေါက်တာဇာအိုက ပြောခဲ့ဖူးကြောင်းလည်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆိုပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဌာနဟာ ဆောင်းရာသီကာလအတွင်း လူနာများပြီး အလွန် အလုပ်များလေ့ရှိပါတယ်။ ဒေါက်တာဇာအို ကွယ်လွန်ချိန်မှာ အသက် ၈၀ ကျော်အရွယ် မိဘနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top