ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ယခုႏွစ္ ၂၀၁၈ ခုႏွစ္ထဲမွာ ကမၻာတစ္၀ွမ္း ႏိုင္ငံေရးနဲ႔ လူမႈအသုိင္းအ၀ိုင္းအတြင္း ျဖစ္ပ်က္ေတြ႕ႀကံဳလာႏိုင္ေျခရွိတဲ့ ျဖစ္စဥ္တစ္ခ်ဳိ႕နဲ႔ပတ္သက္လို႔ မကၠဆီကိုႏိုင္ငံက အန္တိုနီယို ဗက္ဇ္ကြက္ဇ္ အမည္ရ ေမွာ္ဆရာတစ္ဦးက တာေရာ့ ကားခ်ပ္ေတြရဲ႕ အကူအညီနဲ႔ အတူ ႀကိဳတင္ေဟာကိန္းထုတ္သြားခဲ့တယ္လို႔ သိရပါတယ္။

၎ရဲ႕ ေဟာကိန္းေတြထဲမွာ ပါရွိသမွ်ထဲမွာေတာ့ ယခုႏွစ္အတြင္း နာမည္ေက်ာ္ အဆုိေက်ာ္တစ္ဦးျဖစ္တဲ့ ရွာကီရာတစ္ေယာက္ စုန္းျပဳစားခံရမွာ ျဖစ္တယ္လို႔ ထူးထူးျခားျခား ထည့္သြင္းေျပာၾကား လာခဲ့ပါတယ္။ ဒါ့အျပင္ ဗင္နီဇြဲလားႏိုင္ငံမွာဆိုရင္လည္း လုပ္ႀကံသတ္ျဖတ္မႈႀကီးတစ္ခု ျဖစ္လာမွာ ျဖစ္ၿပီး ယခုႏွစ္အတြင္း လူအမ်ားစုိးရိမ္ေနၾကတဲ့ ႏ်ဴကလီးယားစစ္ပြဲကေတာ့ လက္ေတြ႕ျဖစ္လာဖို႔ မရွိဘူးလို႔လည္း  ေဟာသြားပါတယ္။

လက္ရွိအခ်ိန္မွာ အသံပုိင္းဆိုင္ရာ ျပႆနာတစ္ခ်ဳိ႕ ရွိေနတဲ့ ကိုလံဘီယာ အဆိုေတာ္ ရွာကီရာႏွင့္ပတ္သက္လို႔ " သူ႔ကို ဒီႏွစ္ထဲမွာ စုန္းတစ္ေကာင္က တုိက္ခုိက္ဖုိ႔ ရွိေနတယ္လို႔ က်ဴပ္ အလိုလို သိေနတယ္" လို႔ အဆိုပါ မကၠဆီကို ေမွာ္ဆရာက ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔အၾကား ႏ်ဴကလီးယားစစ္ပြဲတစ္ခု ျဖစ္လာႏိုင္တဲ့ အႏၱရာယ္ကလည္း အျပန္အလွန္ ေဆြးေႏြးညွိႏိႈင္းမႈေတြနဲ႔အတူ ေျပေပ်ာက္သြားလိမ့္မယ္လို႔ ၎က ဆိုပါတယ္။ " ဗံုးေတြ ပ်ံသန္းက်ဆင္းဖို႔ မရွိပါဘူး၊ သေဘာတူညီခ်က္တစ္ခု သူတို႔ရပါလိမ့္မယ္" လို႔ ၎က ခန္႔မွန္းသြားပါတယ္။

ေတာင္အေမရိကေဒသနဲ႔ပတ္သက္လုိ႔လည္း ေသကိန္းျမင္ေနရတယ္လို႔ ၎က ဆိုပါတယ္။ " အဲဒီမွာ လုပ္ႀကံသတ္ျဖတ္မႈတစ္ခု ျဖစ္လာပါလိမ့္မယ္၊ ဗင္နီဇြဲလား ဒါမွမဟုတ္ ဘရာဇီးမွာ ျဖစ္ဖို႔ ေတာ္ေတာ္ေလးကို နီးစပ္ေနပါတယ္" လို႔ ၎က ေျပာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ယခုႏွစ္ထဲမွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း နာမည္ႀကီး စပိန္အသင္း ဗုိလ္လုပြဲ ေရာက္မယ္လို႔ ၎က ခန္႔မွန္းလိုက္ၿပီး ဗုိလ္စြဲမယ့္အသင္းကေတာ့ ဂ်ာမနီျဖစ္တယ္လို႔လည္း ေဟာကိန္းထုတ္သြားပါေသးတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzimaburmese

#Unicode Version#
 ယခုနှစ် ၂၀၁၈ ခုနှစ်ထဲမှာ ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပျက်တွေ့ကြုံလာနိုင်ခြေရှိတဲ့ ဖြစ်စဉ်တစ်ချို့နဲ့ပတ်သက်လို့ မက္ကဆီကိုနိုင်ငံက အန်တိုနီယို ဗက်ဇ်ကွက်ဇ် အမည်ရ မှော်ဆရာတစ်ဦးက တာရော့ ကားချပ်တွေရဲ့ အကူအညီနဲ့ အတူ ကြိုတင်ဟောကိန်းထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

၎င်းရဲ့ ဟောကိန်းတွေထဲမှာ ပါရှိသမျှထဲမှာတော့ ယခုနှစ်အတွင်း နာမည်ကျော် အဆိုကျော်တစ်ဦးဖြစ်တဲ့ ရှာကီရာတစ်ယောက် စုန်းပြုစားခံရမှာ ဖြစ်တယ်လို့ ထူးထူးခြားခြား ထည့်သွင်းပြောကြား လာခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံမှာဆိုရင်လည်း လုပ်ကြံသတ်ဖြတ်မှုကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး ယခုနှစ်အတွင်း လူအများစိုးရိမ်နေကြတဲ့ နျူကလီးယားစစ်ပွဲကတော့ လက်တွေ့ဖြစ်လာဖို့ မရှိဘူးလို့လည်း  ဟောသွားပါတယ်။

လက်ရှိအချိန်မှာ အသံပိုင်းဆိုင်ရာ ပြဿနာတစ်ချို့ ရှိနေတဲ့ ကိုလံဘီယာ အဆိုတော် ရှာကီရာနှင့်ပတ်သက်လို့ " သူ့ကို ဒီနှစ်ထဲမှာ စုန်းတစ်ကောင်က တိုက်ခိုက်ဖို့ ရှိနေတယ်လို့ ကျူပ် အလိုလို သိနေတယ်" လို့ အဆိုပါ မက္ကဆီကို မှော်ဆရာက ဟောကိန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ကလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူ ပြေပျောက်သွားလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။ " ဗုံးတွေ ပျံသန်းကျဆင်းဖို့ မရှိပါဘူး၊ သဘောတူညီချက်တစ်ခု သူတို့ရပါလိမ့်မယ်" လို့ ၎င်းက ခန့်မှန်းသွားပါတယ်။

တောင်အမေရိကဒေသနဲ့ပတ်သက်လို့လည်း သေကိန်းမြင်နေရတယ်လို့ ၎င်းက ဆိုပါတယ်။ " အဲဒီမှာ လုပ်ကြံသတ်ဖြတ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်၊ ဗင်နီဇွဲလား ဒါမှမဟုတ် ဘရာဇီးမှာ ဖြစ်ဖို့ တော်တော်လေးကို နီးစပ်နေပါတယ်" လို့ ၎င်းက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုနှစ်ထဲမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နာမည်ကြီး စပိန်အသင်း ဗိုလ်လုပွဲ ရောက်မယ်လို့ ၎င်းက ခန့်မှန်းလိုက်ပြီး ဗိုလ်စွဲမယ့်အသင်းကတော့ ဂျာမနီဖြစ်တယ်လို့လည်း ဟောကိန်းထုတ်သွားပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top