ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဇန္နဝါရီလကုန္ပိုင္းတြင္ လအ ျပည့္ၾကတ္ျခင္းႏွင့္ စူပါမြန္းျဖစ္စဥ္ေပၚေပါက္ျခင္းအပါအဝင္ ၂၀၁၈ ၌ လၾကတ္ျခင္းႏွင့္ ေနၾကတ္ျခင္း စုစုေပါင္း ငါးႀကိမ္ျဖစ္ေပၚမည္ျဖစ္သည္။

ဇန္နဝါရီ ၃၁ ရက္တြင္ ပထမအႀကိမ္ လအျပည့္ၾကတ္ျခင္းျဖစ္ ေပၚ၍ ဇူလုိင္တြင္ ေနာက္တစ္ႀကိမ္ ေတြ႕ျမင္ရမည္ဟု နကၡတ္တာရာ စူးစမ္းေလ့လာေရး ပညာရွင္မ်ား က ေျပာၾကားသည္။ ယင္းသည္ ၂၀၁၅ ေနာက္ပိုင္းတြင္ ပထမဆံုး အႀကိမ္အျဖစ္ တစ္ႏွစ္တည္း၌ ႏွစ္ႀကိမ္လၾကတ္မႈအျဖစ္ မွတ္ တမ္းဝင္လာမည္ဟု ဆိုသည္။

ယခုႏွစ္အတြင္း ေနၾကတ္မႈ ျဖစ္စဥ္ သံုးႀကိမ္ထိႀကံဳရမည္ျဖစ္ ၿပီး သံုးႀကိမ္စလံုး ေနအျပည့္အဝ ၾကတ္ျခင္းမဟုတ္ဘဲ တစ္စိတ္ တစ္ပိုင္းသာ ၾကတ္မည္ျဖစ္သည္။ ဇန္နဝါရီတြင္ လကို ႀကီးမားထင္ရွားစြာ ေတြ႕ျမင္ရသည့္ စူပါမြန္းျဖစ္စဥ္ႏွစ္ႀကိမ္  ေတြ႕ရမည္ျဖစ္သည္။

သို႔ေသာ္ ကမၻာ့အစိတ္အပိုင္း အခ်ိဳ႕မွသာ ယင္းျဖစ္ရပ္မ်ားကို  ႀကံဳရမည္ျဖစ္သည္။

ဇန္နဝါရီ ၃၁ ရက္သည္ ထူးျခားေသာ ညျဖစ္ႏုိင္ၿပီး စူပါမြန္းျဖစ္စဥ္ေရာ လအျပည့္ၾကတ္ျခင္း ကိုပါ ေတြ႕ျမင္ရမည္ဟု အေမရိကန္ သုေတသီမ်ားက ဆိုသည္။အထူးသျဖင့္ အေမရိကန္ အေရွ႕ဘက္ ကမ္းေျခေဒသမ်ားတြင္ ယင္းျဖစ္ရပ္မ်ားကို ထင္ရွားစြာေတြ႕ျမင္ရမည္ဟု ခန္႔မွန္းထား သည္။ ထိုညတြင္ စူပါမြန္းျဖစ္စဥ္ ကို ျပတ္ျပတ္သားသား ေတြ႕ျမင္ရမည့္ ေဒသမ်ား၌ ႀကီးမားဝိုင္းစက္ေသာ ျပာလဲ့လဲ့ လဝန္းႀကီးကိုပါေတြ႕ႏုိင္မည္ဟု သိရသည္။ ထို႔ေၾကာင့္ နကၡတ္တာရာၾကည့္ ဝါသနာရွင္အမ်ားအျပားသည္ ယင္းရွားပါးအေျခအေနကို  မလြတ္တမ္းေစာင့္ၾကည့္ဖြယ္ရွိသည္။

၂၀၁၈ တြင္ လအျပည့္ၾကတ္ မႈအေျခအေန ႏွစ္ႀကိမ္ေပၚေပါက္ မည္ျဖစ္ေသာ္လည္း ကမၻာ၏ အ ရိပ္ထိုးမႈ ႐ႈေထာင့္အေျခအေနအ ေပၚ မူတည္၍ အခ်ိဳ႕ေသာ ႏုိင္ငံမ်ား၌ အကန္႔အသတ္ျဖင့္ လၾကတ္သည့္ သေဘာမ်ိဳး ေတြ႕ျမင္ရႏုိင္ ေၾကာင္း သတင္းမ်ားက ေဖာ္ျပ သည္။  ကမၻာ၊ ေနႏွင့္ လတို႔ တစ္ တန္းတည္းက်ေရာက္မႈေၾကာင့္ ေနၾကတ္ျခင္း၊ လၾကတ္ျခင္းမ်ား ျဖစ္ေပၚေလ့ရွိၿပီး တစ္ႏွစ္တည္းတြင္ ႏွစ္ႀကိမ္လၾကတ္မႈမ်ိဳးသည္ ရွားပါးသည့္ အေျခအေနဟု ဆိုႏုိင္သည္။ ၂၀၁၄-၁၅ အတြင္းလၾကတ္မႈ ေလးႀကိမ္ထိ ျဖစ္ေပၚဖူးေသာ္လည္း ယင္းကဲ့သို႔ ေနာက္တစ္ႀကိမ္ ႀကံဳရန္ ၂၀၃၂ အထိ ေစာင့္ဆိုင္းရဦးမည္ဟုသိရသည္။

—Ref: Sky & Telescope, Time & Date

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ဇန်နဝါရီလကုန်ပိုင်းတွင် လအ ပြည့်ကြတ်ခြင်းနှင့် စူပါမွန်းဖြစ်စဉ်ပေါ်ပေါက်ခြင်းအပါအဝင် ၂၀၁၈ ၌ လကြတ်ခြင်းနှင့် နေကြတ်ခြင်း စုစုပေါင်း ငါးကြိမ်ဖြစ်ပေါ်မည်ဖြစ်သည်။

ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ် လအပြည့်ကြတ်ခြင်းဖြစ် ပေါ်၍ ဇူလိုင်တွင် နောက်တစ်ကြိမ် တွေ့မြင်ရမည်ဟု နက္ခတ်တာရာ စူးစမ်းလေ့လာရေး ပညာရှင်များ က ပြောကြားသည်။ ယင်းသည် ၂၀၁၅ နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် တစ်နှစ်တည်း၌ နှစ်ကြိမ်လကြတ်မှုအဖြစ် မှတ် တမ်းဝင်လာမည်ဟု ဆိုသည်။

ယခုနှစ်အတွင်း နေကြတ်မှု ဖြစ်စဉ် သုံးကြိမ်ထိကြုံရမည်ဖြစ် ပြီး သုံးကြိမ်စလုံး နေအပြည့်အဝ ကြတ်ခြင်းမဟုတ်ဘဲ တစ်စိတ် တစ်ပိုင်းသာ ကြတ်မည်ဖြစ်သည်။ ဇန်နဝါရီတွင် လကို ကြီးမားထင်ရှားစွာ တွေ့မြင်ရသည့် စူပါမွန်းဖြစ်စဉ်နှစ်ကြိမ်  တွေ့ရမည်ဖြစ်သည်။

သို့သော် ကမ္ဘာ့အစိတ်အပိုင်း အချို့မှသာ ယင်းဖြစ်ရပ်များကို  ကြုံရမည်ဖြစ်သည်။

ဇန်နဝါရီ ၃၁ ရက်သည် ထူးခြားသော ညဖြစ်နိုင်ပြီး စူပါမွန်းဖြစ်စဉ်ရော လအပြည့်ကြတ်ခြင်း ကိုပါ တွေ့မြင်ရမည်ဟု အမေရိကန် သုတေသီများက ဆိုသည်။အထူးသဖြင့် အမေရိကန် အရှေ့ဘက် ကမ်းခြေဒေသများတွင် ယင်းဖြစ်ရပ်များကို ထင်ရှားစွာတွေ့မြင်ရမည်ဟု ခန့်မှန်းထား သည်။ ထိုညတွင် စူပါမွန်းဖြစ်စဉ် ကို ပြတ်ပြတ်သားသား တွေ့မြင်ရမည့် ဒေသများ၌ ကြီးမားဝိုင်းစက်သော ပြာလဲ့လဲ့ လဝန်းကြီးကိုပါတွေ့နိုင်မည်ဟု သိရသည်။ ထို့ကြောင့် နက္ခတ်တာရာကြည့် ဝါသနာရှင်အများအပြားသည် ယင်းရှားပါးအခြေအနေကို  မလွတ်တမ်းစောင့်ကြည့်ဖွယ်ရှိသည်။

၂၀၁၈ တွင် လအပြည့်ကြတ် မှုအခြေအနေ နှစ်ကြိမ်ပေါ်ပေါက် မည်ဖြစ်သော်လည်း ကမ္ဘာ၏ အ ရိပ်ထိုးမှု ရှုထောင့်အခြေအနေအ ပေါ် မူတည်၍ အချို့သော နိုင်ငံများ၌ အကန့်အသတ်ဖြင့် လကြတ်သည့် သဘောမျိုး တွေ့မြင်ရနိုင် ကြောင်း သတင်းများက ဖော်ပြ သည်။  ကမ္ဘာ၊ နေနှင့် လတို့ တစ် တန်းတည်းကျရောက်မှုကြောင့် နေကြတ်ခြင်း၊ လကြတ်ခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်တည်းတွင် နှစ်ကြိမ်လကြတ်မှုမျိုးသည် ရှားပါးသည့် အခြေအနေဟု ဆိုနိုင်သည်။ ၂၀၁၄-၁၅ အတွင်းလကြတ်မှု လေးကြိမ်ထိ ဖြစ်ပေါ်ဖူးသော်လည်း ယင်းကဲ့သို့ နောက်တစ်ကြိမ် ကြုံရန် ၂၀၃၂ အထိ စောင့်ဆိုင်းရဦးမည်ဟုသိရသည်။

—Ref: Sky & Telescope, Time & Date

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top