လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

Danielle templer နဲ႔ Charlie တို႔ဟာ သူတို႔ရဲ႕ ပထမဆံုးရင္ေသြးေလး Maddox ကို ရခဲ့တဲ့အခ်ိန္ကစျပီး သူတို႔ေတြဟာ ေလာကမွာ အေပ်ာ္ဆံုးလူသားေတြလို႔ ကိုယ့္ကိုကိုယ္သတ္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ေပ်ာ္ ရြင္မႈဟာ ၾကာၾကာမခံခဲ့ပါဘူး။ ဆရာ၀န္ဟာ သူ႔လက္ထဲမွာ ကိုင္ထားတဲ့ကေလးကို မေတာ္တဆ ၾကမ္းျပင္ေပၚလြတ္က်သြားခဲ့ပါတယ္။

Charlie က သူစစ္တပ္ထဲမွာ ေတာ္ေတာ္ၾကာၾကာေနဖူးတဲ့အတြက္ အခက္အခဲမ်ားစြာ ခံစားခဲ့ရေၾကာင္း၊ ဒါေပမဲ့ ကိုယ္ကေလး မ်က္စိေရွ႕မွာ လြတ္က်သြားတာျမင္လိုက္ရတဲ့အခါမွာ အျခားခံစားခ်က္ေတြနဲ႔ မတူေၾကာင္း ရွင္းျပ ခဲ့ပါတယ္။ ဒီမေတာ္တဆမႈတစ္ခုေၾကာင့္ Maddox ရဲ႕ မ်က္နွာၾကြက္သားေတြဟာ လႈပ္ရွားလို႔မရေတာ့ပါဘူး။ သူ ေပ်ာ္ရြင္တဲ့အခါ ျပံဳးရြင္ေနတဲ့မ်က္နွာ၊ ၀မ္းနည္းတဲ့အခါ ငိုေၾကြးတဲ့မ်က္နွာ၊ အထူးအဆန္းေတြ႔တဲ့အခါ အံ့ၾသတဲ့ မ်က္နွာ ဒါေတြကို သူမေဖာ္ျပနိုင္ေတာ့ပါဘူး။ အရာအားလံုး သူ႔အတြက္ ေျပာင္းလဲသြားခဲ့ပါျပီ။ သူရဲ႕မိဘေတြကို သူ႔ရဲ႕ေပ်ာ္ရြင္ျခင္းကိုျပဖို႔အတြက္ သူရဲ႕ပါးနွစ္ဖက္ကို လက္ျဖင့္အသာတြန္းျပီး အနည္းဆံုးျပံဳးတာ နဲ႔တူေအာင္ ျပဳလုပ္ျပခဲ့ပါတယ္။

လူတိုင္းဟာ အျပံဳးနဲ႔ထိုက္တန္ပါတယ္။ သူ႔သားျပံဳးလာတဲ့အထိ သူတို႔ၾကိဳးစားတာမရပ္ဘူးလို႔ Danielle က ေျပာျပခဲ့ပါတယ္။အခုေတာ့ သူတို႔ရဲ႕ ဆႏၵေတြ ျပည့္၀ခဲ့ပါျပီ။ Maddox ဟာ အဖြဲ႔အစည္းတစ္ခုမွ သူ႔ေရာဂါကို ကုဖို႔အတြက္ ကန္ေဒၚလာ တစ္သိန္းေက်ာ္အလွဴခံရရွိခဲ့ပါတယ္။ ပိုျပီး အံ့ၾသဖို႔ေကာင္းတာဟာ သူတို႔သြားခဲ့တဲ့ ေဆးရံုက သူ႔ကို အလကားကုေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

သူတို႔ေတြအတြက္ ေပ်ာ္ရြင္စရာေန႔ရက္ေတြ ျပန္ေရာက္လာပါျပီ။ အခုဆိုရင္ေတာ့ သူဟာ တျခားကေလးေတြလိုပဲ ျပံဳးနိုင္ရယ္နိုင္ခဲ့ပါျပီ။ ယခင္က သူစားတဲ့အခ်ိန္ေတြမွာ သူ႔မိခင္က ကူညီေပးခဲ့ရျပီး ယခုဆိုရင္ေတာ့ တစ္ေယာက္တည္းအေဖာ္မပါဘဲ စားနိုင္ေနပါျပီ။ သူဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ အခက္အခဲမ်ားကို ျဖတ္ေက်ာ္နိုင္ခဲ့ပါျပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
#Unicode Version#

Danielle templer နဲ့ Charlie တို့ဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေး Maddox ကို ရခဲ့တဲ့အချိန်ကစပြီး သူတို့တွေဟာ လောကမှာ အပျော်ဆုံးလူသားတွေလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော် ရွင်မှုဟာ ကြာကြာမခံခဲ့ပါဘူး။ ဆရာဝန်ဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ကလေးကို မတော်တဆ ကြမ်းပြင်ပေါ်လွတ်ကျသွားခဲ့ပါတယ်။

Charlie က သူစစ်တပ်ထဲမှာ တော်တော်ကြာကြာနေဖူးတဲ့အတွက် အခက်အခဲများစွာ ခံစားခဲ့ရကြောင်း၊ ဒါပေမဲ့ ကိုယ်ကလေး မျက်စိရှေ့မှာ လွတ်ကျသွားတာမြင်လိုက်ရတဲ့အခါမှာ အခြားခံစားချက်တွေနဲ့ မတူကြောင်း ရှင်းပြ ခဲ့ပါတယ်။ ဒီမတော်တဆမှုတစ်ခုကြောင့် Maddox ရဲ့ မျက်နှာကြွက်သားတွေဟာ လှုပ်ရှားလို့မရတော့ပါဘူး။ သူ ပျော်ရွင်တဲ့အခါ ပြုံးရွင်နေတဲ့မျက်နှာ၊ ဝမ်းနည်းတဲ့အခါ ငိုကြွေးတဲ့မျက်နှာ၊ အထူးအဆန်းတွေ့တဲ့အခါ အံ့သြတဲ့ မျက်နှာ ဒါတွေကို သူမဖော်ပြနိုင်တော့ပါဘူး။ အရာအားလုံး သူ့အတွက် ပြောင်းလဲသွားခဲ့ပါပြီ။ သူရဲ့မိဘတွေကို သူ့ရဲ့ပျော်ရွင်ခြင်းကိုပြဖို့အတွက် သူရဲ့ပါးနှစ်ဖက်ကို လက်ဖြင့်အသာတွန်းပြီး အနည်းဆုံးပြုံးတာ နဲ့တူအောင် ပြုလုပ်ပြခဲ့ပါတယ်။

လူတိုင်းဟာ အပြုံးနဲ့ထိုက်တန်ပါတယ်။ သူ့သားပြုံးလာတဲ့အထိ သူတို့ကြိုးစားတာမရပ်ဘူးလို့ Danielle က ပြောပြခဲ့ပါတယ်။အခုတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ Maddox ဟာ အဖွဲ့အစည်းတစ်ခုမှ သူ့ရောဂါကို ကုဖို့အတွက် ကန်ဒေါ်လာ တစ်သိန်းကျော်အလှူခံရရှိခဲ့ပါတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာဟာ သူတို့သွားခဲ့တဲ့ ဆေးရုံက သူ့ကို အလကားကုပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

သူတို့တွေအတွက် ပျော်ရွင်စရာနေ့ရက်တွေ ပြန်ရောက်လာပါပြီ။ အခုဆိုရင်တော့ သူဟာ တခြားကလေးတွေလိုပဲ ပြုံးနိုင်ရယ်နိုင်ခဲ့ပါပြီ။ ယခင်က သူစားတဲ့အချိန်တွေမှာ သူ့မိခင်က ကူညီပေးခဲ့ရပြီး ယခုဆိုရင်တော့ တစ်ယောက်တည်းအဖော်မပါဘဲ စားနိုင်နေပါပြီ။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အခက်အခဲများကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top