ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ားအားျဖင့္ေတာ့ ကိုယ္ဝန္ 16 ပတ္ကေန 22 ပတ္ၾကားမွာ ကေလးစလႈပ္ေလ့ရွိၿပီးေတာ့ ဗိုက္ထဲမွာ ေရလႈပ္သလို၊ ပူစီေဖာင္းေလးေတြတက္ေနသလို၊ အစာမေၾကသလိုလို ခံစားရတတ္ပါတယ္။

ကိုယ္ဝန္ 23 ပတ္နဲ႔ 30 ပတ္ၾကားေရာက္လာၿပီဆိုရင္ေတာ့ ကေလးလႈပ္တာပိုျပင္းထန္္လာၿပီးေတာ့ မိခင္ေတြက ကေလးလႈပ္ရွားမႈကို သိသိသာသာခံစားလာရပါတယ္။ ကေလးကန္တာလား၊ လွိမ့္တာလားဆိုတာကိုခြဲျခားလာႏိုင္ၿပီး ဗိုက္ကိုထိလိုက္ရင္ ကေလးက ျပန္ၿပီးတုန္႔ျပန္တာကို ခံစားရပါတယ္။

ကေလးေတြလႈပ္ရွားတဲ့ပံုစံက အေမေတြရဲ႕အေလ့အထနဲ႔မကိုက္ညီဘဲရွိတတ္တဲ့အတြက္ အေမေတြညဘက္အိပ္ခ်ိန္မွ ကေလးတအားလႈပ္တာမ်ိဳးရွိပါတယ္။ ဒါက ပံုမွန္ပါပဲ။ ကေလးအလႈပ္နည္းသြားရင္ (သို႔) လံုးဝမလႈပ္ေတာ့ရင္ နီးစပ္ရာက်န္းမာေရးဌာနကို အျမန္သြားျပပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
အများအားဖြင့်တော့ ကိုယ်ဝန် 16 ပတ်ကနေ 22 ပတ်ကြားမှာ ကလေးစလှုပ်လေ့ရှိပြီးတော့ ဗိုက်ထဲမှာ ရေလှုပ်သလို၊ ပူစီဖောင်းလေးတွေတက်နေသလို၊ အစာမကြေသလိုလို ခံစားရတတ်ပါတယ်။

ကိုယ်ဝန် 23 ပတ်နဲ့ 30 ပတ်ကြားရောက်လာပြီဆိုရင်တော့ ကလေးလှုပ်တာပိုပြင်းထန်လာပြီးတော့ မိခင်တွေက ကလေးလှုပ်ရှားမှုကို သိသိသာသာခံစားလာရပါတယ်။ ကလေးကန်တာလား၊ လှိမ့်တာလားဆိုတာကိုခွဲခြားလာနိုင်ပြီး ဗိုက်ကိုထိလိုက်ရင် ကလေးက ပြန်ပြီးတုန့်ပြန်တာကို ခံစားရပါတယ်။

ကလေးတွေလှုပ်ရှားတဲ့ပုံစံက အမေတွေရဲ့အလေ့အထနဲ့မကိုက်ညီဘဲရှိတတ်တဲ့အတွက် အမေတွေညဘက်အိပ်ချိန်မှ ကလေးတအားလှုပ်တာမျိုးရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကလေးအလှုပ်နည်းသွားရင် (သို့) လုံးဝမလှုပ်တော့ရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်သွားပြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top