န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူအတြက္ အီဂ်စ္ႏုိင္ငံအတြင္းကုိ နာက်င္ကုိက္ခဲေပ်ာက္ေဆးမ်ား သြင္းယူခဲ့ရာမွ ေထာင္ဒဏ္သုံးႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ ၿဗိတိန္သူ ေလာ္ရာ ပလမ္မာကုိ အီဂ်စ္သမၼတ အဗၺဒဲလ္ဖက္တာ အယ္လ္ဆစ္စီက ျပစ္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးလိုက္ေၾကာင္း သိရပါတယ္။

အီဂ်စ္သမၼတက ဇန္နဝါရီ ၂၅ ရက္မွာ က်င္းပျပဳလုပ္တဲ့ ေတာ္လွန္ေရးေန႕ ေအာင္ပြဲခံအထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ျခင္းျဖစ္ပါတယ္။ ေလာ္ရာဟာ အီဂ်စ္သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္အရ ေထာင္မွလြတ္ေျမာက္ၿပီး မၾကာမီ ၿဗိတိန္ႏုိင္ငံကုိ ျပန္လာႏုိင္ေတာ့မယ္လုိ႕ ဆုိပါတယ္။

ေလာ္ရာဟာ ယေန႕ (ဇန္နဝါရီ ၂၆ ရက္) သုိ႕မဟုတ္ မနက္ျဖန္ (ဇန္နဝါရီ၂၇ ရက္) မနက္ပုိင္းမွာ ေထာင္မွလြတ္ေျမာက္မယ္လုိ႕ေမွ်ာ္လင့္ရေၾကာင္း ၿဗိတိန္ Daily Mail သတင္းက ေဖာ္ျပပါတယ္။

- ခ်စ္သူအတြက္ အီဂ်စ္ကုိ နာက်င္ကိုက္ခဲေပ်ာက္ေဆး သယ္ေဆာင္လာခဲ့တဲ့ ၿဗိတိန္သူ ေထာင္သုံးႏွစ္က်

လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့ သတင္းကုိၾကားရၿပီးေနာက္ "ဒီလုိေန႕မ်ဳိးေရာက္လာမယ္လုိ႕ ဘယ္တုန္းကမွ မေတြးခဲ့မိပါဘူး၊ ကၽြန္မ ေမွ်ာ္လင့္ခ်က္မထားဘဲ ေနခဲ့တာပါ" လုိ႕ ေလာ္ရာက ဖြင့္ဟခဲ့ပါတယ္။ သူမရဲ႕မိသားစုဝင္ေတြက အီဂ်စ္ႏုိင္ငံကုိ ယေန႕ ေရာက္႐ွိမွာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ေလာ္ရာဟာ ယမန္ႏွစ္ ေအာက္တုိဘာ ၉ ရက္က အီဂ်စ္ကုိလာေရာက္စဥ္အတြင္း သူမရဲ႕ ခရီးေဆာင္အိတ္အတြင္း ထရာမာေဒါလ္ (Tramadol) နာက်င္ကုိက္ခဲေပ်ာက္ေဆး အေရအတြက္ ၂၉၀ ႐ွာေဖြေတြ႕႐ွိခဲ့ၿပီးေနာက္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

သူမရဲ႕ခ်စ္သူ အီဂ်စ္အမ်ဳိးသား ေနာက္ေက်ာ နာက်င္ေနမႈကုိ ကုသရန္အတြက္ အဆုိပါ နာက်င္ကုိက္ခဲေပ်ာက္ေဆးမ်ားကုိ အီဂ်စ္ႏုိင္ငံအတြင္းသုိ႕ သယ္ေဆာင္လာခဲ့တယ္လို႕ ေလာ္ရာက ေျပာခဲ့ပါတယ္။

Tramadol နာက်င္ကုိက္ခဲေပ်ာက္ေဆးကုိ ၿဗိတိန္မွာ တရားဝင္သုံးခြင့္ သုိ႕မဟုတ္ ဆရာဝန္ညြန္ၾကားခ်က္ျဖင့္ ေသာက္သုံးခြင္ျပဳထားေပမဲ့ အီဂ်စ္ႏုိင္ငံမွာ တားျမစ္ေဆးဝါးအျဖစ္ ဥပေဒျဖင့္ အသုံးျပဳခြင့္ပိတ္ပင္ထားပါတယ္။

အီဂ်စ္ႏုိင္ငံမွာ Tramadol နာက်င္ကုိက္ခဲေပ်ာက္ေဆးကုိ တားျမစ္ေဆးအျဖစ္ သတ္မွတ္ထားေၾကာင္း မသိခဲ့ဘူးလုိ႕ ေလာ္ရာက သူမကို စစ္ေဆးရာမွာ ထြက္ဆုိခဲ့ပါတယ္။ သုိ႕ေသာ္ ေလာ္ရာကုိ ယမန္ႏွစ္ ဒီဇင္ဘာ ၂၆ ရက္မွာ အီဂ်စ္တရား႐ုံးက ေထာင္ဒဏ္သုံးႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။
Tramadol နာက်င္ကုိက္ခဲေပ်ာက္ေဆးျပား

- နာက်င္ကုိက္ခဲမႈကုိ သက္သာေစတဲ့ ေဆးဝါးျဖစ္ပါတယ္။

- Class C အဆင့္ ေဆးဝါးအျဖစ္ သတ္မွတ္ထားၿပီး ၿဗိတိန္ႏုိင္ငံမွာသာ ဆရာဝန္ သုိ႕မဟုတ္ က်န္းမာေရးေစာင့္ေ႐ွာက္မႈ ကၽြမ္းက်င္သူရဲ႕ ညႊန္ၾကားခ်က္ျဖင့္ ဝယ္ယူအသုံးျပဳႏုိင္ပါတယ္။

- Class C အဆင့္ ေဆးဝါးဟာ ေသာက္သုံးရန္ ညႊန္ၾကားျခင္းခံရသူ တစ္ဦးတည္းသာလွ်င္ သုံးခြင့္႐ွိၿပီး အျခားသူထံ လႊဲေျပာင္းေပးခြင့္ မ႐ွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ချစ်သူအတွက် အီဂျစ်နိုင်ငံအတွင်းကို နာကျင်ကိုက်ခဲပျောက်ဆေးများ သွင်းယူခဲ့ရာမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဗြိတိန်သူ လော်ရာ ပလမ်မာကို အီဂျစ်သမ္မတ အဗ္ဗဒဲလ်ဖက်တာ အယ်လ်ဆစ်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

အီဂျစ်သမ္မတက ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ တော်လှန်ရေးနေ့ အောင်ပွဲခံအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ပါတယ်။ လော်ရာဟာ အီဂျစ်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်မှလွတ်မြောက်ပြီး မကြာမီ ဗြိတိန်နိုင်ငံကို ပြန်လာနိုင်တော့မယ်လို့ ဆိုပါတယ်။

လော်ရာဟာ ယနေ့ (ဇန်နဝါရီ ၂၆ ရက်) သို့မဟုတ် မနက်ဖြန် (ဇန်နဝါရီ၂၇ ရက်) မနက်ပိုင်းမှာ ထောင်မှလွတ်မြောက်မယ်လို့မျှော်လင့်ရကြောင်း ဗြိတိန် Daily Mail သတင်းက ဖော်ပြပါတယ်။

- ချစ်သူအတွက် အီဂျစ်ကို နာကျင်ကိုက်ခဲပျောက်ဆေး သယ်ဆောင်လာခဲ့တဲ့ ဗြိတိန်သူ ထောင်သုံးနှစ်ကျ

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သတင်းကိုကြားရပြီးနောက် "ဒီလိုနေ့မျိုးရောက်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး၊ ကျွန်မ မျှော်လင့်ချက်မထားဘဲ နေခဲ့တာပါ" လို့ လော်ရာက ဖွင့်ဟခဲ့ပါတယ်။ သူမရဲ့မိသားစုဝင်တွေက အီဂျစ်နိုင်ငံကို ယနေ့ ရောက်ရှိမှာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် လော်ရာဟာ ယမန်နှစ် အောက်တိုဘာ ၉ ရက်က အီဂျစ်ကိုလာရောက်စဉ်အတွင်း သူမရဲ့ ခရီးဆောင်အိတ်အတွင်း ထရာမာဒေါလ် (Tramadol) နာကျင်ကိုက်ခဲပျောက်ဆေး အရေအတွက် ၂၉၀ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ချစ်သူ အီဂျစ်အမျိုးသား နောက်ကျော နာကျင်နေမှုကို ကုသရန်အတွက် အဆိုပါ နာကျင်ကိုက်ခဲပျောက်ဆေးများကို အီဂျစ်နိုင်ငံအတွင်းသို့ သယ်ဆောင်လာခဲ့တယ်လို့ လော်ရာက ပြောခဲ့ပါတယ်။

Tramadol နာကျင်ကိုက်ခဲပျောက်ဆေးကို ဗြိတိန်မှာ တရားဝင်သုံးခွင့် သို့မဟုတ် ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးခွင်ပြုထားပေမဲ့ အီဂျစ်နိုင်ငံမှာ တားမြစ်ဆေးဝါးအဖြစ် ဥပဒေဖြင့် အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။

အီဂျစ်နိုင်ငံမှာ Tramadol နာကျင်ကိုက်ခဲပျောက်ဆေးကို တားမြစ်ဆေးအဖြစ် သတ်မှတ်ထားကြောင်း မသိခဲ့ဘူးလို့ လော်ရာက သူမကို စစ်ဆေးရာမှာ ထွက်ဆိုခဲ့ပါတယ်။ သို့သော် လော်ရာကို ယမန်နှစ် ဒီဇင်ဘာ ၂၆ ရက်မှာ အီဂျစ်တရားရုံးက ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
Tramadol နာကျင်ကိုက်ခဲပျောက်ဆေးပြား

- နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ဆေးဝါးဖြစ်ပါတယ်။

- Class C အဆင့် ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး ဗြိတိန်နိုင်ငံမှာသာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်ဖြင့် ဝယ်ယူအသုံးပြုနိုင်ပါတယ်။

- Class C အဆင့် ဆေးဝါးဟာ သောက်သုံးရန် ညွှန်ကြားခြင်းခံရသူ တစ်ဦးတည်းသာလျှင် သုံးခွင့်ရှိပြီး အခြားသူထံ လွှဲပြောင်းပေးခွင့် မရှိပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top