iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ဖြင့်ဖတ်ရန် #




Credit: lwinpyin

# Unicode ဖြင့်ဖတ်ရန် #

ထိုင်းနိုင်ငံ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်သူ ‘နာတာဝပ်သွန်နီယွမ်ဆပ်’ အား ငွေးကြေးရယူလာဘ်စားကာ အရှုံးပေးခဲ့သည်ဟု သူ၏ကလပ်အသင်းက စွပ်စွဲခဲ့ပြီးနောက် နှိပ်စက်မှုများပြုခံခဲ့ရကြောင်း တိုင်ကြားခဲ့သည်။

နာတာဝပ်၏ ဖေ့စ်ဘွခ်အကောင့်တွင် သူ၏မျက်နှာကို အကန်ခံရပြီး၊ ကြိမ်လုံးဖြင့် အချက် ၂၀ ခန့်ရိုက်ခံရကာ သုံးရက် ထိန်းသိမ်းခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့သည်။
နာတာဝပ်ဟာ နွန်သာဘူရီပြည်နယ်ရှိ စော်ဂျော်လက်ခ်မောင်နွန် လက်ဝှေ့အဖွဲ့က လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့က ဆာမွတ်စခုံတွင် ထိုးသတ်ခဲ့သည့် ဖယ်သာဝိတ်တန်းလက်ဝှေ့ပွဲတွင် သုံးချီနှင့် နောက်ကောက်ကျရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှုံးနိမ့်ခဲ့ခြင်းအပေါ် လာဘ်စားထားသည်(ခေါက်ဆွဲစား) သည်ဟု အဖွဲ့က ထင်မြင်ယူဆပြီး ရက်စက်စွာပြုမူခဲ့ခြင်းဖြစ်သည်။ သူဟာ အဖွဲ့မှထွက်ပြေးခဲ့ပြီးနောက် မန်နေဂျာဖြစ်သူအား နှိပ်စက်မှုများအတွက် ရဲတိုင်ကြားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားပြီး အဖွဲ့မန်နေဂျာ မစ္စတာနရောင်း အနေနဲ့ လာမည့်ကြာဿပတေးနေ့တွေင် အမှုရင်ဆိုင်သွားမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top