iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါပ်ိဳေမတို႔ေရ။ အလွအပဆိုတာ အမ်ိဳးသမီးတိုင္းအတြက္ မရွိမျဖစ္ပါပဲေနာ္။ အၿမဲတမ္းလွေနေစဖို႔ အလွအပဆိုင္ရာ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

အုန္းဆီကို ႏႈတ္ခမ္းနီလိုသံုးမယ္

အုန္းဆီကို ဆံေကသာတစ္ခုတည္းအတြက္သာမကပါ ႏႈတ္ခမ္းသား ေျခာက္ေသြ႕အက္ကြဲတာေတြအတြက္ သံုးႏိုင္ပါတယ္။ ႏႈတ္ခမ္းေျခာက္တာကို ကာကြယ္ေပးသလို ႏႈတ္ခမ္းသားကိုလည္း စိုေျပေစပါတယ္။

အုန္းဆီနဲ႔ မိတ္ကပ္ဖ်က္မယ္

မိမိမွာ မိတ္ကပ္ဖ်က္တာ ကုန္ေနလို႔ စိတ္မပူပါနဲ႔။ ဝါဂြမ္းကို အုန္းဆီ တို႔ေပးလိုက္ၿပီး Eyeliner ေတြ၊ EyeShadow ေတြ၊ မိတ္ကပ္ေတြကို ဖ်က္ေပးလို႔ရပါတယ္။

မ်က္ကြင္းညိဳတာ သက္သာဖို႔

မ်က္ကြင္းညိဳတာ မ်က္အိတ္ေဖာင္းတာကို သက္သာေစဖို႕အတြက္ သခြားသီး (သို႔) အာလူးကို ပါးပါးလွီးၿပီး ကပ္ေပးလုိ႔ရပါတယ္။

အသားအေရ စိုေျပေစဖို႔ ပ်ားရည္

ပ်ားရည္ကို အသားအေရ စိုေျပေစဖို ႔အသံုးျပဳႏိုင္ပါတယ္။ ညအိပ္ယာမဝင္ခင္ ပ်ားရည္ကို မ်က္ႏွာေပၚမွာ ၅ မိနစ္ ၁၀ မိနစ္ခန္႕လိမ္းထားၿပီး မ်က္ႏွာသစ္ခ်လိုက္ပါ။

ႏႈတ္ခမ္းသားအက္ကြဲေနရင္

ႏႈတ္ခမ္းသား အက္ကြဲေနရင္ သၾကားနဲ႔ ပ်ားရည္ကို ေရာၿပီး ႏႈတ္ခမ္းကို ၅ မိနစ္ေလာက္ပြတ္ေပးလိုက္ပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ ဒီအတိုင္းထားပါ။ အဲဒီေနာက္ ေရေဆးခ်လိုက္ၿပီး အဆီတမ်ိဳးမ်ိဳး လိမ္းေပးထားလိုက္ပါ။

မ်က္ႏွာေတြ အသားအေရ ယားယံတာေတြကိုလည္း သၾကားနဲ႔ ပ်ားရည္ကို ေရာၿပီးလမ္းႏိုင္သလို သၾကားနဲ႔ ေရနဲ ႔ေရာၿပီးလိမ္းႏိုင္ပါတယ္။ သၾကားအရည္မေပ်ာ္ခင္ လိမ္းေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
မင်္ဂလာပါပျိုမေတို့ရေ။ အလှအပဆိုတာ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်ပါပဲနော်။ အမြဲတမ်းလှနေစေဖို့ အလှအပဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အုန်းဆီကို နှုတ်ခမ်းနီလိုသုံးမယ်

အုန်းဆီကို ဆံကေသာတစ်ခုတည်းအတွက်သာမကပါ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာတွေအတွက် သုံးနိုင်ပါတယ်။ နှုတ်ခမ်းခြောက်တာကို ကာကွယ်ပေးသလို နှုတ်ခမ်းသားကိုလည်း စိုပြေစေပါတယ်။

အုန်းဆီနဲ့ မိတ်ကပ်ဖျက်မယ်

မိမိမှာ မိတ်ကပ်ဖျက်တာ ကုန်နေလို့ စိတ်မပူပါနဲ့။ ဝါဂွမ်းကို အုန်းဆီ တို့ပေးလိုက်ပြီး Eyeliner တွေ၊ EyeShadow တွေ၊ မိတ်ကပ်တွေကို ဖျက်ပေးလို့ရပါတယ်။

မျက်ကွင်းညိုတာ သက်သာဖို့

မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာကို သက်သာစေဖို့အတွက် သခွားသီး (သို့) အာလူးကို ပါးပါးလှီးပြီး ကပ်ပေးလို့ရပါတယ်။

အသားအရေ စိုပြေစေဖို့ ပျားရည်

ပျားရည်ကို အသားအရေ စိုပြေစေဖို့အသုံးပြုနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် ပျားရည်ကို မျက်နှာပေါ်မှာ ၅ မိနစ် ၁၀ မိနစ်ခန့်လိမ်းထားပြီး မျက်နှာသစ်ချလိုက်ပါ။

နှုတ်ခမ်းသားအက်ကွဲနေရင်

နှုတ်ခမ်းသား အက်ကွဲနေရင် သကြားနဲ့ ပျားရည်ကို ရောပြီး နှုတ်ခမ်းကို ၅ မိနစ်လောက်ပွတ်ပေးလိုက်ပါ။ ပြီးရင် ၅ မိနစ်လောက် ဒီအတိုင်းထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပြီး အဆီတမျိုးမျိုး လိမ်းပေးထားလိုက်ပါ။

မျက်နှာတွေ အသားအရေ ယားယံတာတွေကိုလည်း သကြားနဲ့ ပျားရည်ကို ရောပြီးလမ်းနိုင်သလို သကြားနဲ့ ရေနဲ့ရောပြီးလိမ်းနိုင်ပါတယ်။ သကြားအရည်မပျော်ခင် လိမ်းပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top