ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ၾကိဳက္တဲ႔သူေတြ ပင္လယ္ကမ္းစပ္ေဘး သစ္ငုတ္ သစ္ကိုင္းေတြၾကားခက္ခက္ခဲခဲ ရွာစားၾကတဲ႔ ပ​ေလာက္​ (ပုလုပ္)ေကာင္။

ပ​ေလာက္​ ( ​ေပႅါက္​ ) ႐ွာပံု​ေတာ္​ခရီး

ဒီတစ္ခါေတာ့ျဖင့္ ကိုယ္ၾကိဳက္နွစ္သက္ရတဲ့ ပင္လယ္အစားအစာတစ္မ်ိဳးကို ဘယ္လိုဘယ္ပံု ထုတ္ယူခဲ့ရသလဲဆိုတာ အ​ေသအခ်ာ​ေလ့လာခဲ့ရပါတယ္​ ။

ပေလာက္ ( ေပႅါက္ ) လို႔ေခၚတဲ့ပင္လယ္အစားအစာတစ္မ်ိဳးပါ ။ စားလို႔ေကာင္းသေလာက္ ရွားပါးျပီးထုတ္ယူရခက္ခဲတဲ့ ပင္လယ္စာတစ္မ်ိဳးျဖစ္ပါတယ္​ ။ သူ႔ရာသီမဟုတ္လို႔လား ဒါမွမဟုတ္ အဲဒါေတြမ်ိဳးျပဳန္းကုန္​လို႔လားေတာ့မသိ ၊ ေတာ္ေတာ္ကို ခက္ခက္ခဲခဲနဲ႔ ရွာလိုက္ရတာပါပဲ ။ ဒါေပမယ့္လည္း ပေလာက္ ( ေပႅါက္ ) ကို ကိုယ္တိုင္ထုတ္ယူရသလို နဖူးေတြ ႔ဒူးေတြ ႔ပါ၀င္လွဳပ္ရွားခဲ့ရလို႔ ပင္ပန္းေပမယ့္လည္း စိတ္ထဲမွာ အေတာ္ေလးေက်နပ္မိပါတယ္ ။

အခုက ပညစ္ရႊာကို ဒုတိယအၾကိမ္ေရာက္ခဲ့တာျဖစ္တယ္ ။ ပထမၾကိမ္ေရာက္ျပီးတဲ့အခ်ိန္မွာ ပညစ္ပင္​လယ္​ကမ္းေျခအေၾကာင္း ေဆာင္းပါးေတြေရးျပီး သတင္းစာမွာထည့္ျဖစ္ေတာ့ ေဒသခံအသိဥပဇင္းေလးက အားရေက်နပ္တာနဲ႔ ေနာက္ထပ္လည္း ပညစ္ကမ္းေျခကိုအလည္လာခဲ့ဖို႔ ဖိတ္ေခၚေတာ့တယ္ ။ ဒီတစ္ခါ လာရင္ ပေလာက္ ေဖာက္တာ ( ထုတ္ယူတာ ) ကိုေလ့လာလို႔ရေအာင္ စီစဥ္ေပးမတဲ့​ေလ ။ ဥပဇင္းက သူဆီေနာက္တစ္ေခါက္အလည္လာေအာင္လို႔ ကၽြန္ေတာ္စိတ္၀င္စားတာေတြနဲ႔ ျမွားေခၚတာ​ေပါ့​ ။ ေနာက္ထပ္လာျဖစ္ရင္ ၾကိဳျပီးသာေျပာပါ သူအားလံုးစီစဥ္ေပးထားမယ္​ဆိုပဲ ။

အခု ပညစ္ကို ​၊ေနာက္တစ္​​ၾကီမ္ေရာက္ေတာ့ ေျပာထားတဲ့ဥပဇင္းက ရြာမွာရွိမေနဘူး ။ သူမ႐ွိဘူးဆိုရင္​ ပေလာက္ေဖာက္တာကိုေလ့လာမယ့္အစီစဥ္ ပ်က္ျပီထင္ပါရဲ႕ ​။ နည္းနည္းေတာ့ စိတ္ဓာတ္က်သြားတယ္ ။ ဒါေပမယ့္လည္း ေမ်ာ္လင့္ခ်က္ေလးတစ္ေလးတစ္ခုေတာ့ရွိေသးတာပါ ။ ဥပဇင္းရဲ ႔တပည့္ ရြာခံေကာင္ေလးတစ္ေယာက္က ပေလာက္ေဖာက္တာကိုေလ့လာလို႔ရေအာင္ သူကူညီမယ္တဲ့ ။

ပေလာက္ေဖာက္တတ္တဲ့အေဒၚၾကီးတစ္ေယာက္ကိုလည္းေခၚထားျပီးျပီျဖစ္ေၾကာင္းနဲ႔ အဲဒီအေဒၚၾကီးနဲ႔အတူ ရြာျပင္ကဒီေရေတာထဲမွာ ပေလာက္ရွာၾကဖို႔ စီစဥ္ထားတယ္လို႔ဆိုတယ္ ။ ေတာ္ေသးတာေပါ့ စိတ္ကူးထားတဲ့အစီစဥ္ေလးမပ်က္ေသးလို႔ ။ ႏို႔မို႔ရင္​ ဒီခရီးစဥ္​​ေလးက အဓိပၸါယ္​မဲ့သြား​ေလာက္​တယ္​​ေလ ။
ဒီခရီးစဥ္​မွာ ကြၽန္​​ေတာ္​နဲ႔အတူ အညာသားတစ္​​ေယာက္​နဲ႔ ​ေယာနယ္​သားတစ္​​ေယာက္​လည္​းပါလာ​ေသးရဲ႕ ။

ဒီလိုနဲ႔ပဲ စီစဥ္ေပးတဲ့ေကာင္ေလးေနာက္ကို အားကိုးတၾကီးနဲ႔ ကၽြန္ေတာ္တို႔လိုက္ခဲ့ၾကတယ္ ဆိုပါေတာ့ ။ ဒါေပမယ့္လည္း သူေျပာတဲ့ အေဒၚၾကီးအိမ္ကိုေရာက္ေတာ့ အေျခေနေတြက တစ္မ်ိဳးေျပာင္းကုန္တာပါ ။ အေဒၚၾကီးရဲ ႔ေယာက်ၤားျဖစ္ပံုရတဲ့ဦးေလးၾကီးက မွင္တစ္ပိုင္နဲ႔ ကြၽန္​​ေတာ္​တို႔႐ဲ ႔မစ္​႐ွင္​ႃကီးကို အဖ်က္စကားနဲ ့ဆီးျကိုတယ္ ။ သူ​ေျပာတာက …..

အခုခ်ိန္မွာ ပေလာက္ကိုဘယ္မွာရွာလို႔ ေတြ ႔မွာတုန္း တဲ့ …

ဒီအခ်ိန္ ဒီရာသီက ပေလာက္ေဖာက္တဲ့ရာသီမဟုတ္ဘူး တဲ့ …

အခုခ်ိန္မ်ိဳးမွာ မင္းတို႔တစ္ေတြ မ်က္လံုးထဲေသြးထြက္ေအာင္ရွာရင္ေတာင္မွ ပေလာက္ လက္တစ္ဆုပ္စာရလိမ့္မယ္လို႔မထင္နဲ႔ တဲ့။

အဲဒီဦး​ေလးႀကီး ျမည္တြန္ေတာက္တီးျပီး တဖ်စ္ေတာက္ေတာက္ေျပာဆိုေနလိုက္တာမ်ား အားကိုးတ​ႀကီးနဲ႔အကူညီ​လာေတာင္​းတဲ့ကြၽန္​​ေတာ္​တို႔တ​ေတြ ရင္​၀ကိုဆီးကန္​လိုက္​သလို ခံစားလိုက္​ရတယ္​ ။ ပေလာက္လိုက္ေဖာက္ေပးမယ္လို႔ အာမခံထားတဲ့ အေဒၚၾကီးက​ေတာ့ သူ႔ေယာက်ၤားကိုေၾကာက္လို႔ထင္ပါရဲ ႔ ကြၽန္​​ေတာ္​တို႔​ေနာက္​ကိုလိုက္​ဖို႔မ​ေျပာနဲ႔ တုတ္တုတ္မွ ကိုမလွဳပ္ေတာ့ဘူး ။ အစီစဥ္ေတြပ်က္ျပီထင္ပါရဲ ႔ ။ အ​ေတာ္​​ေလးကို စိတ္​ညစ္​သြားမိပါတယ္​ ။ ခဲ​ေလသမွ် သဲ​ေရက်ပဲ ။

အဲဒီမွာပဲစီစဥ္ေပးတဲ့ေကာင္ေလးက ကၽြန္ေတာ္တို႔ကို အားနာလာပံုရတယ္ ။ ပေလာက္ေဖာက္တာကိုျမင္ရဖို႔ ေမ်ာ္လင့္တၾကီးလာခဲ့ၾကတာကိ္ုသိေနေတာ့လည္း စိတ္မေကာင္းဘူးေနမွာေပါ့ ။ အဲဒါနဲ႔ သူက စိတ္မရွည္ဟန္နဲ႔

ကိုင္း .. အေဒၚၾကီး ၊ ပေလာက္ လိုက္မေဖာက္ေပးေတာ့ဘူး ဆိုရင္လည္း ကိုယ့္ဟာကိုယ္ပဲသြားရွာေတာ့မယ္ဗ်ာ ၊ တစ္ေကာင္ပဲ ရရ နွစ္ေကာင္ပဲ ရရ …. ဒီက ဧည့္သည္ေတြ ျမင္ခြင့္ရရင္ ေတာ္ျပီဗ်ာ .. ။

လို႔ေျပာျပီး ေပါက္ဆိန္ၾကီးတစ္လက္ကိုထမ္းလို႔ ရြာေတာင္ပိုင္းက ဒီေရေတာရွိရာကို ကၽြန္ေတာ္တို႔တေတြ ထြက္လာခဲ့ေတာ့တယ္ ။

ရြာေတာင္ပိုင္းက ပင္လယ္ေရစပ္စပ္ေနရာေတြမွာ ေျခတံရွည္ ( အျမစ္ရွည္ ) ျပဳန္းပင္ေတာၾကီးေတြေပါက္ေနတာကိုေတြ ႔ရပါတယ္ ။ ရြာနားနီးလို႔လားေတာ့မသိ အပင္ေတြက အၾကီးၾကီးေတြ မေတြ ႔ရဘူး ။ ဒီ​ေနရာ၀န္​းက်င္​မွာ အပင္​​ေတြ႐ွိသလို ဓနိပင္ေတြကိုလည္း ေတြ ႔ေနရေသးရဲ ႔ ။ ျပဳန္းပင္ေတြက အခ်င္းခ်င္းပူးကပ္ေနတာမ်ိဳးမဟုတ္ေပမယ့္ သူ႔အပင္ကေနထြက္လာတဲ့ အျမစ္ၾကီးေတြက ကားထြက္ေနတာမို႔ တစ္ပင္နဲ႔တစ္ပင္အၾကား ႐ႈပ္​႐ွက္​ခပ္​​ေနတယ္ ။ အဲဒီအျကားကို ​​​ေတာ္​ရံု၀င္​ဖို႔မလြယ္​ဘူး ။

အခု ပေလာက္ကိုရွာဖို႔ အဲဒီအပင္ၾကားထဲကို တိုးရမွာတဲ့ ။
တိုးမွရမယ္​ဆိုလည္​း တိုးေပါ့ …
ဒါကိုေလ့လာခ်င္လို႔လာပါတယ္ဆိုမွ ဘာကိုမွ တြန္႔ဆုတ္ေနဖို႔မရွိဘူးေလ ။ ေတာတိုးဆိုလည္း တိုးရံု​​ေပါ့ ။

အပင္ေတြၾကားကဗြက္ေတာထဲမွာ ငုတ္ေတြစူးနိဳင္တာမို႔ သတိထားျပီးေတာ့ သြားရအံုးမွာပဲ ။ ဒီေရေတာဆိုေတာ့ အဲဒီေတာထဲက သစ္ပင္သစ္ကိုင္းေတြေရထဲက်ျပီး ေဆြးေျမ့တာမ်ိဳးေတြရွိမွာပဲေပါ့ ။ အခု အဲဒါဒါမ်ိဳးကို ရွာရမွာတဲ့ ။ အဲလိုေရစိမ္ျပီးေဆြးေနတဲ့ သစ္ကိုင္းေတြ ပင္စည္တံုးၾကီးေတြထဲမွာမွ ကၽြန္ေတာ္တို႔ ျမင္ခ်င္လွပါျပီဆိုတဲ့ ပေလာက္ေကာင္ေတြက အိမ္ဖြဲျပီးေနၾကသတဲ့ ။

တကယ္​တမ္​း႐ွာၾကည္​့​ေတာ့မွ ပ​ေလာက္​တစ္​​ေကာင္​ရဖို႔အ​ေရး ဘယ္​​ေလာက္​ခက္​ခဲတယ္​ဆိုတာ သိလိုက္​ရ​ေတာ့တယ္​ ။ လူ​ေနရပ္​ရြာ​ေတြနဲ႔လွမ္​းတဲ့ဒီ​ေရ​ေတာထဲက ​ေရထဲက်​ေနတဲ့သစ္​တံုးအ​ေဆြး​ခပ္​ႀကီးႀကီးေတြထဲမွာ ပ​ေလာက္​အ​ေကာင္​အႀကီးႀကီး​ေတြရတတ္​တယ္​လို႔​ေတာ့ ၾကားဖူးပါတယ္​ ။ အခုက​ ရြာအနားကပ္​​ေနတဲ့ ​ဒီ​ေရာ​ေတာ​ေလးထဲ႐ွာ​ေနရတာဆို​ေတာ့ သစ္​တံုးအ​ေဆြးတံုႀကီးလည္​းမ​ေတြ႔ရဘူး ။ သစ္​ကိုင္​းအ​ေသး​ေလး​ေတာင္​မွ အ​ေတာ္​႐ွားတာ​ေလ ။ ရြာခံ​ေကာင္​​ေလးက​ေတာ့ ႀကိဳးစားၿပီး႐ွာ​ေပးပါရဲ႕ ။ ​​ေရထဲက်​ေနတဲ့ သစ္​ကိုင္​း​ေတြ႔တိုင္​း ​ေပါက္​ဆိန္​နဲ႔ ​ေပါက္​​ေပါက္​ၿပီး ႐ွာ​ေတာ့တာပါ ။

​ေနာက္​ဆံုး​ေတာ့ ​ေတြ႔ပါၿပီ ။
ကြၽန္​​ေတာ္​ျမင္​ဖူးခ်င္​​ေနတဲ့​ သစ္​တံုးထဲက ပ​ေလာက္​ .. ။ အဲ .. သစ္​တံုးမဟုတ္​ဘူး သစ္​ကိုင္​း​ေသး​ေသး​ေလးထဲကပ​ေလာက္​ ။ သစ္​ကိုင္​း​ေလးထဲကထြက္​လာတဲ့ပ​ေလာက္​ဆိုမွ​ေတာ့ ပ​ေလာက္​အ​ေကာင္​ကလည္​းသိပ္​မႀကီး႐ွာဘူး ။
ခပ္​ငယ္​ငယ္​ပါပဲ ။

တခ်ိဳ႕အ​ေကာင္​​ေလး​ေတြက ​ေျမဆီ​ေရာင္​ ခပ္​ညိဳ႕ညိဳ႕​ေလး ။

တခ်ိဳ႕အ​ေကာင္​​ေတြက်​ေတာ့ သစ္​တံုးအတြင္​းအႏွစ္​​ေရာင္​လို နီက်န္​က်န္​​ေလးနဲ႔ပါ ။

သူတို႔က တီ​ေကာင္​​ေလး​ေတြလိုပဲ အ​ေရာင္​​ေလးက ၀င္​းလက္​လို႔ ။

ပံုၾကည္​့ရ​တာ အ​ေတာ့္​ကိုသန္​႔႐ွင္​းမယ္​့ပံုပဲ ။

သစ္​ကိုင္​းထဲမွာတန္​းလန္​းႀကီးျမင္​​ေနရတဲ့ ပ​ေလာက္ တစ္​​ေကာင္​ကို ထုတ္​ယူလိုက္​တယ္​ ။

ရြာခံ​ေတြက​ေျပာတယ္​ ပ​ေလာက္​ကို သစ္​တံုးထဲကထြက္​ထြက္​ခ်င္​းစားရရင္​ သိပ္​ၿပီးအရသာ႐ွိသတဲ့ ။

က်​ေတာ္​က ရြာ​ေတြမွာလည္​​ေရာင္​းတဲ့ ပ​ေလာက္​သည္​ဆီမွာသာ၀ယ္​ၿပီးသုပ္​စားဖူးတာ​ေလ ။ အခုလိုလတ္​လတ္​ဆပ္​ဆပ္​အ​ေနထားမ်ိဳးနဲ႔ မစားဖူးဘူး ။

ဒါ​ေၾကာင္​့မို႔ ကြၽန္​​ေတာ္​လည္​း ဘာမွ​ေတြးမ​ေန​ေတာ့ဘဲနဲ႔
သစ္​ကိုင္​းထဲမွာျပဴတစ္​ျပဴတစ္​ျဖစ္​​ေနတဲ့ ပ​ေလာက္​တစ္​​ေကာင္​ကို အသာက​ေလာ္​ထုတ္​ၿပီး ပါးစပ္​ထဲထည္​့လိုက္​​ေတာ့တယ္​ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရန္​​ေနာင္​စိုး

# Unicode Version ျဖင့္ ဖတ္ပါ#
ကြိုက်တဲ့သူတွေ ပင်လယ်ကမ်းစပ်ဘေး သစ်ငုတ် သစ်ကိုင်းတွေကြားခက်ခက်ခဲခဲ ရှာစားကြတဲ့ ပလောက် (ပုလုပ်)ကောင်။

ပလောက် ( ပ္လေါက် ) ရှာပုံတော်ခရီး

ဒီတစ်ခါတော့ဖြင့် ကိုယ်ကြိုက်နှစ်သက်ရတဲ့ ပင်လယ်အစားအစာတစ်မျိုးကို ဘယ်လိုဘယ်ပုံ ထုတ်ယူခဲ့ရသလဲဆိုတာ အသေအချာလေ့လာခဲ့ရပါတယ် ။

ပလောက် ( ပ္လေါက် ) လို့ခေါ်တဲ့ပင်လယ်အစားအစာတစ်မျိုးပါ ။ စားလို့ကောင်းသလောက် ရှားပါးပြီးထုတ်ယူရခက်ခဲတဲ့ ပင်လယ်စာတစ်မျိုးဖြစ်ပါတယ် ။ သူ့ရာသီမဟုတ်လို့လား ဒါမှမဟုတ် အဲဒါတွေမျိုးပြုန်းကုန်လို့လားတော့မသိ ၊ တော်တော်ကို ခက်ခက်ခဲခဲနဲ့ ရှာလိုက်ရတာပါပဲ ။ ဒါပေမယ့်လည်း ပလောက် ( ပ္လေါက် ) ကို ကိုယ်တိုင်ထုတ်ယူရသလို နဖူးတွေ့ဒူးတွေ့ပါဝင်လှုပ်ရှားခဲ့ရလို့ ပင်ပန်းပေမယ့်လည်း စိတ်ထဲမှာ အတော်လေးကျေနပ်မိပါတယ် ။

အခုက ပညစ်ရွှာကို ဒုတိယအကြိမ်ရောက်ခဲ့တာဖြစ်တယ် ။ ပထမကြိမ်ရောက်ပြီးတဲ့အချိန်မှာ ပညစ်ပင်လယ်ကမ်းခြေအကြောင်း ဆောင်းပါးတွေရေးပြီး သတင်းစာမှာထည့်ဖြစ်တော့ ဒေသခံအသိဥပဇင်းလေးက အားရကျေနပ်တာနဲ့ နောက်ထပ်လည်း ပညစ်ကမ်းခြေကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်တော့တယ် ။ ဒီတစ်ခါ လာရင် ပလောက် ဖောက်တာ ( ထုတ်ယူတာ ) ကိုလေ့လာလို့ရအောင် စီစဉ်ပေးမတဲ့လေ ။ ဥပဇင်းက သူဆီနောက်တစ်ခေါက်အလည်လာအောင်လို့ ကျွန်တော်စိတ်ဝင်စားတာတွေနဲ့ မြှားခေါ်တာပေါ့ ။ နောက်ထပ်လာဖြစ်ရင် ကြိုပြီးသာပြောပါ သူအားလုံးစီစဉ်ပေးထားမယ်ဆိုပဲ ။

အခု ပညစ်ကို ၊နောက်တစ်ကြီမ်ရောက်တော့ ပြောထားတဲ့ဥပဇင်းက ရွာမှာရှိမနေဘူး ။ သူမရှိဘူးဆိုရင် ပလောက်ဖောက်တာကိုလေ့လာမယ့်အစီစဉ် ပျက်ပြီထင်ပါရဲ့ ။ နည်းနည်းတော့ စိတ်ဓာတ်ကျသွားတယ် ။ ဒါပေမယ့်လည်း မျော်လင့်ချက်လေးတစ်လေးတစ်ခုတော့ရှိသေးတာပါ ။ ဥပဇင်းရဲ့တပည့် ရွာခံကောင်လေးတစ်ယောက်က ပလောက်ဖောက်တာကိုလေ့လာလို့ရအောင် သူကူညီမယ်တဲ့ ။

ပလောက်ဖောက်တတ်တဲ့အဒေါ်ကြီးတစ်ယောက်ကိုလည်းခေါ်ထားပြီးပြီဖြစ်ကြောင်းနဲ့ အဲဒီအဒေါ်ကြီးနဲ့အတူ ရွာပြင်ကဒီရေတောထဲမှာ ပလောက်ရှာကြဖို့ စီစဉ်ထားတယ်လို့ဆိုတယ် ။ တော်သေးတာပေါ့ စိတ်ကူးထားတဲ့အစီစဉ်လေးမပျက်သေးလို့ ။ နို့မို့ရင် ဒီခရီးစဉ်လေးက အဓိပ္ပါယ်မဲ့သွားလောက်တယ်လေ ။
ဒီခရီးစဉ်မှာ ကျွန်တော်နဲ့အတူ အညာသားတစ်ယောက်နဲ့ ယောနယ်သားတစ်ယောက်လည်းပါလာသေးရဲ့ ။

ဒီလိုနဲ့ပဲ စီစဉ်ပေးတဲ့ကောင်လေးနောက်ကို အားကိုးတကြီးနဲ့ ကျွန်တော်တို့လိုက်ခဲ့ကြတယ် ဆိုပါတော့ ။ ဒါပေမယ့်လည်း သူပြောတဲ့ အဒေါ်ကြီးအိမ်ကိုရောက်တော့ အခြေနေတွေက တစ်မျိုးပြောင်းကုန်တာပါ ။ အဒေါ်ကြီးရဲ့ယောင်္ကျားဖြစ်ပုံရတဲ့ဦးလေးကြီးက မှင်တစ်ပိုင်နဲ့ ကျွန်တော်တို့ရဲ့မစ်ရှင်ကြီးကို အဖျက်စကားနဲ့ဆီးကြိုတယ် ။ သူပြောတာက …..

အခုချိန်မှာ ပလောက်ကိုဘယ်မှာရှာလို့ တွေ့မှာတုန်း တဲ့ …

ဒီအချိန် ဒီရာသီက ပလောက်ဖောက်တဲ့ရာသီမဟုတ်ဘူး တဲ့ …

အခုချိန်မျိုးမှာ မင်းတို့တစ်တွေ မျက်လုံးထဲသွေးထွက်အောင်ရှာရင်တောင်မှ ပလောက် လက်တစ်ဆုပ်စာရလိမ့်မယ်လို့မထင်နဲ့ တဲ့။

အဲဒီဦးလေးကြီး မြည်တွန်တောက်တီးပြီး တဖျစ်တောက်တောက်ပြောဆိုနေလိုက်တာများ အားကိုးတကြီးနဲ့အကူညီလာတောင်းတဲ့ကျွန်တော်တို့တတွေ ရင်ဝကိုဆီးကန်လိုက်သလို ခံစားလိုက်ရတယ် ။ ပလောက်လိုက်ဖောက်ပေးမယ်လို့ အာမခံထားတဲ့ အဒေါ်ကြီးကတော့ သူ့ယောင်္ကျားကိုကြောက်လို့ထင်ပါရဲ့ ကျွန်တော်တို့နောက်ကိုလိုက်ဖို့မပြောနဲ့ တုတ်တုတ်မှ ကိုမလှုပ်တော့ဘူး ။ အစီစဉ်တွေပျက်ပြီထင်ပါရဲ့ ။ အတော်လေးကို စိတ်ညစ်သွားမိပါတယ် ။ ခဲလေသမျှ သဲရေကျပဲ ။

အဲဒီမှာပဲစီစဉ်ပေးတဲ့ကောင်လေးက ကျွန်တော်တို့ကို အားနာလာပုံရတယ် ။ ပလောက်ဖောက်တာကိုမြင်ရဖို့ မျော်လင့်တကြီးလာခဲ့ကြတာကိုသိနေတော့လည်း စိတ်မကောင်းဘူးနေမှာပေါ့ ။ အဲဒါနဲ့ သူက စိတ်မရှည်ဟန်နဲ့

ကိုင်း .. အဒေါ်ကြီး ၊ ပလောက် လိုက်မဖောက်ပေးတော့ဘူး ဆိုရင်လည်း ကိုယ့်ဟာကိုယ်ပဲသွားရှာတော့မယ်ဗျာ ၊ တစ်ကောင်ပဲ ရရ နှစ်ကောင်ပဲ ရရ …. ဒီက ဧည့်သည်တွေ မြင်ခွင့်ရရင် တော်ပြီဗျာ .. ။

လို့ပြောပြီး ပေါက်ဆိန်ကြီးတစ်လက်ကိုထမ်းလို့ ရွာတောင်ပိုင်းက ဒီရေတောရှိရာကို ကျွန်တော်တို့တတွေ ထွက်လာခဲ့တော့တယ် ။

ရွာတောင်ပိုင်းက ပင်လယ်ရေစပ်စပ်နေရာတွေမှာ ခြေတံရှည် ( အမြစ်ရှည် ) ပြုန်းပင်တောကြီးတွေပေါက်နေတာကိုတွေ့ရပါတယ် ။ ရွာနားနီးလို့လားတော့မသိ အပင်တွေက အကြီးကြီးတွေ မတွေ့ရဘူး ။ ဒီနေရာဝန်းကျင်မှာ အပင်တွေရှိသလို ဓနိပင်တွေကိုလည်း တွေ့နေရသေးရဲ့ ။ ပြုန်းပင်တွေက အချင်းချင်းပူးကပ်နေတာမျိုးမဟုတ်ပေမယ့် သူ့အပင်ကနေထွက်လာတဲ့ အမြစ်ကြီးတွေက ကားထွက်နေတာမို့ တစ်ပင်နဲ့တစ်ပင်အကြား ရှုပ်ရှက်ခပ်နေတယ် ။ အဲဒီအကြားကို တော်ရုံဝင်ဖို့မလွယ်ဘူး ။

အခု ပလောက်ကိုရှာဖို့ အဲဒီအပင်ကြားထဲကို တိုးရမှာတဲ့ ။
တိုးမှရမယ်ဆိုလည်း တိုးပေါ့ …
ဒါကိုလေ့လာချင်လို့လာပါတယ်ဆိုမှ ဘာကိုမှ တွန့်ဆုတ်နေဖို့မရှိဘူးလေ ။ တောတိုးဆိုလည်း တိုးရုံပေါ့ ။

အပင်တွေကြားကဗွက်တောထဲမှာ ငုတ်တွေစူးနိုင်တာမို့ သတိထားပြီးတော့ သွားရအုံးမှာပဲ ။ ဒီရေတောဆိုတော့ အဲဒီတောထဲက သစ်ပင်သစ်ကိုင်းတွေရေထဲကျပြီး ဆွေးမြေ့တာမျိုးတွေရှိမှာပဲပေါ့ ။ အခု အဲဒါဒါမျိုးကို ရှာရမှာတဲ့ ။ အဲလိုရေစိမ်ပြီးဆွေးနေတဲ့ သစ်ကိုင်းတွေ ပင်စည်တုံးကြီးတွေထဲမှာမှ ကျွန်တော်တို့ မြင်ချင်လှပါပြီဆိုတဲ့ ပလောက်ကောင်တွေက အိမ်ဖွဲပြီးနေကြသတဲ့ ။

တကယ်တမ်းရှာကြည့်တော့မှ ပလောက်တစ်ကောင်ရဖို့အရေး ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိလိုက်ရတော့တယ် ။ လူနေရပ်ရွာတွေနဲ့လှမ်းတဲ့ဒီရေတောထဲက ရေထဲကျနေတဲ့သစ်တုံးအဆွေးခပ်ကြီးကြီးတွေထဲမှာ ပလောက်အကောင်အကြီးကြီးတွေရတတ်တယ်လို့တော့ ကြားဖူးပါတယ် ။ အခုက ရွာအနားကပ်နေတဲ့ ဒီရောတောလေးထဲရှာနေရတာဆိုတော့ သစ်တုံးအဆွေးတုံကြီးလည်းမတွေ့ရဘူး ။ သစ်ကိုင်းအသေးလေးတောင်မှ အတော်ရှားတာလေ ။ ရွာခံကောင်လေးကတော့ ကြိုးစားပြီးရှာပေးပါရဲ့ ။ ရေထဲကျနေတဲ့ သစ်ကိုင်းတွေ့တိုင်း ပေါက်ဆိန်နဲ့ ပေါက်ပေါက်ပြီး ရှာတော့တာပါ ။

နောက်ဆုံးတော့ တွေ့ပါပြီ ။
ကျွန်တော်မြင်ဖူးချင်နေတဲ့ သစ်တုံးထဲက ပလောက် .. ။ အဲ .. သစ်တုံးမဟုတ်ဘူး သစ်ကိုင်းသေးသေးလေးထဲကပလောက် ။ သစ်ကိုင်းလေးထဲကထွက်လာတဲ့ပလောက်ဆိုမှတော့ ပလောက်အကောင်ကလည်းသိပ်မကြီးရှာဘူး ။
ခပ်ငယ်ငယ်ပါပဲ ။

တချို့အကောင်လေးတွေက မြေဆီရောင် ခပ်ညို့ညို့လေး ။

တချို့အကောင်တွေကျတော့ သစ်တုံးအတွင်းအနှစ်ရောင်လို နီကျန်ကျန်လေးနဲ့ပါ ။

သူတို့က တီကောင်လေးတွေလိုပဲ အရောင်လေးက ဝင်းလက်လို့ ။

ပုံကြည့်ရတာ အတော့်ကိုသန့်ရှင်းမယ့်ပုံပဲ ။

သစ်ကိုင်းထဲမှာတန်းလန်းကြီးမြင်နေရတဲ့ ပလောက် တစ်ကောင်ကို ထုတ်ယူလိုက်တယ် ။

ရွာခံတွေကပြောတယ် ပလောက်ကို သစ်တုံးထဲကထွက်ထွက်ချင်းစားရရင် သိပ်ပြီးအရသာရှိသတဲ့ ။

ကျတော်က ရွာတွေမှာလည်ရောင်းတဲ့ ပလောက်သည်ဆီမှာသာဝယ်ပြီးသုပ်စားဖူးတာလေ ။ အခုလိုလတ်လတ်ဆပ်ဆပ်အနေထားမျိုးနဲ့ မစားဖူးဘူး ။

ဒါကြောင့်မို့ ကျွန်တော်လည်း ဘာမှတွေးမနေတော့ဘဲနဲ့
သစ်ကိုင်းထဲမှာပြူတစ်ပြူတစ်ဖြစ်နေတဲ့ ပလောက်တစ်ကောင်ကို အသာကလော်ထုတ်ပြီး ပါးစပ်ထဲထည့်လိုက်တော့တယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: ရန်နောင်စိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top