ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

(မျဖစ္မေန ဖတ္သင့္သည့္ ျဖစ္ရပ္မွန္)

စာေရးသူ-မင္းေသြးငယ္ (ရာမညေျမ)ေရာဂါေဗဒဌာန

သူမ လက္မွ ေသြးနီနီတို႔သည္ေသြးခံအိတ္တြင္းသို႔ တစ္စက္ခ်င္း ဆည္က်ိဳးသလို ပိုးပိုးေပါက္ေပါက္ တိုးဝင္လိမ့္က်လာ၏

သူမ မ်က္ဝန္းမွာလည္း ပိုးပိုးေပါက္ေပါက္ဟိုဘက္ ကပ္ရပ္ခုတင္က သူမ မိခင္ကလည္း ပိုးပိုးေပါက္ေပါက္ အျပင္က ေမၿမိဳ႕မိုးကလည္း ၿဖိဳးၿဖိဳးေျဖာက္ေျဖာက္

ခက္ၿပီ ” ဒီေန႔ေလးဟာ မိဘက အေမြေပးခဲ့တဲ့မိမိခႏၶာက ျဖစ္တဲ့ေသြးနဲ႔ လူ႔အသက္ကယ္ခြင့္ရတဲ့ေန႔ စိတ္အခ်မ္းသာဆုံး ဂုဏ္ယူရမယ့္ေန႔ပါ ခင္ဗ်”

“ဟုတ္—- ဟုတ္ကဲ့ပါ ဆရာ”

သားအမိႏွစ္ေယာက္ ပါးထက္က မ်က္ရည္ကို ကပ်ာကယာ သုတ္ရွာသည္ ေပ်ာ္လြန္းလို႔ပါ ဆရာရယ္

ေသြးလႉ ရွင္ကဒ္ျပားကို မွတ္တမ္းျဖည့္ဖို႔ ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ မ်က္လုံးျပဴ းမိ၏သမီးျဖစ္သူက အသက္က ၂၄ ႏွစ္အႀကိမ္က ၁၉ ႀကိမ္ေျမာက္ ငယ္ေပမယ့္
စိတ္ထားလွလို႔ ထူးျခားလွ၏

ဒီ့ထက္ ထူးျခားသည္ကမိခင္ျဖစ္သူ ေဒၚၾကည္ဝင္းက အသက္ ၅၃ ႏွစ္ခုေသြးလာလႉ တာ ၆၅ ႀကိမ္ေျမာက္တဲ့

“၁၉/ ၆၅/ မ်က္ရည္စ” သုံးခ်က္တြက္နည္းျဖင့္တြက္မရႏိုင္မွန္း ကြၽန္ေတာ္သိသည္

ေအးေလ ဘယ္လိုျမစ္ဖ်ားကေနစီးဆင္းလာမွန္းမသိႏိုင္တဲ့ မုဒိတာ ျမစ္တစ္စင္း ဆည္ထြင္းၿပီးဆီးတားလည္း ရမွာမွမဟုတ္တာ ထင္တိုင္းႀကဲ စီးပေလ့ေစ က်ပါေလ့ေစ

သမီးဆုံးျဖတ္ၿပီးၿပီအေမသမီးကို မကန႔္ကြက္ပါနဲ႔လားသမီးေတာင္းပန္ပါတယ္

ဟဲ့ သမီး မိေကသီဆင္ဆင္ျခင္ျခင္လည္း ေျပာပါသမီးရဲ႕မာမီေတာ့ စိတ္ထင့္တယ္

သမီးက ေမြးရာပါ ႏွလုံးအေပါက္ ၂၀၀၈ တုန္းက မဂၤလာဒုံစစ္ေဆး႐ုံမွာ Operation လုပ္ထားရတယ္မဟုတ္လား

တစ္ခါတုန္းကလည္း အူအတက္ေပါက္လို႔ေမၿမိဳ႕ ခုတင္၇၀၀ မွာေဆး႐ုံတက္ရေသးOperation နဲ႔ သမီး သံေယာဇဥ္မႀကီးေစခ်င္ေတာ့ဘူးကြယ္

ခြဲစိတ္ခံ ခႏၶာက စကားေျပာတတ္ရင္ ထုံေဆးနံ႔မႊန္ ဓါးရာေတြ ႐ြံေနေရာ့မလားသမီးရယ္

အလႉ ရွင္ ဘယ္သူဘယ္ဝါမွန္းမသိဘဲလႉ ဖို႔ဆုံးျဖတ္လိုက္တယ္ ေက်ာက္ကပ္/မ်က္လုံးဘယ္ညာ အစုံလိုက္ရွိေပမဲ့ အသည္းက တစ္ခုတည္း တစ္စိုင္တည္း

ဘာပဲျဖစ္ျဖစ္ 50% ဖဲ့လႉ မယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ko NyanHtun

# Unicode Version ျဖင့္ ဖတ္ပါ #
(မဖြစ်မနေ ဖတ်သင့်သည့် ဖြစ်ရပ်မှန်)

စာရေးသူ-မင်းသွေးငယ် (ရာမညမြေ)ရောဂါဗေဒဌာန

သူမ လက်မှ သွေးနီနီတို့သည်သွေးခံအိတ်တွင်းသို့ တစ်စက်ချင်း ဆည်ကျိုးသလို ပိုးပိုးပေါက်ပေါက် တိုးဝင်လိမ့်ကျလာ၏

သူမ မျက်ဝန်းမှာလည်း ပိုးပိုးပေါက်ပေါက်ဟိုဘက် ကပ်ရပ်ခုတင်က သူမ မိခင်ကလည်း ပိုးပိုးပေါက်ပေါက် အပြင်က မေမြို့မိုးကလည်း ဖြိုးဖြိုးဖြောက်ဖြောက်

ခက်ပြီ ” ဒီနေ့လေးဟာ မိဘက အမွေပေးခဲ့တဲ့မိမိခန္ဓာက ဖြစ်တဲ့သွေးနဲ့ လူ့အသက်ကယ်ခွင့်ရတဲ့နေ့ စိတ်အချမ်းသာဆုံး ဂုဏ်ယူရမယ့်နေ့ပါ ခင်ဗျ”

“ဟုတ်—- ဟုတ်ကဲ့ပါ ဆရာ”

သားအမိနှစ်ယောက် ပါးထက်က မျက်ရည်ကို ကပျာကယာ သုတ်ရှာသည် ပျော်လွန်းလို့ပါ ဆရာရယ်

သွေးလှူ ရှင်ကဒ်ပြားကို မှတ်တမ်းဖြည့်ဖို့ ကြည့်လိုက်တော့ ကျွန်တော် မျက်လုံးပြူ းမိ၏သမီးဖြစ်သူက အသက်က ၂၄ နှစ်အကြိမ်က ၁၉ ကြိမ်မြောက် ငယ်ပေမယ့်
စိတ်ထားလှလို့ ထူးခြားလှ၏

ဒီ့ထက် ထူးခြားသည်ကမိခင်ဖြစ်သူ ဒေါ်ကြည်ဝင်းက အသက် ၅၃ နှစ်ခုသွေးလာလှူ တာ ၆၅ ကြိမ်မြောက်တဲ့

“၁၉/ ၆၅/ မျက်ရည်စ” သုံးချက်တွက်နည်းဖြင့်တွက်မရနိုင်မှန်း ကျွန်တော်သိသည်

အေးလေ ဘယ်လိုမြစ်ဖျားကနေစီးဆင်းလာမှန်းမသိနိုင်တဲ့ မုဒိတာ မြစ်တစ်စင်း ဆည်ထွင်းပြီးဆီးတားလည်း ရမှာမှမဟုတ်တာ ထင်တိုင်းကြဲ စီးပလေ့စေ ကျပါလေ့စေ

သမီးဆုံးဖြတ်ပြီးပြီအမေသမီးကို မကန့်ကွက်ပါနဲ့လားသမီးတောင်းပန်ပါတယ်

ဟဲ့ သမီး မိကေသီဆင်ဆင်ခြင်ခြင်လည်း ပြောပါသမီးရဲ့မာမီတော့ စိတ်ထင့်တယ်

သမီးက မွေးရာပါ နှလုံးအပေါက် ၂၀၀၈ တုန်းက မင်္ဂလာဒုံစစ်ဆေးရုံမှာ Operation လုပ်ထားရတယ်မဟုတ်လား

တစ်ခါတုန်းကလည်း အူအတက်ပေါက်လို့မေမြို့ ခုတင်၇၀၀ မှာဆေးရုံတက်ရသေးOperation နဲ့ သမီး သံယောဇဉ်မကြီးစေချင်တော့ဘူးကွယ်

ခွဲစိတ်ခံ ခန္ဓာက စကားပြောတတ်ရင် ထုံဆေးနံ့မွှန် ဓါးရာတွေ ရွံနေရော့မလားသမီးရယ်

အလှူ ရှင် ဘယ်သူဘယ်ဝါမှန်းမသိဘဲလှူ ဖို့ဆုံးဖြတ်လိုက်တယ် ကျောက်ကပ်/မျက်လုံးဘယ်ညာ အစုံလိုက်ရှိပေမဲ့ အသည်းက တစ်ခုတည်း တစ်စိုင်တည်း

ဘာပဲဖြစ်ဖြစ် 50% ဖဲ့လှူ မယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Ko NyanHtun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top