iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တိုင္းအတြင္း ျဖစ္ပြားေသာ မုဒိမ္းမႈမ်ားတြင္ အ သက္မျပည့္သူကုိ ခုိးယူေပါင္း သင္း၍ အဓမၼျပဳက်င့္မႈအမ်ားဆုံး ျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ ဖြဲ႕ ရဲမွဴးလွေ၀ကေျပာသည္။

ယခုႏွစ္အတြင္း ရန္ကုန္တိုင္းတြင္ ျဖစ္ပြားေသာ မုဒိမ္းမႈ ၂၇၀ ရွိၿပီး ခုိးယူေပါင္းသင္း၍ ျပဳက်င့္ခံရမႈ ၁၁၆ မႈျဖင့္ အမ်ားဆုံးျဖစ္သည္။

ယင္းသု႔ိျဖစ္ျခင္းသည္ (၁၆) ႏွစ္မျပည့္ေသးသည့္ မိန္းကေလး ကုိ ေပါင္းသင္းလွ်င္ မိန္းကေလး က အလုိတူသည္ျဖစ္ေစ၊ အလုိ မတူသည္ျဖစ္ေစ မုဒိမ္းမႈေျမာက္ ေၾကာင္း ဥပေဒတြင္ ျပင္ဆင္ ျပ႒ာန္းျခင္းကုိ အမ်ိဳးသားမ်ားက မသိရွိျခင္းေၾကာင့္ဟု ရဲမွဴးလွေ၀ က ေျပာသည္။

 မုဒိမ္းမႈ ေျမာက္ေစေသာ အဂၤါရပ္မ်ားတြင္ (၁၄)ႏွစ္ ေအာက္ မိန္းကေလးကုိ ကာမစပ္ ယွက္လွ်င္ အဆုိပါမိန္းကေလးက အလုိတူသည္ျဖစ္ေစ၊ မတူသည္ ျဖစ္ေစ မုဒိမ္းမႈေျမာက္သည္ဟု ယခင္ျပ႒ာန္းထားၿပီးယင္းျပ႒ာန္း ခ်က္ကုိ ၂၀၁၆ ဇန္န၀ါရီ ၇ ရက္ တြင္ ျပင္ဆင္ခဲ့သည္။ ျပင္ဆင္ရာ တြင္ အသက္(၁၄)ႏွစ္ေအာက္ဟူ ေသာ စကားလုံးအစား (၁၆)ႏွစ္ ေအာက္ဟု ျပင္ဆင္ခဲ့သည္။

‘‘ရပ္ကြက္ေတြမွာ ဥပေဒ ပညာေပးေတြ၊ လုိက္နာသင့္တာ ေတြေျပာေတာ့ လာနားမေထာင္ ၾကဘူးေလ။ (၁၅)ႏွစ္ေလာက္မိန္း ကေလးကုိ ရည္းစားထားတယ္။ ခုိးေျပးတယ္။ မိဘက မေက်နပ္ ဘူး။ အမႈဖြင့္ေတာ့ ခုိးယူေပါင္း သင္းမႈ ၃၆၃ နဲ႔ အသက္(၁၆)ႏွစ္ မျပည့္ေသးေတာ့ မုဒိမ္းမႈနဲ႔ ၃၇၆/ ၃၆၃ နဲ႔ တြဲဖြင့္တာေပါ့’’ဟု ရဲမွဴး လွေ၀က ေျပာသည္။

တစ္ႏွစ္အတြင္း ျဖစ္ပြား ေသာ မုဒိမ္းမႈမ်ားတြင္ အရြယ္ ေရာက္ၿပီးျပဳက်င့္ခံရမႈ ၈၄ မႈ၊ သက္ငယ္မုဒိမ္းမႈျပဳက်င့္ခံရမႈ ၇၀ ရွိေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္သည္။

၂၀၁၆ ႏွင့္ ႏႈိင္းယွဥ္ပါက မုဒိမ္းမႈ ၄၁ မႈ ပုိမိုသည္။ ၂၀၁၆ ႏွင့္ ၂၀၁၇ ႏွစ္ႏွစ္အတြင္း မုဒိမ္းမႈျဖစ္ပြားႏႈန္းတြင္ ခုိးယူေပါင္းသင္း၍ ျပဳက်င့္ခံရမႈက အမ်ားဆုံးျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားသော မုဒိမ်းမှုများတွင် အ သက်မပြည့်သူကို ခိုးယူပေါင်း သင်း၍ အဓမ္မပြုကျင့်မှုအများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ ရဲမှူးလှဝေကပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် ဖြစ်ပွားသော မုဒိမ်းမှု ၂၇၀ ရှိပြီး ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု ၁၁၆ မှုဖြင့် အများဆုံးဖြစ်သည်။

ယင်းသု့ိဖြစ်ခြင်းသည် (၁၆) နှစ်မပြည့်သေးသည့် မိန်းကလေး ကို ပေါင်းသင်းလျှင် မိန်းကလေး က အလိုတူသည်ဖြစ်စေ၊ အလို မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက် ကြောင်း ဥပဒေတွင် ပြင်ဆင် ပြဋ္ဌာန်းခြင်းကို အမျိုးသားများက မသိရှိခြင်းကြောင့်ဟု ရဲမှူးလှေ၀ က ပြောသည်။

 မုဒိမ်းမှု မြောက်စေသော အင်္ဂါရပ်များတွင် (၁၄)နှစ် အောက် မိန်းကလေးကို ကာမစပ် ယှက်လျှင် အဆိုပါမိန်းကလေးက အလိုတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ မုဒိမ်းမှုမြောက်သည်ဟု ယခင်ပြဋ္ဌာန်းထားပြီးယင်းပြဋ္ဌာန်း ချက်ကို ၂၀၁၆ ဇန်နဝါရီ ၇ ရက် တွင် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ရာ တွင် အသက်(၁၄)နှစ်အောက်ဟူ သော စကားလုံးအစား (၁၆)နှစ် အောက်ဟု ပြင်ဆင်ခဲ့သည်။

‘‘ရပ်ကွက်တွေမှာ ဥပဒေ ပညာပေးတွေ၊ လိုက်နာသင့်တာ တွေပြောတော့ လာနားမထောင် ကြဘူးလေ။ (၁၅)နှစ်လောက်မိန်း ကလေးကို ရည်းစားထားတယ်။ ခိုးပြေးတယ်။ မိဘက မကျေနပ် ဘူး။ အမှုဖွင့်တော့ ခိုးယူပေါင်း သင်းမှု ၃၆၃ နဲ့ အသက်(၁၆)နှစ် မပြည့်သေးတော့ မုဒိမ်းမှုနဲ့ ၃၇၆/ ၃၆၃ နဲ့ တွဲဖွင့်တာပေါ့’’ဟု ရဲမှူး လှဝေက ပြောသည်။

တစ်နှစ်အတွင်း ဖြစ်ပွား သော မုဒိမ်းမှုများတွင် အရွယ် ရောက်ပြီးပြုကျင့်ခံရမှု ၈၄ မှု၊ သက်ငယ်မုဒိမ်းမှုပြုကျင့်ခံရမှု ၇၀ ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

၂၀၁၆ နှင့် နှိုင်းယှဉ်ပါက မုဒိမ်းမှု ၄၁ မှု ပိုမိုသည်။ ၂၀၁၆ နှင့် ၂၀၁၇ နှစ်နှစ်အတွင်း မုဒိမ်းမှုဖြစ်ပွားနှုန်းတွင် ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှုက အများဆုံးဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top