န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ ၇ နွစ္အရြယ္ေကာင္ေလးဟာ ေက်ာင္းကန္တင္းထဲမွာ ဆရာတစ္ေယာက္ကို ထိုးနွက္ကန္ေက်ာက္ခဲ့တယ္လို႔ စြပ္စြဲခံရျပီး ေက်ာင္းမွ လက္ထိပ္ခတ္ဆြဲေခၚသြားျခင္းခံခဲ့ရပါတယ္။

ရဲစခန္းမွ သတင္းေပးပို႔ခ်က္မ်ားအရ ဒီတပည့္ဟာ သူ႔စားေနတဲ့အစားအစာနဲ႔ မကစားဖို႔ သတိေပးခဲ့တဲ့ ဆရာကို ေနာက္ေက်ာဘက္ကေန စတင္ထိုးနွက္ခဲ့ျပီး ဆရာမွ ဖမ္းခ်ဳပ္တဲ့အခါမွာ သူဟာ ဆက္တိုက္ ကန္ေက်ာက္ေနခဲ့တယ္ လို႔သိရပါတယ္။ ေျမၾကီးေပၚလဲက်သြားတဲ့အခါမွာလည္း ဆရာ႔ဆံပင္ကို လက္ျဖင့္ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားတယ္လို႔ သိရပါတယ္။

ထိန္းသိမ္းျပီးတဲ့ ေနာက္ပိုင္းမွာ ဒီကေလးဟာ အနည္းငယ္ စိတ္ေျပသြားခဲ့ျပီး ေက်ာင္းအုပ္ၾကီးရံုးခန္းသို႔ ဆြဲေခၚသြားျခင္း ခံခဲ့ရပါတယ္။ သူဟာ စိတ္မက်န္းမာဖူးလို႔ ယူဆခံရတဲ့အတြက္ ရဲစခန္းဖမ္းခ်ဳပ္ေခၚသြားရျခင္း ခံခဲ့ရျပီး သူ႔ရဲ႕အေဖကေတာ့ သူ႔သားကို လက္ထိပ္ျဖဳတ္ေပးျပီး ေဆးခန္းသို႔ ေခၚသြားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ေနာက္ဆံုးမွာ ဒီကေလးဟာ ကေလးကုသေရးေဆးရံုသို႔ ေခၚေဆာင္သြားျခင္းခံရျပီး စိတ္ပိုင္းဆိုင္ရာစမ္းသပ္မႈမ်ား ျပဳလုပ္ခံရပါတယ္။ သူ႔ရဲ႕အေဖမွလည္း သူဟာ ညဘက္ေတြမွာ မအိပ္ဘူး၊ စိတ္လႈပ္ရွားေနတယ္၊ သူဘာလုပ္ခဲ့တယ္ ဆိုတာေတာင္ သူကိုယ္တိုင္ နားမလည္ဘူးလို႔ ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အသက် ၇ နှစ်အရွယ်ကောင်လေးဟာ ကျောင်းကန်တင်းထဲမှာ ဆရာတစ်ယောက်ကို ထိုးနှက်ကန်ကျောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ကျောင်းမှ လက်ထိပ်ခတ်ဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်။

ရဲစခန်းမှ သတင်းပေးပို့ချက်များအရ ဒီတပည့်ဟာ သူ့စားနေတဲ့အစားအစာနဲ့ မကစားဖို့ သတိပေးခဲ့တဲ့ ဆရာကို နောက်ကျောဘက်ကနေ စတင်ထိုးနှက်ခဲ့ပြီး ဆရာမှ ဖမ်းချုပ်တဲ့အခါမှာ သူဟာ ဆက်တိုက် ကန်ကျောက်နေခဲ့တယ် လို့သိရပါတယ်။ မြေကြီးပေါ်လဲကျသွားတဲ့အခါမှာလည်း ဆရာ့ဆံပင်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်လို့ သိရပါတယ်။

ထိန်းသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဒီကလေးဟာ အနည်းငယ် စိတ်ပြေသွားခဲ့ပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ ဆွဲခေါ်သွားခြင်း ခံခဲ့ရပါတယ်။ သူဟာ စိတ်မကျန်းမာဖူးလို့ ယူဆခံရတဲ့အတွက် ရဲစခန်းဖမ်းချုပ်ခေါ်သွားရခြင်း ခံခဲ့ရပြီး သူ့ရဲ့အဖေကတော့ သူ့သားကို လက်ထိပ်ဖြုတ်ပေးပြီး ဆေးခန်းသို့ ခေါ်သွားဖို့ မျှော်လင့်နေပါတယ်။

နောက်ဆုံးမှာ ဒီကလေးဟာ ကလေးကုသရေးဆေးရုံသို့ ခေါ်ဆောင်သွားခြင်းခံရပြီး စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုများ ပြုလုပ်ခံရပါတယ်။ သူ့ရဲ့အဖေမှလည်း သူဟာ ညဘက်တွေမှာ မအိပ်ဘူး၊ စိတ်လှုပ်ရှားနေတယ်၊ သူဘာလုပ်ခဲ့တယ် ဆိုတာတောင် သူကိုယ်တိုင် နားမလည်ဘူးလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top