ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဆီးခ်ဳိေရာဂါရွိသူေတြမွာ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လြန္းရင္ အေရးေပၚအေျခအေန (diabetic coma) ျဖစ္လာနိုင္ပါတယ္။ ဒီအေျခအေနကို အမ်ိဳးအစား ၁ နဲ႔ အမ်ိဳးအစား ၂ဆီးခ်ိဳေရာဂါ ႏွစ္မ်ိဳးလံုးမွာခံစားရနိုင္ပါတယ္။ ဆီးခ်ိဳေၾကာင့္ျဖစ္ရတဲ့ကိုမာ (diabetic coma) ဆိုတာ  အသက္အႏၱရာယ္ရွိနိင္တဲ့ ဆီးခ်ိဳေနာက္ဆက္တြဲေဝဒနာျဖစ္တဲ့ သတိလစ္ေမ့ေျမာျခင္းျဖစ္ပါတယ္။ သင့္မွာဆီးခ်ဳိေရာဂါရွိေနတယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ျမင့္လြန္းတာ (hyperglycemia) ပဲျဖစ္ျဖစ္၊ ေသြးတြင္းသၾကားဓာတ္က်ဆင္းတာ(hypoglycemia) ပဲျဖစ္ျဖစ္ အႏၱရာယ္အဆင့္ကိုေရာက္ရင္ ဆီးခ်ိဳကိုမာ ရနိုင္ပါတယ္။

ဆီးခ်ိဳကိုမာအေျခအေနကိုေရာက္ေနျပီဆိုရင္ သင္ဟာ အသက္ရွင္ေနေသးေပမယ့္ ျမင္ရ၊ၾကားရသမွ် သို႔မဟုတ္ လံႈ႕ေဆာ္မႈအာရံုအားလံုးကို မတံု႔ျပန္နိုင္၊ မနိုးထနိုင္တဲ့အေနအထား ခံစားရနိုင္ပါတယ္။ မကုသဘဲထားရင္ diabetic coma က လူကိုေသေစတဲ့အထိျဖစ္ေစနိုင္ပါတယ္။

Hyperglycemia ေသြးတြင္းသၾကားဓာတ္မ်ားျခင္း မွာ အမ်ိဳးအစားႏွစ္မ်ိဳးရွိပါတယ္ –

အစာမစားခင္ေသြးစစ္ခ်ိန္ေသြးတြင္းသၾကားဓာတ္ျမင့္ေနျခင္း(Fasting hyperglycemia)

အစာမစားမီ ၈ နာရီအတြင္း တိုင္းတာခ်ိန္မွာ ေသြးတြင္းသၾကားဓာတ္ပမာဏ 130 mg/dL ထက္ေက်ာ္လြန္ေနျခင္းျဖစ္ပါတယ္။

အစာစားျပီးေသြးစစ္ခ်ိန္ေသြးတြင္းသၾကားဓာတ္ျမင့္ေနျခင္း(After-meal hyperglycemia)

အစာစားျပီး ၂ နာရီအၾကာ တိုင္းတာခ်ိန္မွာ ေသြးတြင္းသၾကားဓာတ္ပမာဏ 180 mg/dL ထက္ေက်ာ္လြန္ေနျခင္းျဖစ္ပါတယ္။

ေသြးတြင္းသၾကားဓာတ္မၾကာခဏ သုိ႔မဟုတ္ ဆက္တိုက္ျမင့္တက္ေနမယ္ဆိုရင္ အာရံုေၾကာေတြ၊ ေသြးေၾကာေတြနဲ႔ ကိုယ္တြင္းအဂၤါေတြကိုထိခိုက္ေစနိုင္ပါတယ္။ အဲဒီကေန တျခားဆိုးရြားတဲ့အေျခအေနေတြကိုလည္းျဖစ္ေစနိုင္ပါတယ္။ အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါရွိသူေတြမွာ ketoacidosis လို႔ေခၚတဲ့ ေသြးတြင္းအက္စစ္ဓာတ္မ်ားေနျခင္းကို ခံစားရဖို႔မ်ားပါတယ္။

အမ်ိဳးအစား၂ ဆီးခ်ိဳေရာဂါရွိေနရင္ ဒါမွမဟုတ္ ျဖစ္နိုင္တဲ့အလားအလာရွိေနရင္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လြန္းတဲ့အခါ ခႏၶာကိုယ္က သၾကားဓာတ္ကို မစီမံမေျဖရွင္းနိင္ေတာ့တဲ့ အႏၱရာယ္အေျခအေနျဖစ္လာေစနိုင္ပါတယ္။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို႔ေခၚပါတယ္။အစမွာ ဆီးမၾကာခဏသြားရရာကေန ေနာက္ပိုင္းမွာ အၾကိမ္ေရနည္းလာျပီး ဆီးအေရာင္က ရင့္လာျပီး ေရဓာတ္ဆံုးရံႈးမႈဆိုးရြားလာနုိင္ပါတယ္။
ျဖစ္လာေစတဲ့အေၾကာင္းရင္းမ်ား

ေအာက္ပါအခ်က္ေတြ ရွိေနရင္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္လာနုိင္ပါတယ္-

အင္ဆူလင္ထိုးဖို႔ေမ့တာ၊ ဒါမွမဟုတ္ ဆီးခ်ိဳထိန္းေဆးေသာက္ဖို႔ေမ့တာ
ေဆးထိုးထားတဲ့ အင္ဆူလင္ပမာဏနဲ႔ကိုက္ညီတဲ့အတိုင္းအတာထက္ေက်ာ္လြန္တဲ့ ကာဗိုဟိုက္ဒရိတ္ပမာဏကိုစားသံုးမိတာ
    ေရာဂါတစ္စံုတစ္ခု ကူးစက္ခံရတာ၊
    နာမက်န္းျဖစ္တာ
    စိတ္ဖိစီးမႈခံစားေနရတာ
    လႈပ္ရွားမႈနည္းတာ၊ ဒါမွမဟုတ္ ပံုမွန္ေလာက္ ေလ့က်င့္ခန္းမလုပ္ျဖစ္တာ
    အားစိုက္ရတဲ့ ကိုယ္လက္လႈပ္ရွားမႈလုပ္တာ၊အထူးသျဖင့္ ေသြးတြင္းသၾကားဓာတ္ျမင့္ေနခ်ိန္နဲ႔ အင္ဆူလင္ပမာဏက်ဆင္းေနခ်ိန္။

လကၡဏာမ်ား

ေသြးတြင္းသၾကားဓာတ္ျမင့္လာခ်ိန္မွာျဖစ္လာနိုင္တဲ့ လကၡဏာေတြက –

    ေရငတ္လာျခင္း
    ေခါင္းကိုက္ျခင္း
    အာရံုစိုက္မရျခင္း
    အျမင္အာရံုေဝဝါးျခင္း
    မၾကာခဏဆီးသြားျခင္း
    ေမာပန္းႏြမ္းနယ္ျခင္း (အားနည္းျခင္း၊ပင္ပန္းေနသလိုခံစားရျခင္း)
    ကိုယ္အေလးခ်ိန္က်ဆင္းျခင္း
    ေသြးတြင္းသၾကားဓာတ္က 180 mg/dL ထက္ေက်ာ္လြန္ျခင္း

ေသြးတြင္းသၾကားဓာတ္ဆက္တိုက္ ျမင့္တက္ေနမယ္ဆိုရင္ –

    မိန္းမကိုယ္ နဲ႔ အေရျပား ပိုးဝင္ျခင္း
    အနာက်က္ေႏွးျခင္း
    အျမင္အာရံုမေကာင္းျခင္း
    ေျခဖ်ားေအးစက္ျခင္း၊ထံုက်ဥ္ျခင္းျဖစ္ေစတဲ့ အာရံုေၾကာထိခိုက္မႈ၊ေျခေခ်ာင္းလက္ေခ်ာင္းေတြမွာ အေမႊးကြ်တ္ျခင္း၊ဒါမွမဟုတ္ ပန္းေသပန္းညွိဳးျဖစ္ျခင္း
    ကာလတာရွည္ဝမ္းခ်ဳပ္ေနျခင္း သို႔မဟုတ္ ဝမ္းပ်က္ျခင္း တို႔လို အစာအိမ္နဲ႔အူလမ္းေၾကာင္းျပႆနာမ်ား
    မ်က္စိ၊ ေသြးေၾကာနဲ႔ ေက်ာက္ကပ္ထိခိုက္ျခင္း

Hyperglycemia အေျခအေနျပင္းထန္တဲ့အခါ အေရးေပၚကုသမႈ

ျပင္းထန္တဲ့ ေသြးတြင္းသၾကားဓာတ္ျမင့္တက္မႈလကၡဏာေတြျဖစ္လာရင္ အေရးေပၚခန္း သို႔မဟုတ္ ေဆးရံုတင္ ကုသရနိုင္ပါတယ္။ အေရးေပၚေရွးဦးသူနာျပဳနည္းကေတာ့ ေသြးတြင္းသၾကားဓာတ္ကို ပံုမွန္ျပန္ျဖစ္ေစဖို႔ပဲျဖစ္ပါတယ္။

အရည္ဓာတ္ျပန္လည္ျဖည့္တင္းျခင္း – ေရဓာတ္ျပန္လည္ျပည့္ဝလာတဲ့အထိ ပါးစပ္မွတဆင့္ သို႔မဟုတ္ ေသြးေၾကာမွတဆင့္ အရည္ဓာတ္ သြင္းေပးရပါလိမ့္မယ္။ ဒီအရည္ဓာတ္ေတြက ဆီးမၾကာခဏသြားျခင္းေၾကာင့္ဆံုးရံႈးသြားတဲ့အရည္ပမာဏကို ျပန္လည္ျဖည့္တင္းေပး မွာျဖစ္ျပီး ေသြးထဲမွာပိုလွ်ံေနတဲ့ သၾကားဓာတ္ေတြကို ေလ်ာ့က်သြားေစနိုင္ပါတယ္။

ဓာတ္ဆားျဖည့္တင္းျခင္း – ဓာတ္ဆား(electrolytes )ေတြက ခႏၶာကိုယ္တစ္ရွဴးေတြကို လုပ္ေဆာင္ခ်က္မွန္ကန္ေစဖို႔လိုအပ္တဲ့ ေသြးတြင္းသတၳဳဓာတ္ေတြျဖစ္ပါတယ္။ အင္ဆူလင္မရွိတဲ့အခါ ေသြးထဲက ဓာတ္ဆားပမာဏကိုေလ်ာ့ပါးေစနိုူင္ပါတယ္။ ဒါ့ေၾကာင့္ ႏွလံုး၊ၾကြက္သား၊နဲ႔အာရံုေၾကာဆဲလ္ေတြကို ပံုမွန္အတိုင္းလုပ္ေဆာင္ခ်က္ရွိေစဖို႔ ေသြးေၾကာကတဆင့္ electrolytes ေတြကိုသြင္းရပါတယ္။

အင္ဆူလင္ကုထံုး – အင္ဆူလင္က ေသြးထဲမွာ ketones ေတြမ်ားျပားစုပံုေစတဲ့ျဖစ္စဥ္ေတြကို ေျပာင္းလဲကုသေပးနူိင္ပါတယ္။ အရည္ဓာတ္နဲ႔ ဓာတ္ဆားေတြအျပင္ အင္ဆူလင္ကုထံုးကိုလည္းေသြးေၾကာကတဆင့္ သြင္းရနိုင္ပါတယ္။
ဘယ္လိုၾကိဳတင္ကာကြယ္မလဲ

hyperglycaemia အေျခအေန ျပင္းထန္တာ သို႔မဟုတ္ တာရွည္ေနတာေတြမျဖစ္ေအာင္ ၾကိဳတင္ကာကြယ္နုိင္မယ့္နည္းလမ္းေတြရွိပါတယ္ –

    အစားအေသာက္ကိုခ်င့္ခ်ိန္ပါ – သေရစာ စားတဲ့အခါမွာ သတိနဲ႔ခ်င့္ခ်ိန္ပါ သို႔မဟုတ္ အခ်ိဳဓာတ္နဲ႔ကာဗိုဟိုက္ဒရိတ္ပါဝင္မႈမ်ားတဲ့ အစားအစာေတြစားရင္ ေသြးတြင္းသၾကားဓာတ္ျမင့္တက္နိုင္ပါတယ္။
    ကုသမႈကို ေသခ်ာလိုက္နာပါ –  အင္ဆူလင္ သို႔မဟုတ္ တျခားဆီးခ်ိဳေဆး ကုထံုးမ်ားကို ဆရာဝန္ညႊန္ၾကားတဲ့အတိုင္း လိုက္နာခံယူဖို႔ မေမ့ပါနဲ႔။
    တတ္နိုင္သမွ် လႈပ္လႈပ္ရွားရွားေနပါ – ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးတာက ေသြးတြင္းသၾကားဓာတ္ျမင့္တက္မႈကို ဟန္႔တားနိုင္ေပမယ့္ ကိုယ္က ဆီးခ်ိဳထိန္းေဆးေတြေသာက္သံုးေနတာဆိုရင္ ဆရာဝန္နဲ႔အရင္ဆံုးစစ္ေဆးသင့္ပါတယ္။ လႈပ္ရွားမႈမ်ားလြန္းရင္လည္း ေဆးေတြေၾကာင့္ ေသြးတြင္းသၾကားဓာတ္က်ဆင္းမႈလြန္ကဲတာေတြျဖစ္လာနိုင္လို႔ပါ။
    ေနမေကာင္းျဖစ္ရင္ ပိုဂရုစိုက္ပါ – ေရာဂါေဝဒနာတစ္ခုခုေၾကာင့္ ခံစားေနရခ်ိန္အတြင္း ေသြးတြင္းသၾကားဓာတ္ကို ဘယ္လိုထိန္းသိမ္းမလဲဆိုတာကို ဆရာဝန္ေပးထားတဲ့လမ္းညႊန္ခ်က္အတိုင္း လိုက္နာပါ။
    ေသြးတြင္းသၾကားဓာတ္ကို အျမဲေစာင့္ၾကည့္စစ္ေဆးပါ – ကိုယ့္အိမ္မွာပဲ ေသြးခ်ိဳတိုင္းစက္နဲ႔ စစ္ေဆးတာက ဆီးခ်ိဳအတက္အက်ကို ေစာေစာသိရွိနုိင္ျပီး တားဆီးကုသမႈျုမန္ေစနိုင္ပါတယ္။
    အခ်ိဳမပါတဲ့ အရည္ေတြမ်ားမ်ားေသာက္ပါ – ဒီလိုေသာက္သံုးျခင္းအားျဖင့္ ေရဓာတ္ကို ျဖည့္တင္းေပးနိုင္ပါတယ္။


ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ဖြင့် ဖတ်ပါ #

ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma) ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ဆီးချိုရောဂါ နှစ်မျိုးလုံးမှာခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ကိုမာ (diabetic coma) ဆိုတာ  အသက်အန္တရာယ်ရှိနိင်တဲ့ ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။

ဆီးချိုကိုမာအခြေအနေကိုရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့် မြင်ရ၊ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင် diabetic coma က လူကိုသေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။

Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –

အစာမစားခင်သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(Fasting hyperglycemia)

အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

အစာစားပြီးသွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(After-meal hyperglycemia)

အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာ ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။

အမျိုးအစား၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မစီမံမဖြေရှင်းနိင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ခေါ်ပါတယ်။အစမှာ ဆီးမကြာခဏသွားရရာကနေ နောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီး ရေဓာတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။
ဖြစ်လာစေတဲ့အကြောင်းရင်းများ

အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်-

အင်ဆူလင်ထိုးဖို့မေ့တာ၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့မေ့တာ
ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏနဲ့ကိုက်ညီတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိတာ
    ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ၊
    နာမကျန်းဖြစ်တာ
    စိတ်ဖိစီးမှုခံစားနေရတာ
    လှုပ်ရှားမှုနည်းတာ၊ ဒါမှမဟုတ် ပုံမှန်လောက် လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
    အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊အထူးသဖြင့် သွေးတွင်းသကြားဓာတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်။

လက္ခဏာများ

သွေးတွင်းသကြားဓာတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –

    ရေငတ်လာခြင်း
    ခေါင်းကိုက်ခြင်း
    အာရုံစိုက်မရခြင်း
    အမြင်အာရုံဝေဝါးခြင်း
    မကြာခဏဆီးသွားခြင်း
    မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
    ကိုယ်အလေးချိန်ကျဆင်းခြင်း
    သွေးတွင်းသကြားဓာတ်က 180 mg/dL ထက်ကျော်လွန်ခြင်း

သွေးတွင်းသကြားဓာတ်ဆက်တိုက် မြင့်တက်နေမယ်ဆိုရင် –

    မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
    အနာကျက်နှေးခြင်း
    အမြင်အာရုံမကောင်းခြင်း
    ခြေဖျားအေးစက်ခြင်း၊ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ခြေချောင်းလက်ချောင်းတွေမှာ အမွှေးကျွတ်ခြင်း၊ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
    ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း တို့လို အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ
    မျက်စိ၊ သွေးကြောနဲ့ ကျောက်ကပ်ထိခိုက်ခြင်း

Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု

ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ် ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း – ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့်ဆုံးရှုံးသွားတဲ့အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေး မှာဖြစ်ပြီး သွေးထဲမှာပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။

ဓာတ်ဆားဖြည့်တင်းခြင်း – ဓာတ်ဆား(electrolytes )တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့လိုအပ်တဲ့ သွေးတွင်းသတ္ထုဓာတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါ သွေးထဲက ဓာတ်ဆားပမာဏကိုလျော့ပါးစေနိုူင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ကြွက်သား၊နဲ့အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့် electrolytes တွေကိုသွင်းရပါတယ်။

အင်ဆူလင်ကုထုံး – အင်ဆူလင်က သွေးထဲမှာ ketones တွေများပြားစုပုံစေတဲ့ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိူင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်းသွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ

hyperglycaemia အခြေအနေ ပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ် –

    အစားအသောက်ကိုချင့်ချိန်ပါ – သရေစာ စားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ သို့မဟုတ် အချိုဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေစားရင် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။
    ကုသမှုကို သေချာလိုက်နာပါ –  အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။
    တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ – ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်က ဆီးချိုထိန်းဆေးတွေသောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ လှုပ်ရှားမှုများလွန်းရင်လည်း ဆေးတွေကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းမှုလွန်ကဲတာတွေဖြစ်လာနိုင်လို့ပါ။
    နေမကောင်းဖြစ်ရင် ပိုဂရုစိုက်ပါ – ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်း သွေးတွင်းသကြားဓာတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။
    သွေးတွင်းသကြားဓာတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲ သွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကို စောစောသိရှိနိုင်ပြီး တားဆီးကုသမှုြုမန်စေနိုင်ပါတယ်။
    အချိုမပါတဲ့ အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။


ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top