ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီေခတ္မွာ လူေတြဟာ အဆီခ်ဖို႕ နည္းလမ္းမ်ိဳးစံု၊အစားအေသာက္ပံုစံမ်ိဳးစံုကို ရွာေဖြဖတ္႐ႈ သုံးစြဲလ်က္ရွိၾကေပမယ့္ သူတို႕အားလုံးဟာ မွန္ကန္အက်ိဳးရွိတာေတာ့ မဟုတ္ပါဘူး။အလုပ္မျဖစ္တဲ့ နည္းလမ္းေတြ၊ေဆးေတြကို သုံးစြဲမိမယ္ဆိုရင္ အခ်ိန္ကုန္လူပန္းျဖစ္ျပီး ဘာအက်ိဳးသက္ေရာက္မႈကိုမွလည္း ရရွိမွာ မဟုတ္ပါဘူး။

ဒီလို အေနအထားမွာ အဆီခ်ေဆးရည္ေတြဟာ သင့္ခႏၶာကိုယ္မွာရွိတဲ့ အဆီပိုေတြကို ကူညီေလာင္ကြၽမ္းဖယ္ရွားေပးႏိုင္တဲ့ ကယ္တင္ရွင္တဦးျဖစ္လာပါတယ္။

ဒီေတာ့ အဆီခ်ေဆးရည္ေတြမွာ ဘာေတြပါဝင္သလဲ၊အဆီေတြကို ဘယ္လိုေလာင္ကြၽမ္းပစ္လိုက္သလဲဆိုတာ သိရွိႏိုင္ဖို႕အတြက္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါဦး။

အဆီခ်ေဆးရည္ေတြမွာ ပါဝင္လာတတ္တဲ့ ဗီတာမင္ေတြကေတာ့ ဗီတာမင္ B၊ carnitine နဲ႕ MIC လို႕အတိုေကာက္ေခၚျပီး  အဆီေတြကို ေလာင္ကြၽမ္းေပးႏိုင္တဲ့ methionine, inositol, choline တို႕ပဲ ျဖစ္ၾကပါတယ္။
၁။ ဗီတာမင္ B

က်န္းမာတဲ့ ဆဲလ္အသစ္ေတြ ျဖစ္ေပၚလာဖို႕အတြက္ ကြၽန္ေတာ္တို႕ရဲ့ ခႏၶာကိုယ္ဟာ ဗီတာမင္ B ကို အေရးတၾကီး လိုအပ္ပါတယ္။သူတို႕တေတြဟာ သင့္ရဲ့ အားအင္ကို ျမႇင့္တင္ေပးႏိုင္တဲ့အတြက္ တေန႕တာလုံးမွာ ပိုမိုတက္ႂကြစြာ လႈပ္ရွားႏိုင္ေစကာ ကယ္လ္လိုရီေတြကိုလည္း ပိုမိုေလာင္ကြၽမ္းပစ္ေပးႏိုင္ပါတယ္။ဒါ့အျပင္ ခႏၶာကိုယ္ရဲ့ ျဖစ္ပ်က္ဇီဝျဖစ္စဥ္ဟာလည္း ပိုမိုျမန္ဆန္သြက္လက္လာမွာပဲ ျဖစ္ပါတယ္။

စိတ္နဲ႕ ခႏၶာဖိစီးမႈေတြ ၾကံုေတြ႕လာရတဲ့အခါ ေရွ႕ဆုံးက ရင္ဆိုင္ေျဖရွင္းေပးတဲ့ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာစနစ္ကိုလည္း ဗီတာမင္ B က အက်ိဳးျပဳပါတယ္။ဘာလို႕လဲဆိုေတာ့ စိတ္ဖိစီးမႈေတြမ်ားျပားလာရင္ သင့္အေနနဲ႕ အစားအေသာက္ေတြကို ပိုစားလာျပီး ကိုယ္အေလးခ်ိန္ပိုတက္လာမွာပါ။
၂။Methionine

Methionine ဟာ အသည္းရဲ့ လုပ္ငန္းေဆာင္တာေတြကို ေထာက္ပံ့ကူညီလုပ္ေဆာင္ေပးႏိုင္တဲ့အတြက္ အသည္းကို ပိုမိုက်န္းမာေစျပီး အဆီပိုေတြကို ေလာင္ကြၽမ္းပစ္ကာ စြမ္းအင္ေတြအျဖစ္ ေျပာင္းလဲေပးႏိုင္ပါတယ္။

Methionine ဟာ အသည္း နဲ႕ ခႏၶာကိုယ္မွာ အဆီပိုေတြ စုပံုလာတာကို ကာကြယ္ေပးႏိုင္တဲ့အျပင္ ပင္ပန္းႏြမ္းနယ္မႈေတြကိုလည္း ကာကြယ္ေပးႏိုင္၊ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Methionine ဟာ histamine ထြက္ရွိမႈကို ေလ်ာ့နည္းေစတဲ့အတြက္ အခ်ိဳ႕ေသာ ဓာတ္မတည့္ျခင္းျဖစ္စဥ္ေတြကို ရင္ဆိုင္ရာမွာလည္း အသုံးဝင္ပါတယ္။
3. Inositol

Inositol ဟာ ဗီတာမင္ B အုပ္စုဝင္ ျဖစ္ျပီး choline နဲ႕ အင္မတန္နီးစပ္ပါတယ္။Inositol ဟာ အဆီပိုေတြကို ဖယ္ရွားေလာင္ကြၽမ္းေစႏိုင္တာမို႕ ေသြးတြင္းကိုလက္စထေရာပမာဏကို ကူညီေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒါ့အျပင္ စိတ္ခံစားမႈအေနအထားနဲ႕ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးတဲ့ serotonin ဓာတ္ ေကာင္းစြာအလုပ္လုပ္ႏိုင္ေအာင္လည္း Inositol က ကူညီေပးပါေသးတယ္။အစာစားခ်င္စိတ္ ေလ်ာ့နည္းသြားမယ္ဆိုရင္ သင္ diet လုပ္ရတာ (အစားအေသာက္ဆင္ျခင္ျပီး ဝိတ္ေလွ်ာ့ရတာ) အမ်ားၾကီးပိုျပီး အဆင္ေျပသြားပါလိမ့္မယ္။
၄။Choline

အဆီေတြကို ခႏၶာကိုယ္အႏွံ႕အျပားသို႕ ပို့ေဆာင္ကာ စြမ္းအင္အျဖစ္ ေလာင္ကြၽမ္းပစ္ျခင္းအားျဖင့္ အဆီပိုေတြ ေလ်ာ့နည္းသြားေအာင္ Choline က စြမ္းေဆာင္ေပးပါတယ္။Choline ဟာ ေရမွာေပ်ာ္ဝင္ႏိုင္တဲ့ အာဟာရဓာတ္တမ်ိဳးျဖစ္ျပီး ဗီတာမင္ B အုပ္စုဝင္ ျဖစ္ပါတယ္။

အတိအက်ေျပာရရင္ Choline ဟာ ဗီတာမင္ေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္ ခႏၶာကိုယ္ရဲ့ လုပ္ငန္းေဆာင္တာ အမ်ားအျပားအတြက္ Choline ကို လိုအပ္တယ္ဆိုတာ ေလ့လာခ်က္ေတြအရ အခိုင္အမာ သိရွိခဲ့ၾကျပီး ျဖစ္ပါတယ္။
၅။Carnitine

Carnitine ဟာ အဆီေတြကို ေလာင္ကြၽမ္းျပီး စြမ္းအင္ထုတ္ေပးႏိုင္တဲ့အတြက္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ အေရးၾကီးပါတယ္။ႂကြက္သားေတြမွာရွိတဲ့ Carnitine ပမာဏမ်ားျပားလာတာနဲ႕အမွ် အဆီေလာင္ကြၽမ္းျခင္းျဖစ္စဥ္ကို ပိုမိုအားေပးပါတယ္။

စြမ္းအင္ေတြပိုမ်ားလာတာနဲ႕အမွ် သင့္အေနနဲ႕ ပိုျပီးေနလို႕ထိုင္လို႕ ေကာင္းလာပါလိမ့္မယ္။Carnitine ပမာဏမ်ားျပားလာရင္ အဆီေတြကို ပိုမိုေလာင္ကြၽမ္းျပီး glycogen ဓာတ္ကိုေတာ့ ခ်န္ထားမွာျဖစ္ကာ ႂကြက္သားေတြထဲမွာရွိတဲ့ lactate ေတြကိုပါ ရွင္းလင္းဖယ္ရွားပစ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ခႏၶာကိုယ္ရဲ့ ျဖစ္စဥ္ေတြကို အားေပးကူညီတဲ့ ေဟာ္မုန္းေတြရဲ့ လုပ္ငန္းေဆာင္ရြက္ျခင္းကိုလည္း ပိုမိုေကာင္းမြန္လာေစပါလိမ့္မယ္။
အဆီခ်ေဆးရည္ေတြ ဘယ္လိုအလုပ္လုပ္သလဲ။

အစားအေသာက္စားျခင္းရဲ့ အဓိက ရည္ရြယ္ခ်က္က သင့္ခႏၶာကိုယ္ကို အာဟာရဓာတ္ေတြ ျဖည့္တင္းေပးဖို႕ ျဖစ္ျပီး အဆီခ်ေဆးရည္ေတြဟာ ဗီတာမင္၊သတၱဳဓာတ္၊ပရိုတင္းနဲ႕ အမိုင္ႏိုအက္ဆစ္ဓာတ္ေတြကို သင့္ေသြးေၾကာထဲ ေရာက္ရွိသြားေစပါတယ္။

ဒီနည္းလမ္းဟာ အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ detoxification therapy နဲ႕ ဆင္တူျပီး ခႏၶာကိုယ္ရဲ့ ဇီဝျဖစ္စဥ္ေတြကို ျမန္ေစတဲ့အတြက္ အဆီပိုေတြကို ေန႕စဥ္ဖယ္ရွားေပးႏိုင္ပါတယ္။

အဆီခ်ေဆးရည္ေတြဟာ စိုးရိမ္ပူပန္မႈေတြ နဲ႕ ပင္ပန္းႏြမ္းနယ္မႈေတြကို သက္သာေစတဲ့အတြက္ obsessive overeating လို႕ေခၚတဲ့ စိတ္ဖိစီးမႈေၾကာင့္ အလြန္အကြၽံအစားစားျခင္းကို ကာကြယ္ေပးႏိုင္မွာပါ။ဒါ့အျပင္ ၎ဟာ ဗီတာမင္နဲ႕ အာဟာရဓာတ္ေတြစုပ္ယူမႈကိုလည္း ပိုမိုမ်ားျပားအက်ိဳးရွိေစပါတယ္။

အဆီခ်ေဆးရည္ေတြဟာ သင့္ရဲ့ အဆီခ်ပန္းတိုင္ကို အေရာက္ပို႕ေပးႏိုင္တဲ့အျပင္ စြမ္းအင္ေတြကိုလည္း ေထာက္ပံ့ေပးတဲ့အတြက္ ကိုယ္လက္လႈပ္ရွားအားကစားေတြနဲ႕ ေန့စဥ္လႈပ္ရွားသြားလာမႈေတြကိုလည္း မပင္မပန္းဘဲ အားၾကိဳးမာန္တက္ လုပ္ေဆာင္ႏိုင္ေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သင့္ခႏၶာကိုယ္အလွအပကို ထိန္းသိမ္း႐ံုသာမက က်န္းမာေရးအတြက္ပါ အက်ိဳးရွိေကာင္းမြန္တဲ့ အဆီခ်ေဆးရည္ေတြဟာ တျဖည္းျဖည္းနဲ႕ ပိုမိုေခတ္စားလူၾကိဳက္မ်ားလာတာပဲ ျဖစ္ပါေၾကာင္း။

ေရးသားသူ Dr. Thiha Phyo Myint

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီခေတ်မှာ လူတွေဟာ အဆီချဖို့ နည်းလမ်းမျိုးစုံ၊အစားအသောက်ပုံစံမျိုးစုံကို ရှာဖွေဖတ်ရှု သုံးစွဲလျက်ရှိကြပေမယ့် သူတို့အားလုံးဟာ မှန်ကန်အကျိုးရှိတာတော့ မဟုတ်ပါဘူး။အလုပ်မဖြစ်တဲ့ နည်းလမ်းတွေ၊ဆေးတွေကို သုံးစွဲမိမယ်ဆိုရင် အချိန်ကုန်လူပန်းဖြစ်ပြီး ဘာအကျိုးသက်ရောက်မှုကိုမှလည်း ရရှိမှာ မဟုတ်ပါဘူး။

ဒီလို အနေအထားမှာ အဆီချဆေးရည်တွေဟာ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ကူညီလောင်ကျွမ်းဖယ်ရှားပေးနိုင်တဲ့ ကယ်တင်ရှင်တဦးဖြစ်လာပါတယ်။

ဒီတော့ အဆီချဆေးရည်တွေမှာ ဘာတွေပါဝင်သလဲ၊အဆီတွေကို ဘယ်လိုလောင်ကျွမ်းပစ်လိုက်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

အဆီချဆေးရည်တွေမှာ ပါဝင်လာတတ်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင် B၊ carnitine နဲ့ MIC လို့အတိုကောက်ခေါ်ပြီး  အဆီတွေကို လောင်ကျွမ်းပေးနိုင်တဲ့ methionine, inositol, choline တို့ပဲ ဖြစ်ကြပါတယ်။
၁။ ဗီတာမင် B

ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဗီတာမင် B ကို အရေးတကြီး လိုအပ်ပါတယ်။သူတို့တတွေဟာ သင့်ရဲ့ အားအင်ကို မြှင့်တင်ပေးနိုင်တဲ့အတွက် တနေ့တာလုံးမှာ ပိုမိုတက်ကြွစွာ လှုပ်ရှားနိုင်စေကာ ကယ်လ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းပစ်ပေးနိုင်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ဇီဝဖြစ်စဉ်ဟာလည်း ပိုမိုမြန်ဆန်သွက်လက်လာမှာပဲ ဖြစ်ပါတယ်။

စိတ်နဲ့ ခန္ဓာဖိစီးမှုတွေ ကြုံတွေ့လာရတဲ့အခါ ရှေ့ဆုံးက ရင်ဆိုင်ဖြေရှင်းပေးတဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း ဗီတာမင် B က အကျိုးပြုပါတယ်။ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုတွေများပြားလာရင် သင့်အနေနဲ့ အစားအသောက်တွေကို ပိုစားလာပြီး ကိုယ်အလေးချိန်ပိုတက်လာမှာပါ။
၂။Methionine

Methionine ဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ကူညီလုပ်ဆောင်ပေးနိုင်တဲ့အတွက် အသည်းကို ပိုမိုကျန်းမာစေပြီး အဆီပိုတွေကို လောင်ကျွမ်းပစ်ကာ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

Methionine ဟာ အသည်း နဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပုံလာတာကို ကာကွယ်ပေးနိုင်တဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ကာကွယ်ပေးနိုင်၊လျှော့ချပေးနိုင်ပါတယ်။

Methionine ဟာ histamine ထွက်ရှိမှုကို လျော့နည်းစေတဲ့အတွက် အချို့သော ဓာတ်မတည့်ခြင်းဖြစ်စဉ်တွေကို ရင်ဆိုင်ရာမှာလည်း အသုံးဝင်ပါတယ်။
3. Inositol

Inositol ဟာ ဗီတာမင် B အုပ်စုဝင် ဖြစ်ပြီး choline နဲ့ အင်မတန်နီးစပ်ပါတယ်။Inositol ဟာ အဆီပိုတွေကို ဖယ်ရှားလောင်ကျွမ်းစေနိုင်တာမို့ သွေးတွင်းကိုလက်စထရောပမာဏကို ကူညီလျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် စိတ်ခံစားမှုအနေအထားနဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ serotonin ဓာတ် ကောင်းစွာအလုပ်လုပ်နိုင်အောင်လည်း Inositol က ကူညီပေးပါသေးတယ်။အစာစားချင်စိတ် လျော့နည်းသွားမယ်ဆိုရင် သင် diet လုပ်ရတာ (အစားအသောက်ဆင်ခြင်ပြီး ဝိတ်လျှော့ရတာ) အများကြီးပိုပြီး အဆင်ပြေသွားပါလိမ့်မယ်။
၄။Choline

အဆီတွေကို ခန္ဓာကိုယ်အနှံ့အပြားသို့ ပို့ဆောင်ကာ စွမ်းအင်အဖြစ် လောင်ကျွမ်းပစ်ခြင်းအားဖြင့် အဆီပိုတွေ လျော့နည်းသွားအောင် Choline က စွမ်းဆောင်ပေးပါတယ်။Choline ဟာ ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ်တမျိုးဖြစ်ပြီး ဗီတာမင် B အုပ်စုဝင် ဖြစ်ပါတယ်။

အတိအကျပြောရရင် Choline ဟာ ဗီတာမင်တော့ မဟုတ်ပါဘူး။ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများအပြားအတွက် Choline ကို လိုအပ်တယ်ဆိုတာ လေ့လာချက်တွေအရ အခိုင်အမာ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။
၅။Carnitine

Carnitine ဟာ အဆီတွေကို လောင်ကျွမ်းပြီး စွမ်းအင်ထုတ်ပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာ အရေးကြီးပါတယ်။ကြွက်သားတွေမှာရှိတဲ့ Carnitine ပမာဏများပြားလာတာနဲ့အမျှ အဆီလောင်ကျွမ်းခြင်းဖြစ်စဉ်ကို ပိုမိုအားပေးပါတယ်။

စွမ်းအင်တွေပိုများလာတာနဲ့အမျှ သင့်အနေနဲ့ ပိုပြီးနေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။Carnitine ပမာဏများပြားလာရင် အဆီတွေကို ပိုမိုလောင်ကျွမ်းပြီး glycogen ဓာတ်ကိုတော့ ချန်ထားမှာဖြစ်ကာ ကြွက်သားတွေထဲမှာရှိတဲ့ lactate တွေကိုပါ ရှင်းလင်းဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို အားပေးကူညီတဲ့ ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ခြင်းကိုလည်း ပိုမိုကောင်းမွန်လာစေပါလိမ့်မယ်။
အဆီချဆေးရည်တွေ ဘယ်လိုအလုပ်လုပ်သလဲ။

အစားအသောက်စားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က သင့်ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့ ဖြစ်ပြီး အဆီချဆေးရည်တွေဟာ ဗီတာမင်၊သတ္တုဓာတ်၊ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေကို သင့်သွေးကြောထဲ ရောက်ရှိသွားစေပါတယ်။

ဒီနည်းလမ်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့ detoxification therapy နဲ့ ဆင်တူပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို မြန်စေတဲ့အတွက် အဆီပိုတွေကို နေ့စဉ်ဖယ်ရှားပေးနိုင်ပါတယ်။

အဆီချဆေးရည်တွေဟာ စိုးရိမ်ပူပန်မှုတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေတဲ့အတွက် obsessive overeating လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် အလွန်အကျွံအစားစားခြင်းကို ကာကွယ်ပေးနိုင်မှာပါ။ဒါ့အပြင် ၎င်းဟာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကိုလည်း ပိုမိုများပြားအကျိုးရှိစေပါတယ်။

အဆီချဆေးရည်တွေဟာ သင့်ရဲ့ အဆီချပန်းတိုင်ကို အရောက်ပို့ပေးနိုင်တဲ့အပြင် စွမ်းအင်တွေကိုလည်း ထောက်ပံ့ပေးတဲ့အတွက် ကိုယ်လက်လှုပ်ရှားအားကစားတွေနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း မပင်မပန်းဘဲ အားကြိုးမာန်တက် လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းရုံသာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိကောင်းမွန်တဲ့ အဆီချဆေးရည်တွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုခေတ်စားလူကြိုက်များလာတာပဲ ဖြစ်ပါကြောင်း။

ရေးသားသူ Dr. Thiha Phyo Myint

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top