မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×





Source : Soompi
Credit: Duwun

#Unicode Version#
"ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ ကောလာဟလသတင်းတစ်ခုနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်စရာရှိပါတယ်။ အဲဒါကတော့ ဂေါင်ယူးနဲ့ ဂျန်ယူမီတို့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းက သတင်းအမှားကြီးပါ။ ကောလာဟလတွေ ဖြန့်သူတွေနဲ့ မလိုမုန်းထားပြောဆိုနေကြတဲ့ Comment တွေကို အခုကစပြီး ဥပဒေအရ အယူသွားရပါလိမ့်မယ်" လို့ Soop Entertianment ကဆိုပါတယ်။

"ဂေါင်ယူးနဲ့ ဂျန်ယူမီတို့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေက လုံးဝမမှန်ပါဘူး။ သူတို့နှစ်ယောက်က မောင်နှမတွေလိုမျိုးတောင် မဟုတ်ပါဘူး။ သူတို့က ညီအစ်ကိုနဲ့ပိုတူပါတယ်။ ဂေါင်ယူးက ဂျန်ယူမီကို ညီလေးတစ်ယောက်လို ဆက်ဆံတာပါ" လို့ အေဂျင်စီက လူတစ်ဦးက ပြောပါတယ်။

"ဂေါင်ယူးလက်ထပ်တော့မယ်။ မနေ့ကပဲ သူက Shilla Hotel မှာ စာရင်းပေးသွားပါတယ်။ အဲဒီမှာအလုပ်လုပ်တဲ့သူတစ်ယောက်က ဒီသတင်းကို ပြောတာပါ။ မင်္ဂလာဆောင်မှာက ဂျန်ယူမီနဲ့ပါ" လို့ ဇန်နဝါရီလ ၉ ရက်နေ့မှာ အွန်လိုင်းအသုံးပြုသူတစ်ဦးက ရေးသားခဲ့ရာကနေ အဲဒီကောလာဟလက ပျံ့သွားခဲ့တာ ဖြစ်ပါတယ်။

ဂေါင်ယူး (Gong Yoo) နဲ့ ဂျန်ယူမီ (Jung Yoo Mi) တို့ Silenced နဲ့ Tain To Busan ရုပ်ရှင်ကားတွေမှာ အတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

Source : Soompi

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top