×

မနက္ပိုင္းမွာေရခ်ိဳးထားတဲ့အတြက္ ခႏၶာကိုယ္က အနံ႔အသက္မရွိဘူးဆို႐ံုနဲ႔ ကိုယ္ေပၚမွာ ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြဟာ သန္႔ရွင္းေနတယ္လို႔ မယူဆႏိုင္ပါဘူး။ အျပင္ကျပန္လာရင္ အိမ္ေနအကႌ်မလဲဘဲ ကုတင္ေပၚမွာလဲေလ်ာင္းဖို႔စဥ္းစားေနတယ္ဆုိပါက ေအာက္ပါေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ဦးစြာေလ့လာသင့္ပါတယ္။

1. လူသားေတြဟာ ပင္ကိုယ္သဘာဝအေနနဲ႔ မႏွစ္ၿမိဳ႕ဖြယ္ခႏၶာကိုယ္ကို ပိုင္ဆုိင္ထားၾကပါတယ္။

တစ္ကိုယ္ရည္သန္႔ရွင္းေရး အေလ့အက်င့္ဟာ က်န္းမာေရးအတြက္႐ႈေထာင့္စံုမွ အလြန္ပင္ အေရးႀကီးလွပါတယ္။ လူမႈေပါင္းသင္းဆက္ဆံေရးပတ္ဝန္းက်င္အတြက္သာမက ခႏၶာကိုယ္ရဲ႕တစ္ေန႔တာ အေျပာင္းအလဲအတြက္ အဝတ္အစားမလဲျခင္းဟာ အညစ္အေၾကးေတြကို ပိုမို၍စုပံုေစႏုိင္ပါတယ္။ အေရျပားဆဲလ္ေတြအဆက္မျပတ္ကြာက်ေနျခင္း၊ အေရျပားအဆီေတြ စိမ့္ထြက္ေနျခင္း၊ ေခၽြးထြက္ျခင္း စတဲ့အရာေတြအားလံုးဟာ အဝတ္အစားေတြအေပၚမွာ ကပ္ၿငိေနတတ္ပါတယ္။ ပံုမွန္အားျဖင့္ ခႏၶာကိုယ္မွ ေန႔စဥ္ေန႔တုိင္း အေရျပားဆဲလ္ သန္း 500 ခန္႔ကြာက်၍ ေခၽြးတစ္လီတာခန္႔ ထြက္ေလ့ရွိပါတယ္။

2. ပိုးမႊားေတြဟာ ခႏၶာကိုယ္မွာ ေကာ္ကဲ့သို႔ ကပ္ေနတတ္ပါတယ္။

ဘက္တီးရီးယားနဲ႔ အျခားပိုးမႊားေတြဟာ အဝတ္အစားေပၚမွာ ရက္သတၱပတ္ေပါင္းမ်ားစြာ အသက္ရွင္ေနထုိင္ႏုိင္ၾကပါတယ္။ လံုးဝမဝတ္ရေသးတဲ့ အသစ္က်ပ္ခၽြတ္အဝတ္အစားေတြပင္လွ်င္ ပိုးမႊားေတြကပ္ၿငိေနတတ္ပါတယ္။ ဒါေၾကာင့္ အဝတ္အစားအသစ္ေတြကို မဝတ္မီေလွ်ာ္၍ 12 နာရီခန္႔ၾကာေအာင္ ေနပူလွန္းသင့္ပါတယ္။

3. အဖုအပိန္႔ေတြ၊ ဝက္ၿခံေတြ၊ ေရာဂါပိုးေတြ ပ်ံ႕ႏွံ႔ေစႏုိင္ပါတယ္။

မသန္႔ရွင္းတဲ့ အဝတ္အထည္ေတြေၾကာင့္ အေရျပားယားနာေတြပိုဆိုးေစႏုိင္ပါတယ္။ ရင္ဘတ္နဲ႔ ေက်ာမွာျဖစ္တဲ့ ဝက္ၿခံေတြဟာ ၾကပ္လြန္းတဲ့တီရွပ္၊ ေက်ာပိုးအိတ္ေတြရဲ႕ ဖိအားနဲ႔အေရျပားကို မၾကာခဏပြတ္တိုက္တဲ့ဒဏ္ေတြေၾကာင့္ပဲျဖစ္ပါတယ္။ ညစ္ပတ္ေနတဲ့ အဝတ္အစားနဲ႔ မသန္႔ရွင္းတဲ့ အိပ္ရာခင္းေတြေၾကာင့္ အညစ္အေၾကးနဲ႔ ဘက္တီးရီးယားပိုးေတြဟာ ဆံပင္အျမစ္ေတြဆီေရာက္ကာ ပိတ္ဆို႔ေစတာေၾကာင့္ ေရာဂါျဖစ္လာႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn(drmyanmar)

# Unicode Version ဖြင့် ဖတ်ပါ #

မနက်ပိုင်းမှာရေချိုးထားတဲ့အတွက် ခန္ဓာကိုယ်က အနံ့အသက်မရှိဘူးဆိုရုံနဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟာ သန့်ရှင်းနေတယ်လို့ မယူဆနိုင်ပါဘူး။ အပြင်ကပြန်လာရင် အိမ်နေအင်္ကျီမလဲဘဲ ကုတင်ပေါ်မှာလဲလျောင်းဖို့စဉ်းစားနေတယ်ဆိုပါက အောက်ပါနောက်ဆက်တွဲ ဆိုးကျိုးတွေကို ဦးစွာလေ့လာသင့်ပါတယ်။

1. လူသားတွေဟာ ပင်ကိုယ်သဘာဝအနေနဲ့ မနှစ်မြို့ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ဟာ ကျန်းမာရေးအတွက်ရှုထောင့်စုံမှ အလွန်ပင် အရေးကြီးလှပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးပတ်ဝန်းကျင်အတွက်သာမက ခန္ဓာကိုယ်ရဲ့တစ်နေ့တာ အပြောင်းအလဲအတွက် အဝတ်အစားမလဲခြင်းဟာ အညစ်အကြေးတွေကို ပိုမို၍စုပုံစေနိုင်ပါတယ်။ အရေပြားဆဲလ်တွေအဆက်မပြတ်ကွာကျနေခြင်း၊ အရေပြားအဆီတွေ စိမ့်ထွက်နေခြင်း၊ ချွေးထွက်ခြင်း စတဲ့အရာတွေအားလုံးဟာ အဝတ်အစားတွေအပေါ်မှာ ကပ်ငြိနေတတ်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှ နေ့စဉ်နေ့တိုင်း အရေပြားဆဲလ် သန်း 500 ခန့်ကွာကျ၍ ချွေးတစ်လီတာခန့် ထွက်လေ့ရှိပါတယ်။

2. ပိုးမွှားတွေဟာ ခန္ဓာကိုယ်မှာ ကော်ကဲ့သို့ ကပ်နေတတ်ပါတယ်။

ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေဟာ အဝတ်အစားပေါ်မှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ လုံးဝမဝတ်ရသေးတဲ့ အသစ်ကျပ်ချွတ်အဝတ်အစားတွေပင်လျှင် ပိုးမွှားတွေကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် အဝတ်အစားအသစ်တွေကို မဝတ်မီလျှော်၍ 12 နာရီခန့်ကြာအောင် နေပူလှန်းသင့်ပါတယ်။

3. အဖုအပိန့်တွေ၊ ဝက်ခြံတွေ၊ ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်ပါတယ်။

မသန့်ရှင်းတဲ့ အဝတ်အထည်တွေကြောင့် အရေပြားယားနာတွေပိုဆိုးစေနိုင်ပါတယ်။ ရင်ဘတ်နဲ့ ကျောမှာဖြစ်တဲ့ ဝက်ခြံတွေဟာ ကြပ်လွန်းတဲ့တီရှပ်၊ ကျောပိုးအိတ်တွေရဲ့ ဖိအားနဲ့အရေပြားကို မကြာခဏပွတ်တိုက်တဲ့ဒဏ်တွေကြောင့်ပဲဖြစ်ပါတယ်။ ညစ်ပတ်နေတဲ့ အဝတ်အစားနဲ့ မသန့်ရှင်းတဲ့ အိပ်ရာခင်းတွေကြောင့် အညစ်အကြေးနဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆံပင်အမြစ်တွေဆီရောက်ကာ ပိတ်ဆို့စေတာကြောင့် ရောဂါဖြစ်လာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn(drmyanmar)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top