ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေျပာင္းလဲက်င့္သံုးမယ့္ ဘ႑ာေရးႏွစ္ မစတင္ခင္ၾကားကာလမွာ ဝန္ႀကီးဌာနေတြအေနနဲ႔ ဘတ္ဂ်က္ကို ေျခာက္လအတြင္း အသံုးစရိတ္ေတြ အေလအလြင့္မရွိဘဲ က်စ္က်စ္လစ္လစ္သံုးစြဲဖုိ႔ ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္က ေျပာလိုက္ပါတယ္။

ဇန္နဝါရီ ၉ ရက္က သမၼတအိမ္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ ဘ႑ာေရးေကာ္မရွင္အစည္းအေဝးမွာ သမၼတဦးထင္ေက်ာ္ကအခုလိုေျပာလိုက္တာျဖစ္ၿပီး ဘတ္ဂ်က္ေတာင္းခံတဲ့ ၀န္ႀကီးဌာနေတြအေနနဲ႔ ေျခာက္လတာကာလအတြင္း ၿပီးစီးႏိုင္မယ့္ လုပ္ငန္းေတြကုိပဲေတာင္းခံဖုိ႔ ေျပာခဲ့တာပါ။

ေျခာက္လဘတ္ဂ်က္မွာ ေရွ႕ပိုင္းႏွစ္လပဲ ေႏြရာသီျဖစ္ၿပီး က်န္ေလးလက မိုးရာသီျဖစ္လို႔ လုပ္ငန္းသဘာဝအေလ်ာက္ လုပ္ငန္းအသစ္ေတြ ေဆာင္ရြက္ဖုိ႔ အခ်ိန္လံုေလာက္မႈမရွိေတာ့တာေၾကာင့္ တတ္ႏုိင္သမွ် လုပ္ငန္းအသစ္ေတြ တင္ျပေတာင္းခံတာမလုပ္ဖို႔ ႏုိင္ငံေတာ္သမၼတက မွာၾကားခဲ့ပါတယ္။

အစိုးရက စိစစ္ျဖတ္ေတာက္ၿပီးတဲ့ တိုင္းနဲ႔ ျပည္နယ္ဘတ္ဂ်က္ေတြမွာ ရေငြခန္႔မွန္းခ်က္ ၃၇၆ ဘီလီယံေက်ာ္ရွိၿပီး အသံုးစရိတ္ က်ပ္ ၁,၁၉၅ ဘီလီယံေက်ာ္ရွိေနလို႔ လိုေငြ က်ပ္ ၈၁၉ ဘီလီယံေက်ာ္ ရွိေနပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဘ႑ာႏွစ္ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ စတင္ေျပာင္းလဲမႈအျဖစ္ ဘ႑ာႏွစ္အစက ၂၀၁၈ စက္တင္ဘာ ၁ ရက္မွာ စတင္မွာ ျဖစ္ပါတယ္။ ၂၀၁၇-၁၈ ဘ႑ာႏွစ္က မတ္လ ၃၁ ရက္မွာ အဆံုးသတ္မွာျဖစ္လို႔ ၾကားကာလ ေျခာက္လအတြက္ သီးသန္႔ဘတ္ ဂ်က္ကို အစိုးရက ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ပြောင်းလဲကျင့်သုံးမယ့် ဘဏ္ဍာရေးနှစ် မစတင်ခင်ကြားကာလမှာ ဝန်ကြီးဌာနတွေအနေနဲ့ ဘတ်ဂျက်ကို ခြောက်လအတွင်း အသုံးစရိတ်တွေ အလေအလွင့်မရှိဘဲ ကျစ်ကျစ်လစ်လစ်သုံးစွဲဖို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၉ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ သမ္မတဦးထင်ကျော်ကအခုလိုပြောလိုက်တာဖြစ်ပြီး ဘတ်ဂျက်တောင်းခံတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ခြောက်လတာကာလအတွင်း ပြီးစီးနိုင်မယ့် လုပ်ငန်းတွေကိုပဲတောင်းခံဖို့ ပြောခဲ့တာပါ။

ခြောက်လဘတ်ဂျက်မှာ ရှေ့ပိုင်းနှစ်လပဲ နွေရာသီဖြစ်ပြီး ကျန်လေးလက မိုးရာသီဖြစ်လို့ လုပ်ငန်းသဘာဝအလျောက် လုပ်ငန်းအသစ်တွေ ဆောင်ရွက်ဖို့ အချိန်လုံလောက်မှုမရှိတော့တာကြောင့် တတ်နိုင်သမျှ လုပ်ငန်းအသစ်တွေ တင်ပြတောင်းခံတာမလုပ်ဖို့ နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါတယ်။

အစိုးရက စိစစ်ဖြတ်တောက်ပြီးတဲ့ တိုင်းနဲ့ ပြည်နယ်ဘတ်ဂျက်တွေမှာ ရငွေခန့်မှန်းချက် ၃၇၆ ဘီလီယံကျော်ရှိပြီး အသုံးစရိတ် ကျပ် ၁,၁၉၅ ဘီလီယံကျော်ရှိနေလို့ လိုငွေ ကျပ် ၈၁၉ ဘီလီယံကျော် ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ စတင်ပြောင်းလဲမှုအဖြစ် ဘဏ္ဍာနှစ်အစက ၂၀၁၈ စက်တင်ဘာ ၁ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က မတ်လ ၃၁ ရက်မှာ အဆုံးသတ်မှာဖြစ်လို့ ကြားကာလ ခြောက်လအတွက် သီးသန့်ဘတ် ဂျက်ကို အစိုးရက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top