×

အိႏၵိယ ေလေၾကာင္းလုိင္းတစ္ခုက ေလယာဥ္တစ္စင္း ၿပီးခဲ့တဲ့ ရက္ပိုင္းက ပ်ံသန္းေနစဥ္ လမ္းခုလတ္မွာ ရုတ္တရက္ ေလယာဥ္မွဴးႏွစ္ဦး ရန္ထျဖစ္ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ေပၚေပါက္ခဲ့ၿပီးေနာက္ ယခုအခါ ၎တို႔ႏွစ္ဦးအား သက္ဆိုင္ရာ ေလေၾကာင္းလိုင္းက အလုပ္ကေန ထုတ္ပယ္ပစ္လုိက္ၿပီျဖစ္ေၾကာင္း သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ နယူးရီးယားေန႔တုန္းက ခရီးသည္ ၃၂၄ ဦးလုိက္ပါလာၿပီး လန္ဒန္ကေန မြမ္ဘိုင္းဆီ ထြက္ခြာပ်ံသန္းလာတဲ့ Jet Airways ေလယာဥ္တစ္စင္းဟာ ပ်ံသန္းရာ လမ္းခုလတ္မွာပဲ ပိုင္းေလာ့ႏွစ္ဦး စကားမ်ား ရန္ျဖစ္ၿပီး အေျခအေန ရုန္းရင္းဆန္ခတ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ယခုအခါ အဆိုပါ ပိုင္းေလာ့ႏွစ္ဦး ကို ထုတ္ပယ္ပစ္ဖို႔ ဆံုးျဖတ္ခဲ့ရၿပီျဖစ္ေၾကာင္း Jet Airways ေလေၾကာင္းလုိင္းက ထုတ္ျပန္ပါတယ္။

ယင္းျဖစ္စဥ္မွာ အဆိုပါ ေလယာဥ္ပ်ံသန္းေနရင္း အမ်ဳိးသား ပိုင္းေလာ့က ၎ရဲ႕ တြဲဘက္ အကူ အမ်ဳိးသမီး ပိုင္းေလာ့နဲ႔ ထ စကားမ်ားခဲ့ကာ ပါးရိုက္တဲ့အထိ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

ယင္း ေလယာဥ္ေပၚမွာ ျဖစ္တဲ့ ရန္ပြဲမွာ ပိုင္းေလာ့ႏွစ္ဦးအၾကား အေျခအတင္ျဖစ္ၾကရင္း အမ်ဳိးသမီး ပိုင္းေလာ့ျဖစ္သူဟာ cockpit (ေလယာဥ္မွဴးအခန္း) ထဲကေနပါ မ်က္ရည္ရႊဲလဲနဲ႔ ထြက္လာခဲ့လို႔ သူမကို တစ္ျခား အမႈထမ္းေတြကို ၀ိုင္း၀န္းေခ်ာ့ေမာ့ေျဖာင္းဖ်ခဲ့ရတယ္လို႔လည္း အိႏၵိယ ျပည္တြင္းသတင္းမီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။

ယင္းအခ်ိန္တစ္ခ်ိန္တည္းမွာပဲ သူမနဲ႔ ရန္ျဖစ္ခဲ့တဲ့ အမ်ဳိးသားပိုင္းေလာ့ကလည္း cockpit ခန္းထဲကေနပါ လုိက္ထြက္လာခဲ့တယ္လို႔ သိရၿပီး ယင္းအခ်ိန္မွာ ေလယာဥ္ cockpit ထဲမွာ ေလယာဥ္မွဴးတစ္ဦးမွ မရွိေတာ့ဘဲ controls စနစ္ေတြ ေခတၱမွ် ထိန္းသူမဲ့ ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

ယင္းေနာက္ ေဘးလူေတြက ၀ိုင္း၀န္းေျဖာင္းဖ်ေပးမႈေၾကာင့္ အေျခအေန ျပန္လည္တည္ၿငိမ္ခဲ့ၿပီး ၎ပိုင္းေလာ့ႏွစ္ဦးကလည္း ေလယာဥ္ကို ထိန္းခ်ဳပ္ေမာင္းႏွင္ကာ သတ္မွတ္ေလဆိပ္ကို ေခ်ာေမြ႔စြာ ဆိုက္ကပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယင္းျဖစ္စဥ္ေနာက္ပုိင္း ယခုလို ျပန္လည္စစ္ေဆးသံုးသပ္ၿပီး အေရးယူမႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။

” ဒီျဖစ္စဥ္ကို အေသးစိတ္ ျပန္လည္စစ္ေဆး သံုးသပ္ခဲ့ၿပီးေနာက္မွာေတာ့ ဒီ ေလယာဥ္မွဴးႏွစ္ဦးကို တာ၀န္ကေန ရပ္ဆုိင္းဖို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္လုိက္ပါၿပီ” ဆိုၿပီး Jet Airways ကထုတ္ျပန္သြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
Unicodeဖြင့်ဖတ်ရန်

အိန္ဒိယ လေကြောင်းလိုင်းတစ်ခုက လေယာဉ်တစ်စင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပျံသန်းနေစဉ် လမ်းခုလတ်မှာ ရုတ်တရက် လေယာဉ်မှူးနှစ်ဦး ရန်ထဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာ လေကြောင်းလိုင်းက အလုပ်ကနေ ထုတ်ပယ်ပစ်လိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နယူးရီးယားနေ့တုန်းက ခရီးသည် ၃၂၄ ဦးလိုက်ပါလာပြီး လန်ဒန်ကနေ မွမ်ဘိုင်းဆီ ထွက်ခွာပျံသန်းလာတဲ့ Jet Airways လေယာဉ်တစ်စင်းဟာ ပျံသန်းရာ လမ်းခုလတ်မှာပဲ ပိုင်းလော့နှစ်ဦး စကားများ ရန်ဖြစ်ပြီး အခြေအနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ အဆိုပါ ပိုင်းလော့နှစ်ဦး ကို ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရပြီဖြစ်ကြောင်း Jet Airways လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ယင်းဖြစ်စဉ်မှာ အဆိုပါ လေယာဉ်ပျံသန်းနေရင်း အမျိုးသား ပိုင်းလော့က ၎င်းရဲ့ တွဲဘက် အကူ အမျိုးသမီး ပိုင်းလော့နဲ့ ထ စကားများခဲ့ကာ ပါးရိုက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ယင်း လေယာဉ်ပေါ်မှာ ဖြစ်တဲ့ ရန်ပွဲမှာ ပိုင်းလော့နှစ်ဦးအကြား အခြေအတင်ဖြစ်ကြရင်း အမျိုးသမီး ပိုင်းလော့ဖြစ်သူဟာ cockpit (လေယာဉ်မှူးအခန်း) ထဲကနေပါ မျက်ရည်ရွှဲလဲနဲ့ ထွက်လာခဲ့လို့ သူမကို တစ်ခြား အမှုထမ်းတွေကို ဝိုင်းဝန်းချော့မော့ဖြောင်းဖျခဲ့ရတယ်လို့လည်း အိန္ဒိယ ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ယင်းအချိန်တစ်ချိန်တည်းမှာပဲ သူမနဲ့ ရန်ဖြစ်ခဲ့တဲ့ အမျိုးသားပိုင်းလော့ကလည်း cockpit ခန်းထဲကနေပါ လိုက်ထွက်လာခဲ့တယ်လို့ သိရပြီး ယင်းအချိန်မှာ လေယာဉ် cockpit ထဲမှာ လေယာဉ်မှူးတစ်ဦးမှ မရှိတော့ဘဲ controls စနစ်တွေ ခေတ္တမျှ ထိန်းသူမဲ့ ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယင်းနောက် ဘေးလူတွေက ဝိုင်းဝန်းဖြောင်းဖျပေးမှုကြောင့် အခြေအနေ ပြန်လည်တည်ငြိမ်ခဲ့ပြီး ၎င်းပိုင်းလော့နှစ်ဦးကလည်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ကာ သတ်မှတ်လေဆိပ်ကို ချောမွေ့စွာ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယင်းဖြစ်စဉ်နောက်ပိုင်း ယခုလို ပြန်လည်စစ်ဆေးသုံးသပ်ပြီး အရေးယူမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

” ဒီဖြစ်စဉ်ကို အသေးစိတ် ပြန်လည်စစ်ဆေး သုံးသပ်ခဲ့ပြီးနောက်မှာတော့ ဒီ လေယာဉ်မှူးနှစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ” ဆိုပြီး Jet Airways ကထုတ်ပြန်သွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
Unicodeဖွင့ျဖတျရနျ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top