iMyanmarHouse.com - Best Property Website for Myanmar
×

တ႐ုတ္ႏုိင္ငံမွာ ကားလမ္းေပၚ ျဖတ္ကူးလာတဲ့ အမ်ိဳးသမီးတဦးကို ကားတုိက္မိၿပီး ကားေအာက္ထဲ ဝင္သြားလုိ႔ ကယ္တင္ခ်ိန္၊ အမ်ိဳးသမီးကို အဲဒီကားကပဲ ထပ္မံႀကိတ္သြားခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံ အေရွ႕ပုိင္း လ်န္ယုန္႔ဂန္းၿမိဳ႕က လမ္းေပၚမွာ မစၥနန္ဆုိတဲ့ အမ်ိဳးသမီး မနက္ပုိင္း ႐ံုးဆင္း႐ံုးတက္ခ်ိန္ လမ္းျဖတ္ကူးရင္း ကားတိုက္မိသြားတာပါ။

ကားေမာင္းသူက ကူညီဖုိ႔ ကားထဲကခ်က္ျခင္း ထြက္လာၿပီး ကားေအာက္ထဲ ေရာက္သြားတဲ့ အမ်ိဳးသမီးကို အျခား ျဖတ္သြားသူေတြနဲ႔အတူ ဆြဲထုတ္ေနပါတယ္။

အမ်ိဳးသမီးကုိ ကားေအာက္က ဆြဲထုတ္ကယ္တင္ႏုိင္ခဲ့ေပမယ့္ ကားသမား ကားဘရိတ္ကုိ ေသခ်ာ မဆြဲခဲ့ပဲ ကားထဲက်န္ေနခဲ့တဲ့ ကားသမားရဲ႕ ေျမးက မေတာ္တဆ ကားစက္ႏုိးလုိက္လုိ႔ အမ်ိဳးသမီးေပၚ ကားထပ္မံ တက္ႀကိတ္မိသြားတာကို ႐ုပ္သံထဲ ျမင္ရပါတယ္။

အခင္းျဖစ္ပြားမႈက ဒီဇင္ဘာလ ၂၇ ရက္ေန႔မွာ ျဖစ္ခဲ့ၿပီး အမ်ိဳးသမီးက အသက္အႏၱရာယ္ မစုိးရိမ္ရေပမယ့္ ဒဏ္ရာေတာ္ေတာ္မ်ားမ်ား ရသြားတယ္လုိ႔ စီဂ်ီတီအန္သတင္းမွာ ဇန္နဝါရီလ ၁၂ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံမှာ ကားလမ်းပေါ် ဖြတ်ကူးလာတဲ့ အမျိုးသမီးတဦးကို ကားတိုက်မိပြီး ကားအောက်ထဲ ဝင်သွားလို့ ကယ်တင်ချိန်၊ အမျိုးသမီးကို အဲဒီကားကပဲ ထပ်မံကြိတ်သွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း လျန်ယုန့်ဂန်းမြို့က လမ်းပေါ်မှာ မစ္စနန်ဆိုတဲ့ အမျိုးသမီး မနက်ပိုင်း ရုံးဆင်းရုံးတက်ချိန် လမ်းဖြတ်ကူးရင်း ကားတိုက်မိသွားတာပါ။

ကားမောင်းသူက ကူညီဖို့ ကားထဲကချက်ခြင်း ထွက်လာပြီး ကားအောက်ထဲ ရောက်သွားတဲ့ အမျိုးသမီးကို အခြား ဖြတ်သွားသူတွေနဲ့အတူ ဆွဲထုတ်နေပါတယ်။

အမျိုးသမီးကို ကားအောက်က ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပေမယ့် ကားသမား ကားဘရိတ်ကို သေချာ မဆွဲခဲ့ပဲ ကားထဲကျန်နေခဲ့တဲ့ ကားသမားရဲ့ မြေးက မတော်တဆ ကားစက်နိုးလိုက်လို့ အမျိုးသမီးပေါ် ကားထပ်မံ တက်ကြိတ်မိသွားတာကို ရုပ်သံထဲ မြင်ရပါတယ်။

အခင်းဖြစ်ပွားမှုက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖြစ်ခဲ့ပြီး အမျိုးသမီးက အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဒဏ်ရာတော်တော်များများ ရသွားတယ်လို့ စီဂျီတီအန်သတင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top