ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

အိႏိၵယႏိုင္ငံတြင္ ဗိုက္ထဲက နာက်င္ေၾကာင္းေျပာၾကားေနတဲ့ လူတစ္ေယာက္ကို ခြဲစိတ္လိုက္တဲ့အခါမွာ ေရႊေခ်ာင္း ၁၂ ေခ်ာင္းထြက္လာလို႔ အိႏိၵယက ဆရာဝန္ေတြ အံ့ၾသခဲ့ရတယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္မွာ အသက္ ၆၃ နွစ္ အရြယ္ ေယာက်္ားတစ္ေယာက္ဟာ ေရဘူးအဖံုးကို မ်ိဳခ်မိခဲ့ျခင္းေၾကာင့္ ခႏၶာကိုယ္ထဲမွ ဖယ္ရွားျခင္းေၾကာင္းေျပာကာ ေဒလီျမိဳ႕က ေဆးရုံတစ္ရုံကို ယခုလ အေစာပိုင္းက ေရာက္ရွိလာတယ္ လို႔ဆိုပါတယ္။ ဗိုက္ထဲက နာက်င္ေၾကာင္းနဲ႔ အန္လည္း အန္ေၾကာင္းေျပာေနတဲ့ ဒီလူကိုခြဲလိုက္တဲ့အခါ ေရဘူးဖံုးထြက္မလာဘဲ ေရႊေခ်ာင္းေတြထြက္လာလို႔ ဆရာဝန္ေတြ ေရွာ့ခ္ျဖစ္သြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ အိပ္စ္ေရးရိုက္ၾကည့္ေတာ့ ေရဘူးဖံုး မဟုတ္သလိုဘဲဗ်။ ေရႊေခ်ာင္းေတြက တစ္ခုေနာက္ တစ္ခုထပ္ေနေတာ့ သတၱဳေခ်ာင္း တစ္ခုလိုျဖစ္ေနတာ။ သူ႔ဗိုက္ထဲမွာ တစ္ေခ်ာင္းတည္းမဟုတ္ဘဲ ေရႊေခ်ာင္းက ၁၂ ေခ်ာင္းျဖစ္ေနေတာ့ ကၽြန္ေတာ္တို႔ေရွာ့ခ္ျဖစ္သြားတယ္” လို႔ Sir Ganga Ram ေဆးရုံက လက္ေထာက္ ခြဲစိတ္ဆရာဝန္ ေဒါက္တာ C S Ramachandran က ေျပာၾကားခဲ့ပါတယ္။လိမ္လည္ခြဲစိတ္ခိုင္းခဲ့တယ္လို႔ ယူဆရတဲ့ဒီလူရဲ႕ေရႊေတြကို အေကာက္ခြန္အရာရွိေတြက ေမးျမန္းသိမ္းဆည္းထားပါတယ္။

အိႏၵိယနိုင္ငံဟာ ေရႊဝယ္မႈအျမင့္မားဆံု နိုင္ငံေတြထဲက တစ္ခုျဖစ္ျပီး မၾကာေသးခင္က အစိုးရရဲ႕ စည္းမ်ဥ္းမ်ား တင္းၾကပ္လိုက္တာေၾကာင့္ ေရႊေမွာင္ခုိေတြက ျမင့္တက္လ်က္ ရွိတယ္လို႔ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei

# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံတွင် ဗိုက်ထဲက နာကျင်ကြောင်းပြောကြားနေတဲ့ လူတစ်ယောက်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ရွှေချောင်း ၁၂ ချောင်းထွက်လာလို့ အိန္ဒိယက ဆရာဝန်တွေ အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ အသက် ၆၃ နှစ် အရွယ် ယောကျ်ားတစ်ယောက်ဟာ ရေဘူးအဖုံးကို မျိုချမိခဲ့ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှ ဖယ်ရှားခြင်းကြောင်းပြောကာ ဒေလီမြို့က ဆေးရုံတစ်ရုံကို ယခုလ အစောပိုင်းက ရောက်ရှိလာတယ် လို့ဆိုပါတယ်။ ဗိုက်ထဲက နာကျင်ကြောင်းနဲ့ အန်လည်း အန်ကြောင်းပြောနေတဲ့ ဒီလူကိုခွဲလိုက်တဲ့အခါ ရေဘူးဖုံးထွက်မလာဘဲ ရွှေချောင်းတွေထွက်လာလို့ ဆရာဝန်တွေ ရှော့ခ်ဖြစ်သွားခဲ့ပါတယ်။

“ကျွန်တော်တို့ အိပ်စ်ရေးရိုက်ကြည့်တော့ ရေဘူးဖုံး မဟုတ်သလိုဘဲဗျ။ ရွှေချောင်းတွေက တစ်ခုနောက် တစ်ခုထပ်နေတော့ သတ္တုချောင်း တစ်ခုလိုဖြစ်နေတာ။ သူ့ဗိုက်ထဲမှာ တစ်ချောင်းတည်းမဟုတ်ဘဲ ရွှေချောင်းက ၁၂ ချောင်းဖြစ်နေတော့ ကျွန်တော်တို့ရှော့ခ်ဖြစ်သွားတယ်” လို့ Sir Ganga Ram ဆေးရုံက လက်ထောက် ခွဲစိတ်ဆရာဝန် ဒေါက်တာ C S Ramachandran က ပြောကြားခဲ့ပါတယ်။လိမ်လည်ခွဲစိတ်ခိုင်းခဲ့တယ်လို့ ယူဆရတဲ့ဒီလူရဲ့ရွှေတွေကို အကောက်ခွန်အရာရှိတွေက မေးမြန်းသိမ်းဆည်းထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ရွှေဝယ်မှုအမြင့်မားဆုံ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး မကြာသေးခင်က အစိုးရရဲ့ စည်းမျဉ်းများ တင်းကြပ်လိုက်တာကြောင့် ရွှေမှောင်ခိုတွေက မြင့်တက်လျက် ရှိတယ်လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top