ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပါကစၥတန္ႏုိင္ငံ ကာစာၿမိဳ႕မွာ မိန္းကေလးငယ္တဦး အဓမၼျပဳက်င့္ သတ္ျဖတ္ခံရၿပီးေနာက္ ဆႏၵျပခဲ့တဲ့အတြက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး ဆႏၵျပသူ ၂ ဦး ေသဆံုးခဲ့ပါတယ္။

အသက္ ၇ ႏွစ္အရြယ္ ဇုိင္နက္ဘ္ဆုိတဲ့မိန္းကေလးဟာ ရက္အေတာ္ၾကာ ေပ်ာက္ဆံုးေနၿပီး ဇန္နဝါရီ ၉ ရက္ေန႔မွာမွ သူမအိမ္နဲ႔႔ ၂ ကီလုိမီတာေဝးတဲ့ အမႈိက္ပံုထဲကေန သူမရဲ႕အေလာင္းကို ရွာေတြ႔ခဲ့ပါတယ္။

သူမဟာ အဓမၼျပဳက်င့္ခံရၿပီးေနာက္ လည္ပင္းညႇစ္ သတ္ျဖတ္ခံခဲ့ရတာလုိ႔ ဇန္နဝါရီ ၁၀ ရက္ ဘီဘီစီသတင္းမွာ ေဖာ္ျပထားပါတယ္။

ဆႏၵျပသူေတြက အာဏာပုိင္ေတြဟာ လူသတ္မႈေတြ၊ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြနဲ႔ ျပန္ေပးဆြဲမႈေတြကို ရပ္တန္႔ႏုိင္ဖုိ႔ လုပ္ေဆာင္ရာမွာ အားနည္းတယ္လို႔ ေျပာပါတယ္။

ဇုိင္နက္ သတ္ျဖတ္ခံရမႈကို မေက်နပ္တဲ့ ဆႏၵျပမႈေတြဟာ ပါကစၥတန္ ေဒသအႏွံ႔ ပ်ံ႔ႏွံ႔ခဲ့ၿပီး ဆႏၵျပသူေတြဟာ ကာစာၿမိဳ႕ရဲဌာနကို ဖ်က္ဆီးဖို႔ ႀကိဳးစားတဲ့အတြက္ ရဲတပ္ဖြဲ႔ဝင္ေတြက ပစ္ခတ္ခဲ့ရာက ဆႏၵျပသူ ၂ ဦး ေသဆုံးခဲ့တာပါ။

ဒီကိစၥန႔ဲပတ္သက္ၿပီး နာမည္ႀကီး ႐ုပ္ရွင္အေက်ာ္အေမာ္ေတြကလည္း လူသတ္သမားကို ဖမ္းဆီးဖုိ႔နဲ႔ စစ္တပ္က ရဲေတြကို ကူညီေထာက္ပံ့ဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ဇိုင္နက္ ေပ်ာက္ဆံုးၿပီးတဲ့ေနာက္ မိသားစုေတြက ရဲေတြကို အေၾကာင္းၾကားခဲ့ေပမယ့္ ရဲေတြက ခ်က္ခ်င္းအေရးမယူခဲ့ဘူးလုိ႔ မိသားစုက ဆုိပါတယ္။

မိန္းကေလး မေပ်ာက္ဆံုးခင္ သူမ ဘာေတြလုပ္ခဲ့သလဲဆုိတာကို ျပတဲ့ ေစာင့္ၾကည့္ကင္မရာ ႐ုပ္သံကိုလည္း မိန္းကေလးရဲ႕ ေဆြမ်ိဳးေတြက ရခဲ့တာျဖစ္ၿပီး ရဲေတြက ရခဲ့တာမဟုတ္ဘူးလို႔လည္း သိရပါတယ္။

မိန္းကေလးလက္ကုိ အမ်ိဳးသားတဦး တြဲေခၚသြားတဲ့ ႐ုပ္သံက လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔ေနၿပီး “အကယ္၍ ရဲေတြသာ ခ်က္ခ်င္းေဆာင္ရြက္ခဲ့ရင္ ရာဇဝတ္သားကို ဖမ္းဆီးႏုိင္မယ္” လို႔ ဇုိင္နက္ရဲ႕ဖခင္က ဂ်ီယုိတီဗီြသတင္းကို ေျပာပါတယ္။

ရဲေတြကေတာ့ ကာစာၿမိဳ႕မွာ ဒီလုိအမႈေတြ လတုိင္းျဖစ္တယ္လုိ႔ ေျပာလိုက္ၿပီး ၿပီးခဲ့တဲ့ လကလည္း အသက္ ၉ ႏွစ္အရြယ္ မိန္းကေလးတဦး သူမအိမ္နားက ေစ်းဆုိင္ကိုသြားရင္း ေပ်ာက္ဆံုးခဲ့ပါေသးတယ္။

သူမက ဖမ္းဆီးသူလက္ထဲက ထြက္ေျပးႏုိင္ၿပီး အိမ္ကို အေရာက္ျပန္လာႏုိင္ေပမယ့္ သူမ ေတြ႔ႀကံဳခဲ့ရတာေတြနဲ႔ ပတ္သက္လုိ႔ စိတ္ဒဏ္ရာ ရခဲ့တယ္လုိ႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း အခုလိုမ်ဳိး သတ္ျဖတ္ခံခဲ့ရတဲ့အမႈ ၁၂ မႈ ရွိခဲ့တယ္လို႔ ကာစာၿမိဳ႕ ရဲေတြက ေျပာလုိက္ၿပီး အဲဒီအမႈေတြထဲက ၅ မႈဟာ တဦးတည္းကပဲ လုပ္ေဆာင္ခဲ့တာ ေတြ႔ရွိရေၾကာင္း ဆုိပါတယ္။

အဲဒီက်ဴးလြန္သူကို ရဲတပ္ဖြဲ႔ဝင္ေတြက ရွာေဖြေနၿပီး ျဖစ္ႏုိင္ေျခရွိတဲ့ သံသယရွိသူ အေယာက္ ၉၀ ဆီက ဒီအန္ေအနမူနာလည္း ယူထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daiky hot news

# Unicode Version ျဖင့္ ဖတ္ပါ #
ပါကစ္စတန်နိုင်ငံ ကာစာမြို့မှာ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် ဆန္ဒပြခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ် ဇိုင်နက်ဘ်ဆိုတဲ့မိန်းကလေးဟာ ရက်အတော်ကြာ ပျောက်ဆုံးနေပြီး ဇန်နဝါရီ ၉ ရက်နေ့မှာမှ သူမအိမ်နဲ့ ၂ ကီလိုမီတာဝေးတဲ့ အမှိုက်ပုံထဲကနေ သူမရဲ့အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

သူမဟာ အဓမ္မပြုကျင့်ခံရပြီးနောက် လည်ပင်းညှစ် သတ်ဖြတ်ခံခဲ့ရတာလို့ ဇန်နဝါရီ ၁၀ ရက် ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေက အာဏာပိုင်တွေဟာ လူသတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပြန်ပေးဆွဲမှုတွေကို ရပ်တန့်နိုင်ဖို့ လုပ်ဆောင်ရာမှာ အားနည်းတယ်လို့ ပြောပါတယ်။

ဇိုင်နက် သတ်ဖြတ်ခံရမှုကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေဟာ ပါကစ္စတန် ဒေသအနှံ့ ပျံ့နှံ့ခဲ့ပြီး ဆန္ဒပြသူတွေဟာ ကာစာမြို့ရဲဌာနကို ဖျက်ဆီးဖို့ ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ရာက ဆန္ဒပြသူ ၂ ဦး သေဆုံးခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နာမည်ကြီး ရုပ်ရှင်အကျော်အမော်တွေကလည်း လူသတ်သမားကို ဖမ်းဆီးဖို့နဲ့ စစ်တပ်က ရဲတွေကို ကူညီထောက်ပံ့ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဇိုင်နက် ပျောက်ဆုံးပြီးတဲ့နောက် မိသားစုတွေက ရဲတွေကို အကြောင်းကြားခဲ့ပေမယ့် ရဲတွေက ချက်ချင်းအရေးမယူခဲ့ဘူးလို့ မိသားစုက ဆိုပါတယ်။

မိန်းကလေး မပျောက်ဆုံးခင် သူမ ဘာတွေလုပ်ခဲ့သလဲဆိုတာကို ပြတဲ့ စောင့်ကြည့်ကင်မရာ ရုပ်သံကိုလည်း မိန်းကလေးရဲ့ ဆွေမျိုးတွေက ရခဲ့တာဖြစ်ပြီး ရဲတွေက ရခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။

မိန်းကလေးလက်ကို အမျိုးသားတဦး တွဲခေါ်သွားတဲ့ ရုပ်သံက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး “အကယ်၍ ရဲတွေသာ ချက်ချင်းဆောင်ရွက်ခဲ့ရင် ရာဇဝတ်သားကို ဖမ်းဆီးနိုင်မယ်” လို့ ဇိုင်နက်ရဲ့ဖခင်က ဂျီယိုတီဗွီသတင်းကို ပြောပါတယ်။

ရဲတွေကတော့ ကာစာမြို့မှာ ဒီလိုအမှုတွေ လတိုင်းဖြစ်တယ်လို့ ပြောလိုက်ပြီး ပြီးခဲ့တဲ့ လကလည်း အသက် ၉ နှစ်အရွယ် မိန်းကလေးတဦး သူမအိမ်နားက ဈေးဆိုင်ကိုသွားရင်း ပျောက်ဆုံးခဲ့ပါသေးတယ်။

သူမက ဖမ်းဆီးသူလက်ထဲက ထွက်ပြေးနိုင်ပြီး အိမ်ကို အရောက်ပြန်လာနိုင်ပေမယ့် သူမ တွေ့ကြုံခဲ့ရတာတွေနဲ့ ပတ်သက်လို့ စိတ်ဒဏ်ရာ ရခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အခုလိုမျိုး သတ်ဖြတ်ခံခဲ့ရတဲ့အမှု ၁၂ မှု ရှိခဲ့တယ်လို့ ကာစာမြို့ ရဲတွေက ပြောလိုက်ပြီး အဲဒီအမှုတွေထဲက ၅ မှုဟာ တဦးတည်းကပဲ လုပ်ဆောင်ခဲ့တာ တွေ့ရှိရကြောင်း ဆိုပါတယ်။

အဲဒီကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေနေပြီး ဖြစ်နိုင်ခြေရှိတဲ့ သံသယရှိသူ အယောက် ၉၀ ဆီက ဒီအန်အေနမူနာလည်း ယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Daiky hot news
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top