န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လိင္စိတ္နည္းပါးျခင္းျပႆနာ

လိင္စိတ္တက္ႂကြျခင္းႏွင့္ လိင္စိတ္နည္းပါးျခင္း စေသာ လိင္ပုိင္းဆိုင္ရာ ကစဥ္႕ကလ်ား ျဖစ္မႈမ်ားသည္ ခၽြတ္ယြင္းခ်က္မ်ားကို ရွာေဖြေဖာ္ထုတ္သင့္သည့္ ေရာဂါမ်ားျဖစ္ၿပီး အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ျဖစ္ႏုိင္ေခ်ရွိသည္။

လိင္ပုိင္းဆိုင္ရာ တုန္႔ျပန္မႈစက္ဝန္း၏ မည္သည့္ပိုင္းတြင္မဆို လိင္ပုိင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္တစ္ခုခုေၾကာင့္ ကာမသုခ အျပည့္မဝမရရွိျခင္းကို ဆုိလိုပါသည္။
လိင္ပုိင္းဆိုင္ရာတုန္႔ျပန္မႈစက္ဝန္း

လိင္ပုိင္းဆိုင္ရာတုန္႔ျပန္မႈစက္ဝန္းတြင္ ကာမစိတ္၊ သာယာစိတ္၊ ၿပီးေျမာက္မႈႏွင့္ အပန္းေျဖခ်ိန္ဟူ၍ အဆင့္ေလးဆင့္ရွိသည္။

အဆင့္ ၁ စိတ္ဆႏၵတြင္- ဇီဝေဗဒဆိုင္ရာ စိတ္ပိုင္းဆိုင္ရာႏွင့္ လူမႈေရးဆိုင္ရာ စိတ္ဆႏၵတို႔ အသီးသီးပါဝင္သည္။

အဆင့္ ၂ သာယာမႈအဆင့္တြင္- စိတ္ပုိင္းဆိုင္းရာႏွင့္ ႐ုပ္ပိုင္းဆိုင္ရာႏွစ္ခုလံုး လံုေဆာ္မႈျဖစ္ေပၚလာသည္။ အမ်ိဳးသားေရာအမ်ိိဳးသမီးပါ ယခုအဆင့္တြင္ ဇီဝကမၼေျပာင္းလဲမႈမ်ား ျဖစ္ေပၚလာသည္။ ယခုေျပာင္းလဲမႈမ်ားက ၿပီးေျမာက္ျခင္းအဆင့္ကို ေထာက္ကူေပးပါသည္။

အဆင့္ ၃ ၿပီးေၿမာက္ၿခင္းတြင္- ႏွလံုးခုန္ႏႈန္း၊ အသက္႐ႈႏႈန္းႏွင့္ ေသြးခုန္ႏႈန္းမ်ား ျမင့္တက္လာသည္။ ထိန္းခ်ဳပ္ႏုိင္သည့္ ႂကြက္သားႏွင့္ မထိန္းခ်ဳပ္ႏုိင္သည္႕ ႂကြက္သားအဖဲြ႔အစည္းတို႔၏ က်ံဳျခင္း ဆန္႔ျခင္းမ်ား ျဖစ္ေပၚလာသည္။

ေနာက္ဆံုးအဆင့္ျဖစ္သည္႕ စိတ္အပန္းေျဖခ်ိန္သည္ ၿပီးေျမာက္သာယာမႈ ရွိမရွိေပၚတြင္ မူတည္ပါသည္။

အကယ္၍ ၿပီးေျမာက္သာယာျခင္း မရခဲ့ပါက နာရီေပါင္းမ်ားစြာ သက္ေသာင့္သက္သာမရွိဘဲ ျဖစ္ေနတတ္ပါသည္။

အကယ္၍ ၿပီးေျမာက္သာယာမႈ ရခဲ့လွ်င္မူ သက္ေသာင့္သက္သာၿဖင့္ သာယာေသာ ခံစားမႈကို ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကာေအာင္ ခံစားရႏုိင္ပါတယ္။
အမ်ိဳးသား လိင္ပုိင္းဆိုင္ရာ က်န္းမာေရး ၿပႆနာေတြကို ဘာေတြက ျဖစ္ေစသလဲ။

လိင္ပုိင္းဆိုင္ရာ ကစင့္ကလ်ားျဖစ္ျခင္းက စိတ္ပုိင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ျပႆနာျဖစ္ႏုိင္ပါတယ္။

စိတ္ပုိင္းဆိုင္ရာအေနနဲ႔ကေတာ့ မိမိလိင္ပုိင္းဆိုင္ရာ စြမ္းေဆာင္ရည္၊ အခ်စ္ေရး၊ စိုးရိမ္စိတ္၊ စိတ္ဓါတ္က်ျခင္းႏွင့္၊ ကာမစပ္ယွက္မႈႏွင့္ ပတ္သက္ၿပီး ယခင္ကရွိခဲ့တဲ့ စိတ္ဒဏ္ရာမ်ားေၾကာင့္ စိတ္ဖိစီးၿပီး စိုးရိမ္ပူပန္ေနရႏုိင္ပါတယ္။

႐ုပ္ပုိင္းဆိုင္ရာနဲ႔ ေဆးဝါးေတြေၾကာင့္လည္း လိင္ပုိင္းဆိုင္ရာ အဆင္မေျပမႈေတြျဖစ္ႏုိင္ပါတယ္။ ဒီအေျခအေနမွာ ႏွလံုး၊ ေသြးေၾကာေရာဂါမ်ား၊ ဆီးခ်ိဳ၊ နာတာရွည္ေရာဂါမ်ားျဖစ္သည့္ အသည္း၊ အရက္စဲြျခင္းႏွင့္ မူးယစ္ေဆးသံုးစဲြျခင္းတို႔ ပါဝင္ပါတယ္။ စိတ္ေရာဂါေဆးေတြအပါအဝင္ တခ်ိဳ႕ေသာေဆးဝါးေတြကလည္း ျဖစ္ေစပါတယ္။

အမ်ိဳးသားေတြအတြက္ အဓိကျပႆနာကေတာ့ သုတ္လႊတ္မႈ ၿမန္လြန္းတာ၊ ေႏွးလြန္းတာ၊ ကာမစိတ္ နည္းပါးလာတာနဲ႔ ပန္းေသပန္းညွိဳးတို႔ျဖစ္ပါတယ္။
အမ်ိဳးသမီး လိင္ပုိင္းဆိုင္ရာ က်န္းမာေရး ၿပႆနာေတြကို ဘာေတြက ျဖစ္ေစသလဲ။

အမ်ိဳးသမီးေတြရဲ႕ ကာမစိတ္အတက္အက်က သူတို႔သဘာဝေတြျဖစ္တဲ့ အိမ္ေထာင္သက္ၾကာမႈ၊ မၾကာမႈႏွင့္ ဘဝရဲ႕ အဓိကအေျပာင္းအလဲေတြျဖစ္တဲ့ ေသြးဆံုးျခင္း၊ ဖ်ားနာျခင္းႏွင့္ ကိုယ္ဝန္ေဆာင္ျခင္း စတာေတြေပၚမွာ မူတည္ပါတယ္။

တခ်ိဳ႕ေဆးဝါးေတြျဖစ္တဲ့ စိတ္ေရာဂါ ေဆးဝါးေတြကလည္း အမ်ိဳးသမီးေတြရဲ႕ ကာမစိတ္ကို ေလွ်ာ့နည္းေစႏုိင္ပါတယ္။
ကာမစိတ္နည္းေနတာကို ျပသႏုိင္တဲ့ လကၡဏာတခ်ိဳ႕ကေတာ့

    ကာမဆိုင္ရာသက္ဝင္ထႂကြမႈမရွိဘဲ ပ်င္းစရာေကာင္းေနျခင္း
    တစ္ကိုယ္ရည္အာသာေျဖမႈအပါအဝင္ မည္သည့္ ကာမစပ္ယွက္မႈမွ် မရွိျခင္း
    ကာမနဲ႔ပတ္သက္လို႔ မေပ်ာ္ေမြ႔ျခင္း၊ ေတြးေတာမႈပင္ မရွိျခင္း

အကယ္၍ သင့္မွာ လိင္စိတ္နည္းပါးေနတယ္ ဆုိရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ တအားလည္း မစုိးရိမ္ပါနဲ႕၊ သင္ေဆးေျပာင္းေသာက္လိုက္ရံုနဲ႔ ေပ်ာက္ကင္းသြားတာမ်ိဳးအထိ ကုသမႈက ႐ိုးရွင္းေနႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
လိင်စိတ်နည်းပါးခြင်းပြဿနာ

လိင်စိတ်တက်ကြွခြင်းနှင့် လိင်စိတ်နည်းပါးခြင်း စသော လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများသည် ချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ်သင့်သည့် ရောဂါများဖြစ်ပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ချေရှိသည်။

လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုစက်ဝန်း၏ မည်သည့်ပိုင်းတွင်မဆို လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုကြောင့် ကာမသုခ အပြည့်မဝမရရှိခြင်းကို ဆိုလိုပါသည်။
လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်း

လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်းတွင် ကာမစိတ်၊ သာယာစိတ်၊ ပြီးမြောက်မှုနှင့် အပန်းဖြေချိန်ဟူ၍ အဆင့်လေးဆင့်ရှိသည်။

အဆင့် ၁ စိတ်ဆန္ဒတွင်- ဇီဝဗေဒဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ဆန္ဒတို့ အသီးသီးပါဝင်သည်။

အဆင့် ၂ သာယာမှုအဆင့်တွင်- စိတ်ပိုင်းဆိုင်းရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး လုံဆော်မှုဖြစ်ပေါ်လာသည်။ အမျိုးသားရောအမျိုးသမီးပါ ယခုအဆင့်တွင် ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခုပြောင်းလဲမှုများက ပြီးမြောက်ခြင်းအဆင့်ကို ထောက်ကူပေးပါသည်။

အဆင့် ၃ ပြီးမြောက်ခြင်းတွင်- နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းနှင့် သွေးခုန်နှုန်းများ မြင့်တက်လာသည်။ ထိန်းချုပ်နိုင်သည့် ကြွက်သားနှင့် မထိန်းချုပ်နိုင်သည့် ကြွက်သားအဖွဲ့အစည်းတို့၏ ကျုံခြင်း ဆန့်ခြင်းများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် စိတ်အပန်းဖြေချိန်သည် ပြီးမြောက်သာယာမှု ရှိမရှိပေါ်တွင် မူတည်ပါသည်။

အကယ်၍ ပြီးမြောက်သာယာခြင်း မရခဲ့ပါက နာရီပေါင်းများစွာ သက်သောင့်သက်သာမရှိဘဲ ဖြစ်နေတတ်ပါသည်။

အကယ်၍ ပြီးမြောက်သာယာမှု ရခဲ့လျှင်မူ သက်သောင့်သက်သာဖြင့် သာယာသော ခံစားမှုကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာအောင် ခံစားရနိုင်ပါတယ်။
အမျိုးသား လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဘာတွေက ဖြစ်စေသလဲ။

လိင်ပိုင်းဆိုင်ရာ ကစင့်ကလျားဖြစ်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြဿနာဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ မိမိလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ အချစ်ရေး၊ စိုးရိမ်စိတ်၊ စိတ်ဓါတ်ကျခြင်းနှင့်၊ ကာမစပ်ယှက်မှုနှင့် ပတ်သက်ပြီး ယခင်ကရှိခဲ့တဲ့ စိတ်ဒဏ်ရာများကြောင့် စိတ်ဖိစီးပြီး စိုးရိမ်ပူပန်နေရနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးတွေကြောင့်လည်း လိင်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ နှလုံး၊ သွေးကြောရောဂါများ၊ ဆီးချို၊ နာတာရှည်ရောဂါများဖြစ်သည့် အသည်း၊ အရက်စွဲခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ ပါဝင်ပါတယ်။ စိတ်ရောဂါဆေးတွေအပါအဝင် တချို့သောဆေးဝါးတွေကလည်း ဖြစ်စေပါတယ်။

အမျိုးသားတွေအတွက် အဓိကပြဿနာကတော့ သုတ်လွှတ်မှု မြန်လွန်းတာ၊ နှေးလွန်းတာ၊ ကာမစိတ် နည်းပါးလာတာနဲ့ ပန်းသေပန်းညှိုးတို့ဖြစ်ပါတယ်။
အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဘာတွေက ဖြစ်စေသလဲ။

အမျိုးသမီးတွေရဲ့ ကာမစိတ်အတက်အကျက သူတို့သဘာဝတွေဖြစ်တဲ့ အိမ်ထောင်သက်ကြာမှု၊ မကြာမှုနှင့် ဘဝရဲ့ အဓိကအပြောင်းအလဲတွေဖြစ်တဲ့ သွေးဆုံးခြင်း၊ ဖျားနာခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း စတာတွေပေါ်မှာ မူတည်ပါတယ်။

တချို့ဆေးဝါးတွေဖြစ်တဲ့ စိတ်ရောဂါ ဆေးဝါးတွေကလည်း အမျိုးသမီးတွေရဲ့ ကာမစိတ်ကို လျှော့နည်းစေနိုင်ပါတယ်။
ကာမစိတ်နည်းနေတာကို ပြသနိုင်တဲ့ လက္ခဏာတချို့ကတော့

    ကာမဆိုင်ရာသက်ဝင်ထကြွမှုမရှိဘဲ ပျင်းစရာကောင်းနေခြင်း
    တစ်ကိုယ်ရည်အာသာဖြေမှုအပါအဝင် မည်သည့် ကာမစပ်ယှက်မှုမျှ မရှိခြင်း
    ကာမနဲ့ပတ်သက်လို့ မပျော်မွေ့ခြင်း၊ တွေးတောမှုပင် မရှိခြင်း

အကယ်၍ သင့်မှာ လိင်စိတ်နည်းပါးနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တအားလည်း မစိုးရိမ်ပါနဲ့၊ သင်ဆေးပြောင်းသောက်လိုက်ရုံနဲ့ ပျောက်ကင်းသွားတာမျိုးအထိ ကုသမှုက ရိုးရှင်းနေနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top