AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕၊ ၃၅လမ္း၊ သဂၤဇာေခ်ာင္းလမ္းၾကားတြင္ ဇန္နဝါရီလ ၇ရက္ေန႔ ညေန ၆နာရီခြဲအခ်ိန္ခန္႔က စကားေျပာဆိုေနသည့္ သမီးရည္းစားစံုတြဲကို အမည္မသိအမ်ိဳးသား (၃)ဦးမွ ဓါးေထာက္လုယက္မႈျဖစ္ပြားခဲ့သည္။

"ကြ်န္ေတာ္နဲ႔ ရည္းစားျဖစ္္ေနတဲ႔ ေကာင္မေလးနဲ႔ သဂၤဇာေခ်ာင္းလမ္းၾကားမွာ စကားေျပာေနတုန္း ၁၀မိနစ္ေလာက္အၾကာမွာ ဆိုင္ကယ္ ၂စီးနဲ႔ အမ်ိဳးသား ၃ဦး ေရာက္လာၿပီး တစ္ေယာက္က အရွည္တစ္ေပခြဲေလာက္ရွိတဲ႔ ဓါးရွည္ဓါးေႏွာင့္နဲ႔ ေခါင္းကို ထုတယ္၊ ၿပီးေတာ့ လည္ပင္းကို ဓါးနဲ႔ေထာက္ၿပီး ဖုန္းနဲ႔ ဆိုင္ကယ္ေသာ့ေတာင္းလို႔ေပးလိုက္ရတယ္၊ ဦးေခါင္းနဲ႔ လည္ပင္းမွာ ဒဏ္ရာအနည္းငယ္ရခဲ႔ပါတယ္"ဟု အလုခံရသူ အသက္ ၁၈ႏွစ္အရြယ္ရွိအမ်ိဳးသားက ေျပာသည္။

အခင္းျဖစ္ေနရာသို႔ အမွတ္(၆)နယ္ေျမရဲစခန္း ေခတၱစခန္းမွဴး ရဲအုပ္မင္းရာဇာဝင္းႏွင့္အဖြဲ႕ေရာက္ရွိစစ္ေဆးခဲ႔ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဇန္နဝါရီလ ၈ရက္ေန႔ နံနက္ ၁၀း၁၅ နာရီအခ်ိန္တြင္ ရဲစခန္း(ပ)၈/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၄ျဖင့္ အမွဳဖြင့္အေရးယူထားရွိၿပီး ျပစ္မွဳက်ဴးလြန္သူမ်ားကို အျမန္ဆံုးဖမ္းဆီးရမိေရး စံုးစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Mandalay News Journal

#Unicode Version#
မန္တလေးမြို့၊ ၃၅လမ်း၊ သင်္ဂဇာချောင်းလမ်းကြားတွင် ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့်က စကားပြောဆိုနေသည့် သမီးရည်းစားစုံတွဲကို အမည်မသိအမျိုးသား (၃)ဦးမှ ဓါးထောက်လုယက်မှုဖြစ်ပွားခဲ့သည်။

"ကျွန်တော်နဲ့ ရည်းစားဖြစ်နေတဲ့ ကောင်မလေးနဲ့ သင်္ဂဇာချောင်းလမ်းကြားမှာ စကားပြောနေတုန်း ၁၀မိနစ်လောက်အကြာမှာ ဆိုင်ကယ် ၂စီးနဲ့ အမျိုးသား ၃ဦး ရောက်လာပြီး တစ်ယောက်က အရှည်တစ်ပေခွဲလောက်ရှိတဲ့ ဓါးရှည်ဓါးနှောင့်နဲ့ ခေါင်းကို ထုတယ်၊ ပြီးတော့ လည်ပင်းကို ဓါးနဲ့ထောက်ပြီး ဖုန်းနဲ့ ဆိုင်ကယ်သော့တောင်းလို့ပေးလိုက်ရတယ်၊ ဦးခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်"ဟု အလုခံရသူ အသက် ၁၈နှစ်အရွယ်ရှိအမျိုးသားက ပြောသည်။

အခင်းဖြစ်နေရာသို့ အမှတ်(၆)နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်မင်းရာဇာဝင်းနှင့်အဖွဲ့ရောက်ရှိစစ်ဆေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ရဲစခန်း(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး စုံးစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Mandalay News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top