AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ZawGyiျဖင့္ဖတ္ရန္

ပလတ္စတစ္အိတ္ထဲမွာထုပ္ထားတဲ့ အစာနဲ႔ေရကို ပိုက္ကေလးကေနရယူၿပီးထာဝရရွင္သန္ေနၾကတဲ့ လူ႔ခႏၶာကိုယ္ေတြကိုေတြ႕ရမွာပါ။

Las Vegas Convention Center တဝိုက္မွာ ျဖတ္သြားျဖတ္လာေတြတဖြဲဖြဲရပ္ၾကည့္ေနတာကစလို႔လူထုႀကီး႐ုတ္႐ုတ္သဲသဲျဖစ္လာတဲ့အထိပါပဲ။ လူေတြရဲ႕ “ငါဒါကိုမႀကိဳက္ဘူးတို႔၊ဘုရားကယ္ပါဘာႀကီးလားတို႔ အမေလး ဒါမ်ိဳးေတာ့လုံးဝလက္မခံႏိုင္ဘူးတို႔ စကားသံေတြလည္းခပ္အုပ္အုပ္ေတြေပၚထြက္လို႔ေနပါတယ္။

သူတို႔ဘာကိုၾကည့္ေနၾကတာပါလိမ့္…။

Convention Center က ျပပြဲတစ္ခုပါ။ အဲဒီျပပြဲဟာ ဘာကိုျပသတာလဲဆိုရင္ေတာ့လူအခြံေတြကိုျပသေနတာပါ။လူအခြံဆိုတာက ဝိညာဥ္မပါတဲ့ လူ႔ခႏၶာကိုယ္ေတြပါ။ ပလတ္စတစ္အိတ္နဲ႔ထုတ္ထားတဲ့လူ႔ခႏၶာကိုယ္ေတြ၊ Showcase နဲ႔ျပသထားတဲ့ လူ႔ခႏၶာကိုယ္ေတြ၊ေယာက္က်ားခႏၶာကိုယ္၊မိန္းမခႏၶာကိုယ္အကုန္လုံးလွလွပပေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ေတြ၊ လူေတြေတာင့္တေနတဲ့ စံျပခႏၶာကိုယ္ေတြ။

သိပ္မၾကာခင္မွာပဲ ျပခန္းရဲ႕ တာဝန္ရွိသူက စကားစေျပာပါေတာ့တယ္။ဒီအသက္မပါတဲ့ လူ႔ခႏၶာကိုယ္ေတြဘာလို႔ ဒီျပခန္းအတြင္းေရာက္ေနသလဲဆိုတာကို သူက ပီသၾကည္ျမတဲ့အသံနဲ႔စတင္ရွင္းျပေနပါၿပီ။

“ကြၽန္ေတာ္တို႔ လူ႔ခႏၶာကိုယ္ေတြက လူႀကီးမင္းတို႔အတြက္ပါ။ခင္ဗ်ားတို႔ႀကိဳက္တဲ့ ပုံစံႀကိဳက္တဲ့ အမ်ိဳးအစားကိုေ႐ြးခ်ယ္လိုက္တာနဲ႔ လူႀကီးမင္းတို႔ကိုယ္ပိုင္ခႏၶာကိုယ္ျဖစ္သြားပါၿပီ။ဒါကလူေတြရဲ႕ စိတ္ေတြ၊မွတ္ညဏ္ေတြ၊အမွတ္တရေတြ၊သင္ယူထားသမွ်အရာအားလုံးကို Download ရယူၿပီးဒီခႏၶာကိုယ္ေတြထဲကိုေျပာင္းထည့္ေပးမယ့္ ကြၽန္ေတာ္တို႔ရဲ႕နည္းပညာပါ။ဒီနည္းနဲ႔ ကြၽန္ေတာ္တို႔ထာဝရအသက္ရွင္ႏိုင္ပါၿပီ။

ခႏၶာကိုယ္ေတြကေတာ့လဲေနေပမယ့္ စိတ္ေတြဝိညာဥ္ေတြက ကြၽန္ေတာ္တို႔ုကိုယ္တိုင္ပဲျဖစ္ေနမယ္ေပါ့။ ဒီနည္းပညာကcortical stack လို႔ေခၚတဲ့အရာေလးနဲ႔အလုပ္လုပ္ပါတယ္။အဲဒီအရာေလးက Chip အျပားေလးပါ။ အဲဒါေလးကိုခႏၶာကိုယ္အသစ္ထဲကိုထည့္ေပးလိုက္႐ုံနဲ႔ ခႏၶာကိုယ္အသစ္ဟာ ခင္ဗ်ားတို႔ျဖစ္သြားမွာပါ။ဒါကicloud application တစ္ခုလို ဖုန္းအသစ္လဲသလိုပါပဲ။ဒီနည္းနဲ႔ကြၽန္ေတာ္တို႔အတူတူထာဝရအသက္ရွင္ၾကရေအာင္”
ျပခန္းတာဝန္ရွိသူကအာေဘာင္အာရင္းသန္သန္ရွင္းျပေနသလို လူေတြကလည္း ေငးေမာေနၾကပါတယ္။

“ၾကည့္လိုက္ပါ။ ဒီခႏၶာကိုယ္အသစ္ေတြက ဆဲလ္ေတြနဲ႔ တစ္ရႈးေတြနဲ႔မ်ိဳးဗီဇေတြနဲ႔ ကြၽန္ေတာ္တို႔အသက္ရွင္သန္ေနထိုင္ဖို႔လိုအပ္တဲ့ အရာမွန္သမွ်ထည့္သြင္းတည္ေဆာက္ထားတာပါ။

မ်က္လုံးအေရာင္ေ႐ြးခ်င္တာလား..ရေသးတယ္။ မ်က္လုံးမ်က္ဖန္ကိုလည္းၾကည့္လိုက္ပါဦး။ လူႀကီးမင္းတို႔ရဲ႕ ခႏၶာကိုယ္အသစ္ေတြကလူႀကီးမင္းတို႔ကိုေစာင့္ႀကိဳေနပါၿပီ”
ဒါေပမယ့္လည္း…အဲ..ေပါ့။ေနာက္ဆုံးမွာေတာ့ ဒီျပပြဲဟာNetflix မွာ Feb 2 ရက္ေန႔မွာ အသစ္တင္မယ့္

Altered Carbon ဆိုတဲ့ စီးရီးအတြက္မာကတ္တင္းဆင္းပြဲျဖစ္ေနပါေတာ့တယ္။အရမ္းၾကီးလည္းစိ္တ္မပ်က္သြားၾကပါနဲ႔ဦးေလ.. မျဖစ္နုိင္တာမရွိဘူး မျဖစ္ေသးတာပဲရွိတယ္ဆုိမဟုတ္လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Buzzy.Com

# Unicode Version ျဖင့္ ဖတ္ပါ #
ပလတ်စတစ်အိတ်ထဲမှာထုပ်ထားတဲ့ အစာနဲ့ရေကို ပိုက်ကလေးကနေရယူပြီးထာဝရရှင်သန်နေကြတဲ့ လူ့ခန္ဓာကိုယ်တွေကိုတွေ့ရမှာပါ။

Las Vegas Convention Center တဝိုက်မှာ ဖြတ်သွားဖြတ်လာတွေတဖွဲဖွဲရပ်ကြည့်နေတာကစလို့လူထုကြီးရုတ်ရုတ်သဲသဲဖြစ်လာတဲ့အထိပါပဲ။ လူတွေရဲ့ “ငါဒါကိုမကြိုက်ဘူးတို့၊ဘုရားကယ်ပါဘာကြီးလားတို့ အမလေး ဒါမျိုးတော့လုံးဝလက်မခံနိုင်ဘူးတို့ စကားသံတွေလည်းခပ်အုပ်အုပ်တွေပေါ်ထွက်လို့နေပါတယ်။

သူတို့ဘာကိုကြည့်နေကြတာပါလိမ့်…။

Convention Center က ပြပွဲတစ်ခုပါ။ အဲဒီပြပွဲဟာ ဘာကိုပြသတာလဲဆိုရင်တော့လူအခွံတွေကိုပြသနေတာပါ။လူအခွံဆိုတာက ဝိညာဉ်မပါတဲ့ လူ့ခန္ဓာကိုယ်တွေပါ။ ပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့လူ့ခန္ဓာကိုယ်တွေ၊ Showcase နဲ့ပြသထားတဲ့ လူ့ခန္ဓာကိုယ်တွေ၊ယောက်ကျားခန္ဓာကိုယ်၊မိန်းမခန္ဓာကိုယ်အကုန်လုံးလှလှပပတောင့်တောင့်ဖြောင့်ဖြောင့်တွေ၊ လူတွေတောင့်တနေတဲ့ စံပြခန္ဓာကိုယ်တွေ။

သိပ်မကြာခင်မှာပဲ ပြခန်းရဲ့ တာဝန်ရှိသူက စကားစပြောပါတော့တယ်။ဒီအသက်မပါတဲ့ လူ့ခန္ဓာကိုယ်တွေဘာလို့ ဒီပြခန်းအတွင်းရောက်နေသလဲဆိုတာကို သူက ပီသကြည်မြတဲ့အသံနဲ့စတင်ရှင်းပြနေပါပြီ။

“ကျွန်တော်တို့ လူ့ခန္ဓာကိုယ်တွေက လူကြီးမင်းတို့အတွက်ပါ။ခင်ဗျားတို့ကြိုက်တဲ့ ပုံစံကြိုက်တဲ့ အမျိုးအစားကိုရွေးချယ်လိုက်တာနဲ့ လူကြီးမင်းတို့ကိုယ်ပိုင်ခန္ဓာကိုယ်ဖြစ်သွားပါပြီ။ဒါကလူတွေရဲ့ စိတ်တွေ၊မှတ်ညဏ်တွေ၊အမှတ်တရတွေ၊သင်ယူထားသမျှအရာအားလုံးကို Download ရယူပြီးဒီခန္ဓာကိုယ်တွေထဲကိုပြောင်းထည့်ပေးမယ့် ကျွန်တော်တို့ရဲ့နည်းပညာပါ။ဒီနည်းနဲ့ ကျွန်တော်တို့ထာဝရအသက်ရှင်နိုင်ပါပြီ။

ခန္ဓာကိုယ်တွေကတော့လဲနေပေမယ့် စိတ်တွေဝိညာဉ်တွေက ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်နေမယ်ပေါ့။ ဒီနည်းပညာကcortical stack လို့ခေါ်တဲ့အရာလေးနဲ့အလုပ်လုပ်ပါတယ်။အဲဒီအရာလေးက Chip အပြားလေးပါ။ အဲဒါလေးကိုခန္ဓာကိုယ်အသစ်ထဲကိုထည့်ပေးလိုက်ရုံနဲ့ ခန္ဓာကိုယ်အသစ်ဟာ ခင်ဗျားတို့ဖြစ်သွားမှာပါ။ဒါကicloud application တစ်ခုလို ဖုန်းအသစ်လဲသလိုပါပဲ။ဒီနည်းနဲ့ကျွန်တော်တို့အတူတူထာဝရအသက်ရှင်ကြရအောင်”
ပြခန်းတာဝန်ရှိသူကအာဘောင်အာရင်းသန်သန်ရှင်းပြနေသလို လူတွေကလည်း ငေးမောနေကြပါတယ်။

“ကြည့်လိုက်ပါ။ ဒီခန္ဓာကိုယ်အသစ်တွေက ဆဲလ်တွေနဲ့ တစ်ရှုးတွေနဲ့မျိုးဗီဇတွေနဲ့ ကျွန်တော်တို့အသက်ရှင်သန်နေထိုင်ဖို့လိုအပ်တဲ့ အရာမှန်သမျှထည့်သွင်းတည်ဆောက်ထားတာပါ။

မျက်လုံးအရောင်ရွေးချင်တာလား..ရသေးတယ်။ မျက်လုံးမျက်ဖန်ကိုလည်းကြည့်လိုက်ပါဦး။ လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်အသစ်တွေကလူကြီးမင်းတို့ကိုစောင့်ကြိုနေပါပြီ”
ဒါပေမယ့်လည်း…အဲ..ပေါ့။နောက်ဆုံးမှာတော့ ဒီပြပွဲဟာNetflix မှာ Feb 2 ရက်နေ့မှာ အသစ်တင်မယ့်

Altered Carbon ဆိုတဲ့ စီးရီးအတွက်မာကတ်တင်းဆင်းပွဲဖြစ်နေပါတော့တယ်။အရမ်းကြီးလည်းစိတ်မပျက်သွားကြပါနဲ့ဦးလေ.. မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ်ဆိုမဟုတ်လား။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy.Com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top