ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လစဥ္ ဓမၼတာစီးဆင္းမႈဟာ အမ်ိဳးသမီးတစ္ဦးရဲ႕ သဘာဝက႑တစ္ရပ္ပါ။ ဒါေပမဲ့လည္း အဲ့ဒီ သဘာဝကိစၥကုိပဲ အမ်ိဳးသမီးထုရဲ႕ တစ္ဝက္ေက်ာ္က ႐ွက္႐ြံ႕ေနဆဲျဖစ္တယ္လို႔ စစ္တမ္းေကာက္ယူမႈတစ္ခုက ထုတ္ျပန္ပါတယ္။

အမ်ိဳးသမီးတစ္ကိုယ္ရည္သံုးပစၥည္းထုတ္လုပ္တဲ့ Thinx ကုမၼဏီက ဒီသေဘာထားေကာက္ယူမႈ စစ္တမ္းကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ ရလဒ္အရ အမ်ိဳးသမီး ၅၈ % ဟာ ရာသီလာေနခ်ိန္မွာ ႐ွက္႐ြံ႕မႈကို ခံစားရတယ္လို႔ သိရတယ္။ သုေတသီေတြဟာ အေမရိကမွာ႐ွိတဲ့ အမ်ိဳးသမီး ၁၅၀၀ နဲ႔ အမ်ိဳးသား ၅၀၀ ကို ရာသီလာခ်ိန္နဲ႔ပတ္သက္တဲ့ ထင္ျမင္ခ်က္အေပၚ ေလ့လာစူးစမ္းခဲ့ၾကတာပါ။

ေျဖၾကားခဲ့တဲ့ အမ်ိဳးသမီးေတြထဲက ၄၂%ဟာ ရာသီလာခ်ိန္မွာ အမ်ိဳးသားမိတ္ေဆြေတြရဲ႕ မွတ္ခ်က္ေပးမႈေတြေၾကာင့္ ႐ွက္ရြံ႕မႈကို ခံစားခဲ့ရတာကို ေတြ႔ရတယ္။ ေနာက္ထပ္ အမ်ိဳးသမီး ၁၂% ကေတာ့ မိသားစုဝင္ေတြနဲ႔ အတန္းေဖာ္ေတြေၾကာင့္ ႐ွက္႐ြံ႕မႈကို ခံစားခဲ့ရေၾကာင္း ဆုိၾကတယ္။ စစ္တမ္းေကာက္ယူမႈမွာ ပါဝင္ေျဖၾကားခဲ့တဲ့ အမ်ိဳးသား ၄၄% ကလည္း သူတုိ႔ရဲ႕ခ်စ္သူ ရာသီလာေနခ်ိန္ ျဖစ္ေပၚေနတဲ့ စိတ္ခံစားခ်က္အေပၚ ဟာသလုပ္ ေျပာဆိုခဲ့မိေၾကာင္း ဝန္ခံၾကတယ္။ ဒီအေျခအေနဟာ လုပ္ငန္းခြင္ထဲမွာဆုိရင္ ပိုလို႔ေတာင္ ဆုိးပါေသးတယ္။ အမ်ိဳးသား ၅၁% ဟာ အမ်ိဳးသမီးေတြအေနနဲ႔ သူတုိ႔ရဲ႕ ဓမၼတာကိစၥကို လုပ္ငန္းခြင္ထဲမွာ ေျပာၾကားျခင္းက မသင့္ေတာ္တဲ့ကိစၥလို႔ ယံုၾကည္ၾကတယ္။

ရာသီလာခ်ိန္ ႐ွက္႐ြံ႕မႈဟာ အမ်ိဳးသမီးအမ်ားစု ခံစားရေလ့ရွိပါတယ္။ ပထမဆံုးအႀကိမ္ ရာသီလာတဲ့ ၿမီးေကာင္ေပါက္အရြယ္မွာတင္ စတင္ခံစားၾကရတာပါ။ ကိုယ့္ကိုယ္ကိုယ္မုန္းတီးတဲ့ ခံစားခ်က္ေတြနဲ႔ ပတ္ဝန္းက်င္ေၾကာင့္ အရွက္ရသလို ခံစားေနၾကရတယ္။ ခႏၶာကိုယ္ကို မသန္႔ရွင္းဘူးလို႔လည္း ခံစားေနၾကရၿပီး ဒါကို ထုတ္ေျပာရမွာေတာင္ ႐ွက္ေနၾကပါတယ္။

ဓမၼတာစီးဆင္းျခင္းဟာ အမ်ိဳးသမီး သဘာဝအရ ျဖစ္ေပၚေနတဲ့ ကိစၥျဖစ္ၿပီး မ်ိဳးပြားဖုိ႔နဲ႔ သေႏၶတည္ဖုိ႔အတြက္ အေရးပါတဲ့ ကိစၥရပ္တစ္ခုလည္း ျဖစ္တာေၾကာင့္ ႐ွက္႐ြံ႕ေနဖုိ႔ မလိုပါဘူး။ ခႏၶာကိုယ္က အညစ္အေၾကးေတြလည္း မဟုတ္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ အ႐ွက္ရေနဖို႔ မလိုဘူးလို႔ မဒီက တိုက္တြန္းခ်င္ပါတယ္။

Source : Mail Online
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လစဉ် ဓမ္မတာစီးဆင်းမှုဟာ အမျိုးသမီးတစ်ဦးရဲ့ သဘာဝကဏ္ဍတစ်ရပ်ပါ။ ဒါပေမဲ့လည်း အဲ့ဒီ သဘာဝကိစ္စကိုပဲ အမျိုးသမီးထုရဲ့ တစ်ဝက်ကျော်က ရှက်ရွံ့နေဆဲဖြစ်တယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုက ထုတ်ပြန်ပါတယ်။

အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်တဲ့ Thinx ကုမ္မဏီက ဒီသဘောထားကောက်ယူမှု စစ်တမ်းကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အရ အမျိုးသမီး ၅၈ % ဟာ ရာသီလာနေချိန်မှာ ရှက်ရွံ့မှုကို ခံစားရတယ်လို့ သိရတယ်။ သုတေသီတွေဟာ အမေရိကမှာရှိတဲ့ အမျိုးသမီး ၁၅၀၀ နဲ့ အမျိုးသား ၅၀၀ ကို ရာသီလာချိန်နဲ့ပတ်သက်တဲ့ ထင်မြင်ချက်အပေါ် လေ့လာစူးစမ်းခဲ့ကြတာပါ။

ဖြေကြားခဲ့တဲ့ အမျိုးသမီးတွေထဲက ၄၂%ဟာ ရာသီလာချိန်မှာ အမျိုးသားမိတ်ဆွေတွေရဲ့ မှတ်ချက်ပေးမှုတွေကြောင့် ရှက်ရွံ့မှုကို ခံစားခဲ့ရတာကို တွေ့ရတယ်။ နောက်ထပ် အမျိုးသမီး ၁၂% ကတော့ မိသားစုဝင်တွေနဲ့ အတန်းဖော်တွေကြောင့် ရှက်ရွံ့မှုကို ခံစားခဲ့ရကြောင်း ဆိုကြတယ်။ စစ်တမ်းကောက်ယူမှုမှာ ပါဝင်ဖြေကြားခဲ့တဲ့ အမျိုးသား ၄၄% ကလည်း သူတို့ရဲ့ချစ်သူ ရာသီလာနေချိန် ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်အပေါ် ဟာသလုပ် ပြောဆိုခဲ့မိကြောင်း ဝန်ခံကြတယ်။ ဒီအခြေအနေဟာ လုပ်ငန်းခွင်ထဲမှာဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ အမျိုးသား ၅၁% ဟာ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဓမ္မတာကိစ္စကို လုပ်ငန်းခွင်ထဲမှာ ပြောကြားခြင်းက မသင့်တော်တဲ့ကိစ္စလို့ ယုံကြည်ကြတယ်။

ရာသီလာချိန် ရှက်ရွံ့မှုဟာ အမျိုးသမီးအများစု ခံစားရလေ့ရှိပါတယ်။ ပထမဆုံးအကြိမ် ရာသီလာတဲ့ မြီးကောင်ပေါက်အရွယ်မှာတင် စတင်ခံစားကြရတာပါ။ ကိုယ့်ကိုယ်ကိုယ်မုန်းတီးတဲ့ ခံစားချက်တွေနဲ့ ပတ်ဝန်းကျင်ကြောင့် အရှက်ရသလို ခံစားနေကြရတယ်။ ခန္ဓာကိုယ်ကို မသန့်ရှင်းဘူးလို့လည်း ခံစားနေကြရပြီး ဒါကို ထုတ်ပြောရမှာတောင် ရှက်နေကြပါတယ်။

ဓမ္မတာစီးဆင်းခြင်းဟာ အမျိုးသမီး သဘာဝအရ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်ပြီး မျိုးပွားဖို့နဲ့ သန္ဓေတည်ဖို့အတွက် အရေးပါတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်တာကြောင့် ရှက်ရွံ့နေဖို့ မလိုပါဘူး။ ခန္ဓာကိုယ်က အညစ်အကြေးတွေလည်း မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရှက်ရနေဖို့ မလိုဘူးလို့ မဒီက တိုက်တွန်းချင်ပါတယ်။

Source : Mail Online

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top