လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

တစ္ေယာက္တည္းေနတာၾကာတဲ့ဲ့ေကာင္မေလးနဲ႔ တြဲျဖစ္တဲ့အခါ အျခားေကာင္မေလးေတြနဲ႔ မတူပါဘူး။ အခ်ိဳ႕အရာေတြကို သည္းခံေပးရမယ္။ အခ်ိဳ႕အရာေတြကို နားလည္ေပးရပါတယ္။ ကိုယ့္ဘာသာတစ္ေယာက္တည္းေနလာတာ ၾကာျပီကို။ သူတို႔ေလးေတြနဲ႔ တြဲတဲ့အခါ ဒီအခ်က္ေလးေတြ သတိထားေပးပါ။

၁။သူမကကိုယ့္ကိုယ္ကို ဂရုစိုက္လာတာ ၾကာျပီမို႔ အက်င့္ျဖစ္ေနပါျပီ။

ကားလမ္းကူးရင္ ကိုယ့္ဘာသာ ဂရုစိုက္ကူးတာတို႔၊ ေရေသာက္ခ်င္ရင္ ကိုယ္ဘာသာရွာ၀ယ္တာတို႔ လုပ္လာမွာပါ။ အဲဒီအခါ ကိုယ္ဂရုစိုက္တာ မခံခ်င္လို႔ျဖစ္တယ္ မထင္ပါနဲ႔။ ကိုယ့္ကိုကိုယ္ ဂရုစိုက္လာတာ အၾကာၾကီးေနျပီးမွ ရုတ္တရတ္ ကိုယ့္ကိုဂရုစိုက္ေပးမယ့္လူ ေပၚလာေတာ့ ေနသားမက်ေသးတာပါ။

၂။သူမသူငယ္ခ်င္းေတြ စံုေထာက္စစ္သလို စစ္တာကို ေျဖနိုင္ဖို႔ၾကိဳတင္ျပင္ဆင္ထားပါ။

သူမသူငယ္ခ်င္းေတြက သူမတစ္ေယာက္တည္းေနလာတာကို ေတြ႔ေနၾကဆိုေတာ့ ရုတ္တရတ္ ေကာင္ေလးတစ္ေယာက္ ေပၚလာတဲ့အခါ သူမကိုေပ်ာ္ေအာင္ ထားနိုင္မယ့္သူ ဟုတ္မဟုတ္ စမ္းစစ္ၾကမွာပါ။ သူမ သူငယ္ခ်င္းေတြ လက္ခံေအာင္ ၾကိဳးစားဖို႔လည္း မေမ့ပါနဲ႔။ သူမက သူငယ္ခ်င္းေတြေပးတဲ့ အၾကံညဏ္ကို လက္ခံမွာမို႔ပါ။

၃။ တစ္ခါတစ္ေလ သူမကသင့္ကို သူစိမ္းဆန္သလို ျပဳမူလာပါလိမ့္မယ္။

အထူးသျဖင့္ သူမကိုယ္သူမ သင့္ကိုဘယ္ေလာက္ခ်စ္မိေနေၾကာင္း သတိထားမိတဲ့ အခါမ်ိဳးမွာေပါ့။ အဲလို အခ်ိန္က် သူမကို အခ်ိန္နဲနဲေပးလိုက္ပါ။ သူမ ခံစားခ်က္ေတြကို ျပန္သုံးသပ္ဖို႔အခ်ိန္ လိုပါတယ္။

၄။အျမဲလိုလို သင့္ကို သူမအေပၚထားတဲ့ ခံစားခ်က္ေတြကို တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ိုက္ျပီးျဖစ္ေစ ေမးခြန္းထုတ္ပါလိမ့္မယ္။

ဘာလို႔လဲဆိုေတာ့ သင္သူမကို တကယ္ပဲခ်စ္တာလား ၊ သူမဘာသာပဲ စိတ္ထင္ေနတာလားဆိုတာ မေသခ်ာလို႔ပါ။

၅။တခါတေလ သူမေခါင္းမာတာကို ၾကံဳေတြ႕ရမွာပါ။

အရာရာတိုင္းကို သူမစိတ္တိုင္းက် ျဖစ္လာဖို႔အတြက္ အျမဲလိုလို သင္နဲ႔ရန္ျဖစ္ရပါလိမ့္မယ္။ အဲလိုအခါမ်ိဳးဆို သူမနားလည္ေအာင္ ေသခ်ာရွင္းျပေပးပါ။

၆။အယံုအၾကည္နည္းပါတယ္။

ကိုယ့္ကိုယံုလား လို႔သြားေမးလိုက္ရင္ မယံုဘူးဆိုတာပဲ ၾကားရမွာပါ။ ဒါေပမယ့္ သူမသင့္ကိုစတင္ ယံုလာျပီဆိုရင္ေတာ့ သင့္ကို သူမဘ၀ထဲ သြင္းဖို႔ စတင္စဥ္းစားလာျပီ လို႔ ေျပာလို႔ရပါတယ္။ သူမရဲ႕ ယံုၾကည္မႈကို အလြဲသံုးစား မလုပ္ပါနဲ႔။

၇။သူမကအရမ္းကို စိတ္ဓာတ္ခိုင္မာတဲ့ ေကာင္မေလးဆိုေပမယ့္ ဒါကသူမရဲ႕ အျပင္ပန္းပါ။

သူမက ပိုျပီး စိတ္ေပ်ာ႔ပါတယ္။ စိတ္ထိခိုက္လြယ္ပါတယ္။ အဆင္မေျပတဲ့ အခ်ိန္တိုင္း သင့္ကိုလိုအပ္ရင္ေတာင္ ထုတ္ေျပာမွာ မဟုတ္ပါဘူး။ သူမလိုအပ္ခ်ိန္မွာ အလိုက္တသိနဲ႔ သူမေဘးမွာရွိေနေပးပါ။

၈။သူမက ခ်စ္ရမွာ ၊ အခ်စ္ခံရမွာ ေၾကာက္တဲ့သူပါ။

ဘာလို႔လဲဆိုေတာ့ သူမကို ထားသြားတဲ့အခါ နာက်င္ခံစားရမွာ ေၾကာက္လို႔ပါ။ သင္က အဲလိုလုပ္မယ့္သူ မဟုတ္ဘူး ဆိုတာ သူမယံုေအာင္ သက္ေသျပပါ။

တစ္ေယာက္တည္းေနလာတာၾကာတဲ့ ေကာင္မေလးနဲ႔ တြဲတဲ့အခါ ဒီအခ်က္ေလးေတြ သည္းခံနိုင္ဖို႔ ၾကိဳတင္ျပင္ဆင္ထားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana (For Her Myanmar)

#Unicode Version#
တစ်ယောက်တည်းနေတာကြာတဲ့ဲ့ကောင်မလေးနဲ့ တွဲဖြစ်တဲ့အခါ အခြားကောင်မလေးတွေနဲ့ မတူပါဘူး။ အချို့အရာတွေကို သည်းခံပေးရမယ်။ အချို့အရာတွေကို နားလည်ပေးရပါတယ်။ ကိုယ့်ဘာသာတစ်ယောက်တည်းနေလာတာ ကြာပြီကို။ သူတို့လေးတွေနဲ့ တွဲတဲ့အခါ ဒီအချက်လေးတွေ သတိထားပေးပါ။

၁။သူမကကိုယ့်ကိုယ်ကို ဂရုစိုက်လာတာ ကြာပြီမို့ အကျင့်ဖြစ်နေပါပြီ။

ကားလမ်းကူးရင် ကိုယ့်ဘာသာ ဂရုစိုက်ကူးတာတို့၊ ရေသောက်ချင်ရင် ကိုယ်ဘာသာရှာဝယ်တာတို့ လုပ်လာမှာပါ။ အဲဒီအခါ ကိုယ်ဂရုစိုက်တာ မခံချင်လို့ဖြစ်တယ် မထင်ပါနဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်လာတာ အကြာကြီးနေပြီးမှ ရုတ်တရတ် ကိုယ့်ကိုဂရုစိုက်ပေးမယ့်လူ ပေါ်လာတော့ နေသားမကျသေးတာပါ။

၂။သူမသူငယ်ချင်းတွေ စုံထောက်စစ်သလို စစ်တာကို ဖြေနိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါ။

သူမသူငယ်ချင်းတွေက သူမတစ်ယောက်တည်းနေလာတာကို တွေ့နေကြဆိုတော့ ရုတ်တရတ် ကောင်လေးတစ်ယောက် ပေါ်လာတဲ့အခါ သူမကိုပျော်အောင် ထားနိုင်မယ့်သူ ဟုတ်မဟုတ် စမ်းစစ်ကြမှာပါ။ သူမ သူငယ်ချင်းတွေ လက်ခံအောင် ကြိုးစားဖို့လည်း မမေ့ပါနဲ့။ သူမက သူငယ်ချင်းတွေပေးတဲ့ အကြံညဏ်ကို လက်ခံမှာမို့ပါ။

၃။ တစ်ခါတစ်လေ သူမကသင့်ကို သူစိမ်းဆန်သလို ပြုမူလာပါလိမ့်မယ်။

အထူးသဖြင့် သူမကိုယ်သူမ သင့်ကိုဘယ်လောက်ချစ်မိနေကြောင်း သတိထားမိတဲ့ အခါမျိုးမှာပေါ့။ အဲလို အချိန်ကျ သူမကို အချိန်နဲနဲပေးလိုက်ပါ။ သူမ ခံစားချက်တွေကို ပြန်သုံးသပ်ဖို့အချိန် လိုပါတယ်။

၄။အမြဲလိုလို သင့်ကို သူမအပေါ်ထားတဲ့ ခံစားချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ မေးခွန်းထုတ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ သင်သူမကို တကယ်ပဲချစ်တာလား ၊ သူမဘာသာပဲ စိတ်ထင်နေတာလားဆိုတာ မသေချာလို့ပါ။

၅။တခါတလေ သူမခေါင်းမာတာကို ကြုံတွေ့ရမှာပါ။

အရာရာတိုင်းကို သူမစိတ်တိုင်းကျ ဖြစ်လာဖို့အတွက် အမြဲလိုလို သင်နဲ့ရန်ဖြစ်ရပါလိမ့်မယ်။ အဲလိုအခါမျိုးဆို သူမနားလည်အောင် သေချာရှင်းပြပေးပါ။

၆။အယုံအကြည်နည်းပါတယ်။

ကိုယ့်ကိုယုံလား လို့သွားမေးလိုက်ရင် မယုံဘူးဆိုတာပဲ ကြားရမှာပါ။ ဒါပေမယ့် သူမသင့်ကိုစတင် ယုံလာပြီဆိုရင်တော့ သင့်ကို သူမဘဝထဲ သွင်းဖို့ စတင်စဉ်းစားလာပြီ လို့ ပြောလို့ရပါတယ်။ သူမရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့။

၇။သူမကအရမ်းကို စိတ်ဓာတ်ခိုင်မာတဲ့ ကောင်မလေးဆိုပေမယ့် ဒါကသူမရဲ့ အပြင်ပန်းပါ။

သူမက ပိုပြီး စိတ်ပျော့ပါတယ်။ စိတ်ထိခိုက်လွယ်ပါတယ်။ အဆင်မပြေတဲ့ အချိန်တိုင်း သင့်ကိုလိုအပ်ရင်တောင် ထုတ်ပြောမှာ မဟုတ်ပါဘူး။ သူမလိုအပ်ချိန်မှာ အလိုက်တသိနဲ့ သူမဘေးမှာရှိနေပေးပါ။

၈။သူမက ချစ်ရမှာ ၊ အချစ်ခံရမှာ ကြောက်တဲ့သူပါ။

ဘာလို့လဲဆိုတော့ သူမကို ထားသွားတဲ့အခါ နာကျင်ခံစားရမှာ ကြောက်လို့ပါ။ သင်က အဲလိုလုပ်မယ့်သူ မဟုတ်ဘူး ဆိုတာ သူမယုံအောင် သက်သေပြပါ။

တစ်ယောက်တည်းနေလာတာကြာတဲ့ ကောင်မလေးနဲ့ တွဲတဲ့အခါ ဒီအချက်လေးတွေ သည်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hana (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top