န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဗိုက္ေအာင့္တယ္ဆိုတာအျဖစ္မ်ားတဲ့ျပႆနာတစ္ခုျဖစ္ၿပီးေတာ့ အမ်ားအားျဖင့္ အခ်ိန္ၾကာေလ့မရွိပါဘူး။ အစာမွားၿပီး ဗိုက္ေအာင့္ျခင္းကို လူတိုင္းလိုလို ခံစားဖူးၾကမွာပါ။ ဒါေပမယ့္ အစာစားၿပီးတိုင္းမၾကာခဏဗိုက္ေအာင့္ေနတယ္ (သို႔) ဗိုက္ေအာင့္တာအရမ္းဆိုးတယ္ဆိုရင္ေတာ့ ေရာဂါတစ္ခုခုေၾကာင့္ျဖစ္ႏိုင္တဲ့အတြက္ ဆရာဝန္ျပဖို႔လိုပါတယ္။

♦ ဘယ္လိုေအာင့္တာလဲ

ေရာဂါအေပၚမူတည္ၿပီး ဗိုက္ေအာင့္တဲ့ပံုစံအမ်ိဳးမ်ိဳးရွိပါတယ္။ အစားမ်ားရင္ ရင္ျပည့္ရင္ကယ္ျဖစ္တတ္ၿပီး အစာအဆိပ္သင့္ရင္ (သို႔) ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ရင္ စူးခနဲထိုးထိုးၿပီးေအာင့္တတ္ပါတယ္။ ရင္ပူျခင္းကေတာ့ အနာ၊ အစာအိမ္ထဲမွ အက္ဆစ္ေရအေပၚျပန္တက္ျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

♦ ဘယ္အခ်ိန္ေတြမွာ ေအာင့္တတ္သလဲ

ဗိုက္ေအာင့္တတ္တဲ့အခ်ိန္ေပၚမူတည္ၿပီးလည္း ေရာဂါကိုခန္႔မွန္းႏိုင္ပါတယ္။ အခ်ိဳ႕ေသာအစားအစာေတြကို စားၿပီးမွေအာင့္ေလ့ရွိရင္ အဲဒီအစာေတြနဲ႔မတည့္တာျဖစ္ႏိုင္ပါတယ္။ အစာစားၿပီး နာရီအနည္းငယ္ေလာက္ၾကာရင္ ေအာင့္လာၿပီး အစာစားလုိက္ရင္ ခဏသက္သာသြားတာက အစာအိမ္အနာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အစာအဆိပ္သင့္ျခင္းက မသန္႔ရွင္းတဲ့အစာေတြစားၿပီး နာရီပိုင္းအတြင္း လကၡဏာျပတတ္ပါတယ္။ အစာအိမ္ထဲက အက္ဆစ္ေတြအစာႁပြန္ထဲကို ျပန္တက္တာကေတာ့ အစားစာၿပီး လဲွခ်လိုက္ရင္ ရင္ပူသလိုခံစားရေလ့ရွိပါတယ္။ အစာေတြအမ်ားႀကီးစားရင္လည္း ရင္ပူတတ္ပါတယ္။ အရက္က ရင္ပူျခင္းကိုပိုဆိုးေစပါတယ္။

♦ ဘယ္ေနရာေအာင့္တာလဲ

အစာအိမ္နဲ႔ အူေၾကာင့္ေအာင့္တာဆိုရင္ ရင္ဘတ္ကေနခ်က္အထိေနရာတိုင္းမွာ ေအာင့္ႏိုင္ပါတယ္။ အစာစားၿပီး ဗိုက္ေအာက္ပိုင္းက ေအာင့္တာနာတာက ဝမ္းေလွ်ာျခင္း၊ အန္ျခင္း၊ ပ်ိဳ႕ျခင္း စတဲ့လကၡဏာေတြနဲ႔တြဲျဖစ္ရင္ အစာအဆိပ္သင့္တာ (သို႔) ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာျဖစ္ႏိုင္ပါတယ္။ အစာစားၿပီး နာရီအနည္းငယ္ၾကာမွ ဗိုက္အလယ္နားေလာက္ကေအာင့္ျခင္းကေတာ့ အစာအိမ္အနာေၾကာင့္ျဖစ္ႏိုင္ၿပီး၊ သည္းေျခေက်ာက္တည္တာဆိုရင္ေတာ့ ဗိုက္ရဲ႕ညာဘက္အေပၚနားက ေအာင့္ေလ့ရွိပါတယ္။

♦ ေရာဂါရွာေဖြျခင္း

အမ်ားအားျဖင့္ေတာ့ ေရာဂါအေၾကာင္းေမးၿပီး ဗိုက္နာရတဲ့အေၾကာင္းအရင္းကိုရွာေဖြႏိုင္ပါတယ္။ အခ်ိဳ႕ေသာျပႆနာေတြမွာေတာ့ ေရာဂါသိႏိုင္ဖို႔ (သို႔) ေရာဂါအတိမ္အနက္ကိုသိဖို႔အတြက္ ေသြးစစ္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ တီဗြီဓာတ္မွန္႐ိုက္ျခင္း၊ မွန္ေျပာင္းၾကည့္ျခင္း စတာေတြလုပ္ဖို႔လိုအပ္ပါတယ္။

 အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစာစားၿပီး ဗိုက္ေအာင့္ဗိုက္နာျဖစ္တတ္ၿပီး အမ်ားစုကေတာ့ ျပႆနာမရွိေပ မယ့္ အခ်ိဳ႕က ေရာဂါေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ မၾကခဏဗိုက္ေအာင့္မယ္ (သို႔) ဗိုက္ေအာင့္တာပိုဆိုးလာမယ္ဆိုရင္ ဆရာဝန္နဲ႔ေသခ်ာျပၿပီး ေရာဂါကိုရွာေဖြကုသဖို႔ အေရးႀကီးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ဗိုက်အောင့်တယ်ဆိုတာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့ အများအားဖြင့် အချိန်ကြာလေ့မရှိပါဘူး။ အစာမှားပြီး ဗိုက်အောင့်ခြင်းကို လူတိုင်းလိုလို ခံစားဖူးကြမှာပါ။ ဒါပေမယ့် အစာစားပြီးတိုင်းမကြာခဏဗိုက်အောင့်နေတယ် (သို့) ဗိုက်အောင့်တာအရမ်းဆိုးတယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြဖို့လိုပါတယ်။

♦ ဘယ်လိုအောင့်တာလဲ

ရောဂါအပေါ်မူတည်ပြီး ဗိုက်အောင့်တဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အစားများရင် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပြီး အစာအဆိပ်သင့်ရင် (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စူးခနဲထိုးထိုးပြီးအောင့်တတ်ပါတယ်။ ရင်ပူခြင်းကတော့ အနာ၊ အစာအိမ်ထဲမှ အက်ဆစ်ရေအပေါ်ပြန်တက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

♦ ဘယ်အချိန်တွေမှာ အောင့်တတ်သလဲ

ဗိုက်အောင့်တတ်တဲ့အချိန်ပေါ်မူတည်ပြီးလည်း ရောဂါကိုခန့်မှန်းနိုင်ပါတယ်။ အချို့သောအစားအစာတွေကို စားပြီးမှအောင့်လေ့ရှိရင် အဲဒီအစာတွေနဲ့မတည့်တာဖြစ်နိုင်ပါတယ်။ အစာစားပြီး နာရီအနည်းငယ်လောက်ကြာရင် အောင့်လာပြီး အစာစားလိုက်ရင် ခဏသက်သာသွားတာက အစာအိမ်အနာကြောင့်ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်းက မသန့်ရှင်းတဲ့အစာတွေစားပြီး နာရီပိုင်းအတွင်း လက္ခဏာပြတတ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်တွေအစာပြွန်ထဲကို ပြန်တက်တာကတော့ အစားစာပြီး လဲှချလိုက်ရင် ရင်ပူသလိုခံစားရလေ့ရှိပါတယ်။ အစာတွေအများကြီးစားရင်လည်း ရင်ပူတတ်ပါတယ်။ အရက်က ရင်ပူခြင်းကိုပိုဆိုးစေပါတယ်။

♦ ဘယ်နေရာအောင့်တာလဲ

အစာအိမ်နဲ့ အူကြောင့်အောင့်တာဆိုရင် ရင်ဘတ်ကနေချက်အထိနေရာတိုင်းမှာ အောင့်နိုင်ပါတယ်။ အစာစားပြီး ဗိုက်အောက်ပိုင်းက အောင့်တာနာတာက ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ပျို့ခြင်း စတဲ့လက္ခဏာတွေနဲ့တွဲဖြစ်ရင် အစာအဆိပ်သင့်တာ (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်တာဖြစ်နိုင်ပါတယ်။ အစာစားပြီး နာရီအနည်းငယ်ကြာမှ ဗိုက်အလယ်နားလောက်ကအောင့်ခြင်းကတော့ အစာအိမ်အနာကြောင့်ဖြစ်နိုင်ပြီး၊ သည်းခြေကျောက်တည်တာဆိုရင်တော့ ဗိုက်ရဲ့ညာဘက်အပေါ်နားက အောင့်လေ့ရှိပါတယ်။

♦ ရောဂါရှာဖွေခြင်း

အများအားဖြင့်တော့ ရောဂါအကြောင်းမေးပြီး ဗိုက်နာရတဲ့အကြောင်းအရင်းကိုရှာဖွေနိုင်ပါတယ်။ အချို့သောပြဿနာတွေမှာတော့ ရောဂါသိနိုင်ဖို့ (သို့) ရောဂါအတိမ်အနက်ကိုသိဖို့အတွက် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း စတာတွေလုပ်ဖို့လိုအပ်ပါတယ်။

 အကြောင်းအမျိုးမျိုးကြောင့် အစာစားပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပြီး အများစုကတော့ ပြဿနာမရှိပေ မယ့် အချို့က ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြခဏဗိုက်အောင့်မယ် (သို့) ဗိုက်အောင့်တာပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့သေချာပြပြီး ရောဂါကိုရှာဖွေကုသဖို့ အရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top