ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
1515568082552.jpg
1515568114648.jpg
# Unicode Version ဖြင့် ဖတ်ပါ #
လက်ရှိဘဝတွေမှာတကယ်ကြုံတွေ့နေရတဲ့အခြေခံလူတန်းစားတွေရဲ့ဘဝကိုသာပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာစတီး(လ်)က ရိုက်ကူးထားတဲ့လူတွေမမြင်ကွယ်ရာမှာလူကုန်ကူးခံနေရတဲ့ မိန်းကလေး တွေရဲ့ဘဝတွေကိုလည်းထပ်မံရိုက်ကူးပုံဖော်ထားပြန်ပါတယ်။
အဲဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ “သုံးရောင်ခြယ်” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ၊ ဒီဇာတ်ကားကို ဇန်နဝါရီလ၁၂ရက်နေ့ကနေ စတင်ပြီးမြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံကြီးများမှာပြသသွား မှာဖြစ်ပါ တယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပြင်ပလူမှုဘ၀ ညမွှေးပန်းလေးတွေကိုပါထည့်သွင်း ရိုက်ကူးထားပြီး၊ ဇာတ်ကောင်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီသုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာစတီး(လ်)က “သုံးရောင်ခြယ် ဆိုတာ နယ်စပ်ဇိမ်ခံခန်းမှာခေါ်သွားခံရတဲ့ မိန်းကလေးတွေ ခြယ်သရတဲ့အရောင်ပေါ့။ သူတို့သတ် မှတ်ထားတဲ့ အလုပ်ချိန်မရောက်ခင်မှာ မိန်းကလေးတွေကိုအလှပြင်ခိုင်းတယ်။ အရောင် ဆို သည်မှာ အမှန်က လှပတဲ့သင်္ကေတတစ်ခုပါ။ ဒီအရောင်တွေကြောင့် သူတို့ဘဝတွေ ပျက်နေ တယ်ဆိုတာကို မဖြစ်ချင်လို့ဒီမက်ဆေ့ချ်လေးပေးတာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်လက် တစ်ကမ်း၊  ကျွန် တော်တို့ မမြင်ကွယ်ရာမှာမိန်းကလေးတွေ လူကုန်ကူးခံနေရတာတွေရှိပါတယ်။ ဒါတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေလည်းသတိမထားမိဘဲလျစ်လျူရှုထားတယ်။ အဲဒီလိုတွေလျော့နည်းစေဖို့ကိုဒီသုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူကုန်ကူးခံရတဲ့ မိန်းကလေးတွေအတွက် အနည်းနဲ့အများတားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
တကယ်နယ်စပ်မှာရှိတဲ့ ပြည့်တန်ဆာဇိမ်ခံခန်းတွေမှာသွားရောက်ရိုက်ကူးထားကာ၊ ဆင်ဆာပိုင်း မှာလည်းဖြတ်တောက်မှု သိပ်မရှိခဲ့ဘူးလို့သိရပါတယ်။
ဒီသုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ၊ မင်းမော် ကွန်း၊ နေမျိုးအောင်၊ အိချောပိုနဲ့ ရွှေသမီးတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
Photo Credit- သုံးရောင်ခြယ်-ရုပ်ရှင်ဇာတ်ကားကြီး
ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top