iMyanmarHouse.com - Best Property Website for Myanmar
×

စာဖတ္သူအေနနဲ႔ အခုေအာက္မွာ ေဖာ္ျပမယ့္ အက်င့္စရိုက္ေလးေတြ ရွိေနတယ္ဆိုရင္ သင့္ဘ၀ ေပ်ာ္ရႊင္ေတာ့မွာမဟုတ္သလို လံုၿခံဳစိတ္ခ်မႈလည္း ရွိေတာ့မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အခုေဖာ္ျပမယ့္ အက်င့္ဆိုးေတြကို ျပင္သင့္ပါတယ္။

၁။ တျခားသူအၾကာင္းမေကာင္းေျပာျခင္း

တျခားသူေတြရဲ့ အေၾကာင္းကို အၿမဲတမ္း မေကာင္းေျပာဖို႔ပဲ စဥ္းစားေနတယ္ဆိုရင္ သင္ဘယ္လိုမွ စိတ္ခ်မ္းသရမွာမဟုတ္ပါဘူး။ အခုလို တျခားသူေတြကို အၿမဲေ၀ဖန္တတ္ေနရင္ သင့္ကိုသင္ ျပဳျပင္ေျပာင္းလဲလိုက္ပါ။

၂။ ဘ၀ကို မေကာင္းတဲ့ဘက္ကပဲ ျမင္ေနတယ္။

ဘ၀ကို မေကာင္းတဲ့ဘက္ကပဲ အၿမဲတမ္းေတြးေန စဥ္းစားေနတယ္ဆိုရင္ ဘာမွမဟုတ္တာေလးကိုလည္း မေက်နပ္တာ စိတ္ဆိုးတာမ်ိဳးျဖစ္တတ္တယ္ဆိုရင္ သင့္ကိုယ္သင္အျမန္ဆံုး ျပင္ဆင္သင့္ပါတယ္။

၃။ တျခားသူေတြဆီက အရမ္းေမွ်ာ္လင့္တယ္။

တျခားတစ္ေယာက္ဆီက ကိုယ္ဘာရမလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားထားတယ္ဆိုတာ မေကာင္းပါဘူး။ သင္က ေပးဖို႔မစဥ္းစာဘဲ ရယူလိုဖို႔ပဲ စဥ္းစားေနတယ္ဆိုရင္ သင့္စိတ္ေနစိတ္ထားကို ျပင္ဆင္သင့္ပါတယ္။

၄။ သင့္ကိုယ္သင္ ဒရမ္မာခ်ိဳးလြန္းတယ္။

တခ်ိဳ႕သူေတြက သူ႔တို႔ဘ၀ ဇာတ္မနာနာေအာင္၊ သနားလာေအာင္ အမ်ိဳးမ်ိဳး ဒရမ္မာခ်ိဳးေျပာတတ္ၾကပါတယ္။ ဒီလိုအေလ့အက်င့္ေတြကို ေရွာင္သင့္ပါတယ္။

၅။ အၿမဲတမ္းလိမ္ေျပာေနတယ္။

လိမ္တယ္ဆိုတာ ေကာင္းတဲ့စိတ္ကူးတစ္ခုမဟုတ္ပါဘူး။ ေသးေသးေလးကိုပဲလိမ္လိမ္ ကိစၥႀကီးႀကီးကိုပဲလိမ္လိမ္ သင့္ကိုပဲ ထိခိုက္နာက်င္ေစၿပီး တျခားသူေတြ သင့္ကို ယံုၾကည္ေတာ့မွာမဟုတ္ပါဘူး။

ဒီလိုအက်င့္ဆိုးေတြ ဘယ္ကရလာလဲ။

တစ္ခ်ိဳ႕သူေတြက အရင္အခုလို စိတ္ေနသေဘာထားမ်ိဳးမရွိၾကေပမယ့္ အေပါင္းအသင္းေၾကာင့္ ကိုယ္အရင္းႏွီးဆံုးသူရဲ့ ေသြးထိုးစကားေတြေၾကာင့္ အခုလို ေျပာင္းလဲသြားတတ္ပါတယ္။ အခ်ိန္မီျပင္ဆင္ၿပီး အခုလို အဆိပ္အေတာက္ျဖစ္ေစတဲ့ သူငယ္ခ်င္းေတြကို အေကာင္းဆံုးဖယ္ခြာတာ၊ ဒါမွမဟုတ္ သူတို႔ကို အႀကံဥာဏ္ေပးျပဳျပင္ေပးတာမ်ိဳး လုပ္သင့္ပါတယ္။ သင့္မွာ အခုလို စိတ္ေနသေဘာထားမ်ိဳးရွိေနရင္ သင္ဘယ္ေတာ့မွေပ်ာ္ရႊင္ရမွာမဟုတ္သလို မိတ္ေဆြေကာင္းေတြလည္း ရွိလာႏိုင္မွာမဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#
စာဖတ်သူအနေနဲ့ အခုအောက်မှာ ဖော်ပြမယ့် အကျင့်စရိုက်လေးတွေ ရှိနေတယ်ဆိုရင် သင့်ဘ၀ ပျော်ရွှင်တော့မှာမဟုတ်သလို လုံခြုံစိတ်ချမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ပြင်သင့်ပါတယ်။

၁။ တခြားသူအကြာင်းမကောင်းပြောခြင်း

တခြားသူတွေရဲ့ အကြောင်းကို အမြဲတမ်း မကောင်းပြောဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင်ဘယ်လိုမှ စိတ်ချမ်းသရမှာမဟုတ်ပါဘူး။ အခုလို တခြားသူတွေကို အမြဲဝေဖန်တတ်နေရင် သင့်ကိုသင် ပြုပြင်ပြောင်းလဲလိုက်ပါ။

၂။ ဘဝကို မကောင်းတဲ့ဘက်ကပဲ မြင်နေတယ်။

ဘဝကို မကောင်းတဲ့ဘက်ကပဲ အမြဲတမ်းတွေးနေ စဉ်းစားနေတယ်ဆိုရင် ဘာမှမဟုတ်တာလေးကိုလည်း မကျေနပ်တာ စိတ်ဆိုးတာမျိုးဖြစ်တတ်တယ်ဆိုရင် သင့်ကိုယ်သင်အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။

၃။ တခြားသူတွေဆီက အရမ်းမျှော်လင့်တယ်။

တခြားတစ်ယောက်ဆီက ကိုယ်ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားတယ်ဆိုတာ မကောင်းပါဘူး။ သင်က ပေးဖို့မစဉ်းစာဘဲ ရယူလိုဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင့်စိတ်နေစိတ်ထားကို ပြင်ဆင်သင့်ပါတယ်။

၄။ သင့်ကိုယ်သင် ဒရမ်မာချိုးလွန်းတယ်။

တချို့သူတွေက သူ့တို့ဘ၀ ဇာတ်မနာနာအောင်၊ သနားလာအောင် အမျိုးမျိုး ဒရမ်မာချိုးပြောတတ်ကြပါတယ်။ ဒီလိုအလေ့အကျင့်တွေကို ရှောင်သင့်ပါတယ်။

၅။ အမြဲတမ်းလိမ်ပြောနေတယ်။

လိမ်တယ်ဆိုတာ ကောင်းတဲ့စိတ်ကူးတစ်ခုမဟုတ်ပါဘူး။ သေးသေးလေးကိုပဲလိမ်လိမ် ကိစ္စကြီးကြီးကိုပဲလိမ်လိမ် သင့်ကိုပဲ ထိခိုက်နာကျင်စေပြီး တခြားသူတွေ သင့်ကို ယုံကြည်တော့မှာမဟုတ်ပါဘူး။

ဒီလိုအကျင့်ဆိုးတွေ ဘယ်ကရလာလဲ။

တစ်ချို့သူတွေက အရင်အခုလို စိတ်နေသဘောထားမျိုးမရှိကြပေမယ့် အပေါင်းအသင်းကြောင့် ကိုယ်အရင်းနှီးဆုံးသူရဲ့ သွေးထိုးစကားတွေကြောင့် အခုလို ပြောင်းလဲသွားတတ်ပါတယ်။ အချိန်မီပြင်ဆင်ပြီး အခုလို အဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေကို အကောင်းဆုံးဖယ်ခွာတာ၊ ဒါမှမဟုတ် သူတို့ကို အကြံဉာဏ်ပေးပြုပြင်ပေးတာမျိုး လုပ်သင့်ပါတယ်။ သင့်မှာ အခုလို စိတ်နေသဘောထားမျိုးရှိနေရင် သင်ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်သလို မိတ်ဆွေကောင်းတွေလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top