×

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၃ ရက္က ဝမ္းေလွ်ာၿပီး သရဲပူးကာ ႐ုတ္တရက္ေသဆုံးသြားသည္ဟု သတင္းလႊင့္ျမဳွပ္ႏွံထားသူကို

မသကၤာ၍ ျပန္လည္တူးေဖာ္စစ္ေဆးရာ မွ လူသတ္မႈအျဖစ္ ေပၚေပါက္ခဲ့ေၾကာင္းသိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ မန္႐ြက္ေက်း႐ြာအုပ္စု မီးေသြးကုန္းေက်း႐ြာအနီး ကိုးမိုင္ ေရာ္ဘာၿခံ တြင္

အလုပ္လုပ္ကိုင္သူ မန္႐ြက္႐ြာ သား ဦးေဇာ္မိုး ေအး( ခ ) လြမ္းေဝ ၃၆ ႏွစ္သည္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၃ ရက္က

ဝမ္းေလွ်ာၿပီးသရဲပူးကာ ႐ုတ္တရက္ေသဆုံးသြားသည္ဟု သတင္းလႊင့္ၿပီးေန႔ခ်င္းျမႇဳပ္ႏွံထား၍ တာဝန္သိ

သူတစ္ဦးကဓမၼတာအတိုင္းေသဆုဲးျခင္းမျဖစ္ႏိုင္ေၾကာင္းသတင္းေပးတိုင္တန္းသျဖင့္ ၿမိဳ႕နယ္ တရား၏

အေလာင္းျပန္လည္ တူးေဖာ္ခြင့္အမိန႔္ကို ေတာင္းခံ၍ ၂၀၁၈ ဇန္နဝါရီ ၅ တြင္ ၿမိဳ႕မ ရဲစခန္းမႉး ဒုရဲမႉး

သန္းထိုက္ ဦးစီးေသာ တပ္ဖြဲ႕ဝင္မ်ား လူမႈေရးအသင္းမ်ား

ပူးေပါင္းအဖြဲ႕သည္ဥပေဒႏွင့္အညီ အေလာင္းကို ျပန္လည္တူးေဖာ္၍ မိုးေကာင္းျပည္သူ႔ေဆး႐ုံႀကီးသို႔

သယ္ေဆာင္ၿပီး ရင္ခြဲစစ္ေဆးရာ နံ႐ိုးမ်ားက်ိဳးကာ ဓမၼတာအတိုင္း မဟုတ္ပဲ တစ္စုံတစ္ဦး၏ ပေယာဂေၾကာင့္

ေသဆုံးျခင္းျဖစ္ေၾကာင္းေတြ႕ရွိရသည္။

” ျမႇဳပ္ထားတာကေတာ့ ရွစ္မိုင္ သုသာန္ အေဟာင္းမွာပါ။ေျမက်တာ တစ္လေက်ာ္ၿပီဆိုေတာ့ အနံ႔အသက္က

တအားျပင္းေနတယ္။ေစာင္ ၃ ထပ္နဲ႔ အထပ္ထပ္ ပတ္ၿပီး ျမႇဳပ္ႏွံထားေတာ့ အေလာင္းကို မပ်က္စီးေအာင္

တာဝန္ရွိသူေတြ စနစ္တက်ကိုင္တြယ္ၿပီး ေဆး႐ုံႀကီးကို သယ္ေဆာင္လာတာပါ ” ဟု ေလာကတၳစရိယ

နာမႈကူညီေရးအသင္းဥကၠဌ ဦးေက်ာ္လြင္စိုး ကေျပာဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုးေကာင္းၿမိဳ႕မ ရဲစခန္း က (ပ) ၅/၂၀၁၈ အမႈႀကီး အမွတ္စဥ္ ၁/၂၀၁၈ ျပစ္မႈဥပေဒအမွတ္

၃၀၂/၂၀၁ ျဖင့္ဖြင့္လွစ္ၿပီး တရားခံဖမ္းဆီးရမိေရး သက္ေသခံပစၥည္း သိမ္းဆည္းရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စံေတာ္ခ်ိန္

# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဝမ်းလျှောပြီး သရဲပူးကာ ရုတ်တရက်သေဆုံးသွားသည်ဟု သတင်းလွှင့်မြုှပ်နှံထားသူကို

မသင်္ကာ၍ ပြန်လည်တူးဖော်စစ်ဆေးရာ မှ လူသတ်မှုအဖြစ် ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မီးသွေးကုန်းကျေးရွာအနီး ကိုးမိုင် ရော်ဘာခြံ တွင်

အလုပ်လုပ်ကိုင်သူ မန်ရွက်ရွာ သား ဦးဇော်မိုး အေး( ခ ) လွမ်းဝေ ၃၆ နှစ်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က

ဝမ်းလျှောပြီးသရဲပူးကာ ရုတ်တရက်သေဆုံးသွားသည်ဟု သတင်းလွှင့်ပြီးနေ့ချင်းမြှုပ်နှံထား၍ တာဝန်သိ

သူတစ်ဦးကဓမ္မတာအတိုင်းသေဆုဲးခြင်းမဖြစ်နိုင်ကြောင်းသတင်းပေးတိုင်တန်းသဖြင့် မြို့နယ် တရား၏

အလောင်းပြန်လည် တူးဖော်ခွင့်အမိန့်ကို တောင်းခံ၍ ၂၀၁၈ ဇန်နဝါရီ ၅ တွင် မြို့မ ရဲစခန်းမှူး ဒုရဲမှူး

သန်းထိုက် ဦးစီးသော တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းများ

ပူးပေါင်းအဖွဲ့သည်ဥပဒေနှင့်အညီ အလောင်းကို ပြန်လည်တူးဖော်၍ မိုးကောင်းပြည်သူ့ဆေးရုံကြီးသို့

သယ်ဆောင်ပြီး ရင်ခွဲစစ်ဆေးရာ နံရိုးများကျိုးကာ ဓမ္မတာအတိုင်း မဟုတ်ပဲ တစ်စုံတစ်ဦး၏ ပယောဂကြောင့်

သေဆုံးခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။

” မြှုပ်ထားတာကတော့ ရှစ်မိုင် သုသာန် အဟောင်းမှာပါ။မြေကျတာ တစ်လကျော်ပြီဆိုတော့ အနံ့အသက်က

တအားပြင်းနေတယ်။စောင် ၃ ထပ်နဲ့ အထပ်ထပ် ပတ်ပြီး မြှုပ်နှံထားတော့ အလောင်းကို မပျက်စီးအောင်

တာဝန်ရှိသူတွေ စနစ်တကျကိုင်တွယ်ပြီး ဆေးရုံကြီးကို သယ်ဆောင်လာတာပါ ” ဟု လောကတ္ထစရိယ

နာမှုကူညီရေးအသင်းဥက္ကဌ ဦးကျော်လွင်စိုး ကပြောဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မ ရဲစခန်း က (ပ) ၅/၂၀၁၈ အမှုကြီး အမှတ်စဉ် ၁/၂၀၁၈ ပြစ်မှုဥပဒေအမှတ်

၃၀၂/၂၀၁ ဖြင့်ဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး သက်သေခံပစ္စည်း သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စံတော်ချိန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top