ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အကယ္ဒမီ ေဝဠဳေက်ာ္္၊ ကေလးသ႐ုပ္ေဆာင္အျဖစ္သ႐ုပ္ေဆာင္ရင္း ႐ုပ္ရွင္ေလာကကုိ ေရာက္ရွိခဲ့သူ
ဧရာဝတီျမစ္မႀကီးမွ ခြဲထြက္စီးျဖာက်လာေသာ ပန္းလႈိင္ျမစ္ကမ္း၏နံေဘးမွာ တည္ရွိသည့္ ေညာင္တုန္း ၿမိဳ႕ေလးဟာ ႏုိင္ငံတစ္ဝန္းရွိ ၿမိဳ႕ႀကီးမ်ားႏွင့္ ႏႈိင္းစာၾကည့္လွ်င္ ေသးငယ္ေပမယ့္ တုိင္းသိျပည္သိ ထင္ေပၚေက်ာ္ၾကားေသာ စာေပ၊ ဂီတ၊ ႐ုပ္ရွင္၊ အႏုပညာရွင္မ်ား ေပၚထြက္ခဲ့ သည့္ ဂုဏ္သတင္းေတြက အင္မတန္ႀကီးမားလွသည္။
”သီတာေသာင္ေျခဦး၊ ဓမၼဝိလာသ”ဝတၴဳရွည္ႀကီး မ်ားျဖင့္ အမ်ဳိးသားစာေပဆုရ စာေရးဆရာ လင္းယုန္ သစ္လြင္၊ ေရာင္နီ၊ တကၠသုိလ္ဟန္ဝင္းေအာင္၊ တကၠသုိလ္ ညဳိလြင္ေမာင္(ေဝဠဳေက်ာ္၏ဖခင္)၊ တကၠသုိလ္ညဳိညဳိသိမ္း (ေဝဠဳေက်ာ္ ၏မိခင္)၊ ကဗ်ာဆရာ ကဝိႏြယ္၊ စာေရးဆရာ သတင္းစာဆရာ ဖုိးေသာၾကာ၊ စႏၵရား ဦးေအာင္ကုိ၊”ဗုိလ္ေအာင္ဒင္”ဖန္တီးရွင္ စာေရးဆရာ ဒါ႐ုိက္တာအကယ္ ဒမီေရႊဒုံးဘီေအာင္၊ ဇာတ္ၫႊန္း ေရႊဒုံးထြန္းလြင္၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ ထြန္းထြန္းႏုိင္၊ အကယ္ဒမီ ေမသၪၨာဦး၊ ဒါ႐ုိက္တာ အကယ္ဒမီ ညီညီထြန္းလြင္၊ အကယ္ဒမီ ႐ႈမဝ စမ္းစမ္းေအး၊ အကယ္ဒမီ ေဝဠဳေက်ာ္၊ ႐ုပ္ရွင္ႏွင့္ဗီဒီယုိဇာတ္ၫႊန္း မဏိထုိ၊ ဆုၾသခ်ယ္၊ စာေရး ဆရာမ ဂ်ဴလုိင္မုိး(အုိေအစစ္)၊
ဟာသသ႐ုပ္ေဆာင္ ဧရာ၊ ေတးသံရွင္ ေဇယ်ာပြင့္(ေရႊပုစြန္)၊ ေတးသံရွင္ ေညာင္တုန္း ေစာထြန္းႏုိင္၊ ေညာင္တုန္းေဌးဝင္း၊ ေတးေရးမင္းထက္သာ၊ ထြန္းေဖာင္ေဒးရွင္း ပန္းခ်ီပထမေရႊတံဆိပ္ဆုရ ပန္းခ်ီ ဝင္းျမင့္မုိးစသည္တုိ႔သည္ ေညာင္တုန္းၿမိဳ႕က ေပၚ ထြက္ခဲ့ေသာ ထူးခြၽန္သည့္ အႏုပညာရွင္မ်ား ျဖစ္ၾကသည္။
ျမန္မာေဘာလုံးအမ်ိဳးသမီးလက္ေရြးစင္
သန္းသန္းေထြးကလဲ ေညာင္တုန္းသူပါ
ဓါတ္ပံု ေဌးဝင္း(ဘဏ္)သည္ ေညာင္တုန္းသားစစ္စစ္ျဖစ္ပါသည္။
Studio 35 မွထုတ္လုပ္ၿပီး ဇာတ္လမ္း၊ ဇာတ္ၫႊန္းႏွင့္ ဒါ႐ုိက္တာ အကယ္ဒမီ ခင္ေမာင္ဦးႏွင့္ စုိးသိမ္းထြဋ္တုိ႔႐ုိက္ ကူးသည့္ ”ပင္လယ္ထက္ကေနဝန္းနီ”႐ုပ္ရွင္ဇာတ္ကား ႀကီးတြင္ တူမေလးအေပၚ ေမတၱာတရားႀကီးမားလွသည့္ ဦးႀကီးေတာ္ျဖစ္သူ ‘ဆလုံ’ကြၽန္းသားႀကီးထြဋ္ေခါင္လုအျဖစ္ ပီျပင္စြာ သ႐ုပ္ေဆာင္ႏုိင္ခဲ့သည့္အတြက္ ၂ဝ၁ဝ ခုႏွစ္တြင္ အကယ္ဒမီရရွိခဲ့သည့္ ေဝဠဳေက်ာ္သည္ ၁၉၉၇ ခုႏွစ္ခန္႔က ကေလးသ႐ုပ္ေဆာင္အျဖစ္ ”အစိမ္းေရာင္ေတာင္ၾကားႏွင့္”
”ႏွလုံးသားျဖင့္ရင္းရပါသည္”႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားတြင္
ပါဝင္သ႐ုပ္ေဆာင္ရင္း ႐ုပ္ရွင္ေလာကကုိ ေရာက္ရွိခဲ့သူ။
ေခါင္းေဆာင္မင္းသားအျဖစ္ ၁၉၉၉ ခုႏွစ္က ”မၾကာမီေမွ်ာ္”ဗီဒီယုိဇာတ္ကားကုိ ႐ုိက္ကူးခဲ့သည္။ ယေန႔ အထိ ႐ုပ္ရွင္ႏွင့္ ဗီဒီယုိဇာတ္ကားမ်ားစြာ သ႐ုပ္ေဆာင္ ခဲ့ၿပီးျဖစ္ရာ ယခုလက္ရွိ ”ေဝဠဳေက်ာ္”စုံေထာက္အသြင္ သ႐ုပ္ေဆာင္ထားေသာ ဘေကာင္းဇာတ္လမ္းမ်ားမွာ ပရိသတ္ၾကား ေရပန္းစားလ်က္ရွိသည္။
မိဘမ်ားက စာေရးဆရာ၊ ”ပန္းလႈိင္စာေပ”တုိက္ကုိ တည္ေထာင္ခဲ့ၾကသူေတြ။ ”စံပယ္ဦး”စာေပတုိက္မွ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ဒါ႐ုိက္တာ အကယ္ဒမီ သီဟတင္စုိး ေပၚေပါက္ခဲ့သလုိ ေဝဠဳေက်ာ္မွာလည္း စာေပအသုိင္း အဝုိင္းမွ ထြန္းေတာက္လာခဲ့သည့္ ႐ုပ္ရွင္ၾကယ္တစ္ပြင့္။ အႏုပညာၿမိဳ႕ေတာ္မွာ စာေပရပ္ကြက္ႏွင့္ ႐ုပ္ရွင္ရပ္ကြက္ သည္ မစိမ္း၊ ကူးလူးဆက္ႏႊယ္ေနသည္။ သုိ႔ျဖစ္၍ ေဝဠဳေက်ာ္သည္ ေရခံ၊ ေျမခံေကာင္းသူ၊ ေမြးခ်င္းသုံးဦးရွိ သည့္အနက္ အႀကီးဆုံး၊ ညီမအလတ္က ဇာတ္ၫႊန္းမဏိထုိ၊ ”မဏိေရႊစင္”ဗီဒီယုိထုတ္လုပ္ေရးကုိ တည္ေထာင္ထားၿပီး ႐ုပ္ရွင္ေလာကကုိ ေနာက္ဆုံးထြက္သက္အထိ ျဖတ္သန္း မည္ဟု သႏၷိ႒ာန္ျပဳထားသူ၊ ႐ုပ္ရွင္ခ်စ္သူေတြအေပၚ၊ မိဘအေပၚ တာဝန္ေက်ခဲ့သလုိ Family Life အိမ္ေထာင္ သည္ဘဝကုိလည္း တာဝန္ေက်ခ်င္ျပန္သည္ဟု တဖြဖြေျပာ ေနျပန္သည္။ လူပ်ဳိႀကီးဘဝမွ အိမ္ေထာင္သည္ဘဝသုိ႔ ကူးေျပာင္းရန္ တာစူေနဆဲ။
အားလပ္သည့္ေန႔ရက္မ်ားတြင္ ေရကူး၊ ကြၽမ္းဘားႏွင့္ Body Beauty ကစားေလ့ရွိသည္။ အင္ဒုိနီးရွားႏုိင္ငံမွ စတင္တာထြက္ၿပီး အိႏၵိယတြင္ ပန္းဝင္ေသာ (၁၁)ႏုိင္ငံ ခ်စ္ၾကည္ေရးကားေမာင္းၿပိဳင္ပြဲတြင္ အားကစားလႈပ္ရွားမႈ အျဖစ္ အကယ္ဒမီ ေမသၪၨာဦး၊ ဒါ႐ုိက္တာ ကုိေပါက္တုိ႔ ႏွင့္အတူ ခရီးအစမွအဆုံးတုိင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည္။ ပရဟိတအမ်ားအက်ဳိးေဆာင္ရသည့္ လူမႈေရးလုပ္ငန္းမ်ား ကုိလည္း ေမ့မထား၊ နာဂစ္မုန္တုိင္းကာလက နာေရးကူညီ မႈအသင္း(ရန္ကုန္)ႏွင့္ တြဲဖက္၍ ကယ္ဆယ္ေရး၊ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားကုိ လပြတၱာ၊ ေျမာင္းျမနယ္တစ္ ဝုိက္ ေန႔မအား၊ ညမနား ကုိယ္တုိင္ကုိယ္က် စြမ္းစြမ္းတမံ အက်ဳိးေဆာင္ခဲ့ျပန္သည္။
”ေသြးေမတၱာ”ပရဟိတအသင္းမွာ ဒုတိယဥကၠ႒အျဖစ္ တာဝန္ယူထားသည္။ အေရးေပၚ ေသြးလုိအပ္သည့္ ေဝဒနာရွင္မ်ားအတြက္ ေသြးလွဴရွင္မ်ား ရွာေဖြေပးလ်က္ရွိ သည္။ ”ေသြးေမတၱာ”အသင္းအေနျဖင့္ ေသြးမ်ားကုိ ႀကိဳတင္စုေဆာင္းထားေလ့မရွိပါ။ ‘B ‘သုံးလုံးျဖစ္ေသာ(Body Blood Bank)လူ၏ ခႏၶာကုိယ္အတြင္း သုိေလွာင္ ထားသည့္ ေသြးမ်ားကုိ လူနာထံသုိ႔ တုိက္႐ုိက္လွဴဒါန္းျခင္း စနစ္ျဖင့္ ကုသုိလ္ဒါနျပဳလ်က္ရွိသည္။ မြန္ျမတ္လွေပစြ။
ေစ်းကြက္အရ ဒီကေန႔ေစ်းကြက္မွာ Fancy ႏွင့္ ဟာသကားမ်ားသာ အလုအယက္ ဦးစားေပး႐ုိက္ကူးေန သည့္ၾကားက အက်ဳိးအျမတ္ကုိ ပဓာနမထား၊ အသြား အလာခက္ခဲၿပီး ေငြေၾကးအကုန္အက်မ်ားကာ ရင္းသေလာက္ ျပန္ရဖုိ႔ မလြယ္ကူသည့္ အင္မတန္စြန္႔စားထုတ္လုပ္ရသည့္ ”ပင္လယ္ထက္ကေနဝန္းနီ”လုိ ဘဝသ႐ုပ္ေဖာ္ဇာတ္ကား မ်ဳိးကုိ ေစတနာေရွ႕ထား႐ုိက္ကူးရဲေသာ Studio 35 ကုိ အင္မတန္ေလးစားမိသည္။
ဒီဇာတ္ကားမွာ မဲျပာပုဆုိးမ်ဳိးမဟုတ္ဘဲ တုိင္းရင္းသားလူမ်ဳိးစုေတြထဲမွ လူသိနည္းေသာ ဆလုံတုိင္းရင္း သားေတြ၏ ဘဝ၊ ဓေလ့စ႐ုိက္ေတြကုိ ေစ့ေစ့စပ္စပ္ေလ့လာ ႐ုိက္ကူးခဲ့သလုိ ၅၂၈ ေမတၱာကုိ အေျခခံကာ ဘႀကီးေတာ္ ဆလုံကြၽန္းသားႀကီး ထြဋ္ေခါင္လုအျဖစ္ မိဘႏွင့္မျခား တူမေလးအေပၚ ေမတၱာတရားႀကီးမားပုံ၊ တရားမရႏုိင္ၾက ေသးသည့္အတြက္ သံေယာဇဥ္အပူမီးေတြေၾကာင့္ ေသာကေဝဒနာ ခံစားရမႈေတြ၊ ေပါက္ကြဲမႈေတြ၊ သံေဝဂရ မႈေတြကုိ အျပင္မွာ တကယ္ျဖစ္ေနသလားထင္ရေလာက္ေအာင္၊ သ႐ုပ္ေဆာင္ေနသည္ဆုိေသာ အျမင္ေတြကုိ ေပ်ာက္သြားေအာင္ ထိထိမိမိသ႐ုပ္ေဆာင္ႏုိင္ခဲ့သည့္ အတြက္ ေဝဠဳေက်ာ္သည္ အကယ္ဒမီေရႊစင္႐ုပ္တုႀကီးကုိ ထုိက္ထုိက္တန္တန္ ရရွိခဲ့ျခင္းပါ။
ယခုအခါ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းႀကီးတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိရာ တပ္ခြဲမွဴး တာဝန္ကုိ စြမ္းစြမ္းတမံ ေက်ပြန္စြာ ထမ္းေဆာင္ ေနဆဲ။
ညီေလးေဝဠဳေက်ာ္တစ္ေယာက္ အႏုပညာေလာက ထဲ
နာမည္ေကာင္းတစ္ခုျဖင့္ ရပ္တည္ႏုိင္ေရးအတြက္
စာေရးသူ စိတ္ကူးပုံေဖာ္ခဲ့သည့္ကဗ်ာေလးမွာ-
ေကာင္းသမုိင္းတြင္သူျဖစ္ပါေစ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
အကယ်ဒမီ ဝေဠုကျော်၊ ကလေးသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ရင်း ရုပ်ရှင်လောကကို ရောက်ရှိခဲ့သူ
ဧရာဝတီမြစ်မကြီးမှ ခွဲထွက်စီးဖြာကျလာသော ပန်းလှိုင်မြစ်ကမ်း၏နံဘေးမှာ တည်ရှိသည့် ညောင်တုန်း မြို့လေးဟာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများနှင့် နှိုင်းစာကြည့်လျှင် သေးငယ်ပေမယ့် တိုင်းသိပြည်သိ ထင်ပေါ်ကျော်ကြားသော စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာရှင်များ ပေါ်ထွက်ခဲ့ သည့် ဂုဏ်သတင်းတွေက အင်မတန်ကြီးမားလှသည်။
”သီတာသောင်ခြေဦး၊ ဓမ္မဝိလာသ”ဝတ္ထုရှည်ကြီး များဖြင့် အမျိုးသားစာပေဆုရ စာရေးဆရာ လင်းယုန် သစ်လွင်၊ ရောင်နီ၊ တက္ကသိုလ်ဟန်ဝင်းအောင်၊ တက္ကသိုလ် ညိုလွင်မောင်(ဝေဠုကျော်၏ဖခင်)၊ တက္ကသိုလ်ညိုညိုသိမ်း (ဝေဠုကျော် ၏မိခင်)၊ ကဗျာဆရာ ကဝိနွယ်၊ စာရေးဆရာ သတင်းစာဆရာ ဖိုးသောကြာ၊ စန္ဒရား ဦးအောင်ကို၊”ဗိုလ်အောင်ဒင်”ဖန်တီးရှင် စာရေးဆရာ ဒါရိုက်တာအကယ် ဒမီရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း ရွှေဒုံးထွန်းလွင်၊ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းနိုင်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်၊ အကယ်ဒမီ ရှုမဝ စမ်းစမ်းအေး၊ အကယ်ဒမီ ဝေဠုကျော်၊ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ညွှန်း မဏိထို၊ ဆုသြချယ်၊ စာရေး ဆရာမ ဂျူလိုင်မိုး(အိုအေစစ်)၊
ဟာသသရုပ်ဆောင် ဧရာ၊ တေးသံရှင် ဇေယျာပွင့်(ရွှေပုစွန်)၊ တေးသံရှင် ညောင်တုန်း စောထွန်းနိုင်၊ ညောင်တုန်းဌေးဝင်း၊ တေးရေးမင်းထက်သာ၊ ထွန်းဖောင်ဒေးရှင်း ပန်းချီပထမရွှေတံဆိပ်ဆုရ ပန်းချီ ဝင်းမြင့်မိုးစသည်တို့သည် ညောင်တုန်းမြို့က ပေါ် ထွက်ခဲ့သော ထူးချွန်သည့် အနုပညာရှင်များ ဖြစ်ကြသည်။
မြန်မာဘောလုံးအမျိုးသမီးလက်ရွေးစင်
သန်းသန်းထွေးကလဲ ညောင်တုန်းသူပါ
ဓါတ်ပုံ ဌေးဝင်း(ဘဏ်)သည် ညောင်တုန်းသားစစ်စစ်ဖြစ်ပါသည်။
Studio 35 မှထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ခင်မောင်ဦးနှင့် စိုးသိမ်းထွဋ်တို့ရိုက် ကူးသည့် ”ပင်လယ်ထက်ကနေဝန်းနီ”ရုပ်ရှင်ဇာတ်ကား ကြီးတွင် တူမလေးအပေါ် မေတ္တာတရားကြီးမားလှသည့် ဦးကြီးတော်ဖြစ်သူ ‘ဆလုံ’ကျွန်းသားကြီးထွဋ်ခေါင်လုအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၂ဝ၁ဝ ခုနှစ်တွင် အကယ်ဒမီရရှိခဲ့သည့် ဝေဠုကျော်သည် ၁၉၉၇ ခုနှစ်ခန့်က ကလေးသရုပ်ဆောင်အဖြစ် ”အစိမ်းရောင်တောင်ကြားနှင့်”
”နှလုံးသားဖြင့်ရင်းရပါသည်”ရုပ်ရှင်ဇာတ်ကားကြီးများတွင်
ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်လောကကို ရောက်ရှိခဲ့သူ။
ခေါင်းဆောင်မင်းသားအဖြစ် ၁၉၉၉ ခုနှစ်က ”မကြာမီမျှော်”ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ယနေ့ အထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာ သရုပ်ဆောင် ခဲ့ပြီးဖြစ်ရာ ယခုလက်ရှိ ”ဝေဠုကျော်”စုံထောက်အသွင် သရုပ်ဆောင်ထားသော ဘကောင်းဇာတ်လမ်းများမှာ ပရိသတ်ကြား ရေပန်းစားလျက်ရှိသည်။
မိဘများက စာရေးဆရာ၊ ”ပန်းလှိုင်စာပေ”တိုက်ကို တည်ထောင်ခဲ့ကြသူတွေ။ ”စံပယ်ဦး”စာပေတိုက်မှ ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ သီဟတင်စိုး ပေါ်ပေါက်ခဲ့သလို ဝေဠုကျော်မှာလည်း စာပေအသိုင်း အဝိုင်းမှ ထွန်းတောက်လာခဲ့သည့် ရုပ်ရှင်ကြယ်တစ်ပွင့်။ အနုပညာမြို့တော်မှာ စာပေရပ်ကွက်နှင့် ရုပ်ရှင်ရပ်ကွက် သည် မစိမ်း၊ ကူးလူးဆက်နွှယ်နေသည်။ သို့ဖြစ်၍ ဝေဠုကျော်သည် ရေခံ၊ မြေခံကောင်းသူ၊ မွေးချင်းသုံးဦးရှိ သည့်အနက် အကြီးဆုံး၊ ညီမအလတ်က ဇာတ်ညွှန်းမဏိထို၊ ”မဏိရွှေစင်”ဗီဒီယိုထုတ်လုပ်ရေးကို တည်ထောင်ထားပြီး ရုပ်ရှင်လောကကို နောက်ဆုံးထွက်သက်အထိ ဖြတ်သန်း မည်ဟု သန္နိဋ္ဌာန်ပြုထားသူ၊ ရုပ်ရှင်ချစ်သူတွေအပေါ်၊ မိဘအပေါ် တာဝန်ကျေခဲ့သလို Family Life အိမ်ထောင် သည်ဘဝကိုလည်း တာဝန်ကျေချင်ပြန်သည်ဟု တဖွဖွပြော နေပြန်သည်။ လူပျိုကြီးဘဝမှ အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းရန် တာစူနေဆဲ။
အားလပ်သည့်နေ့ရက်များတွင် ရေကူး၊ ကျွမ်းဘားနှင့် Body Beauty ကစားလေ့ရှိသည်။ အင်ဒိုနီးရှားနိုင်ငံမှ စတင်တာထွက်ပြီး အိန္ဒိယတွင် ပန်းဝင်သော (၁၁)နိုင်ငံ ချစ်ကြည်ရေးကားမောင်းပြိုင်ပွဲတွင် အားကစားလှုပ်ရှားမှု အဖြစ် အကယ်ဒမီ မေသဉ္ဇာဦး၊ ဒါရိုက်တာ ကိုပေါက်တို့ နှင့်အတူ ခရီးအစမှအဆုံးတိုင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပရဟိတအများအကျိုးဆောင်ရသည့် လူမှုရေးလုပ်ငန်းများ ကိုလည်း မေ့မထား၊ နာဂစ်မုန်တိုင်းကာလက နာရေးကူညီ မှုအသင်း(ရန်ကုန်)နှင့် တွဲဖက်၍ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လပွတ္တာ၊ မြောင်းမြနယ်တစ် ဝိုက် နေ့မအား၊ ညမနား ကိုယ်တိုင်ကိုယ်ကျ စွမ်းစွမ်းတမံ အကျိုးဆောင်ခဲ့ပြန်သည်။
”သွေးမေတ္တာ”ပရဟိတအသင်းမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ အရေးပေါ် သွေးလိုအပ်သည့် ဝေဒနာရှင်များအတွက် သွေးလှူရှင်များ ရှာဖွေပေးလျက်ရှိ သည်။ ”သွေးမေတ္တာ”အသင်းအနေဖြင့် သွေးများကို ကြိုတင်စုဆောင်းထားလေ့မရှိပါ။ ‘B ‘သုံးလုံးဖြစ်သော(Body Blood Bank)လူ၏ ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသည့် သွေးများကို လူနာထံသို့ တိုက်ရိုက်လှူဒါန်းခြင်း စနစ်ဖြင့် ကုသိုလ်ဒါနပြုလျက်ရှိသည်။ မွန်မြတ်လှပေစွ။
ဈေးကွက်အရ ဒီကနေ့ဈေးကွက်မှာ Fancy နှင့် ဟာသကားများသာ အလုအယက် ဦးစားပေးရိုက်ကူးနေ သည့်ကြားက အကျိုးအမြတ်ကို ပဓာနမထား၊ အသွား အလာခက်ခဲပြီး ငွေကြေးအကုန်အကျများကာ ရင်းသလောက် ပြန်ရဖို့ မလွယ်ကူသည့် အင်မတန်စွန့်စားထုတ်လုပ်ရသည့် ”ပင်လယ်ထက်ကနေဝန်းနီ”လို ဘဝသရုပ်ဖော်ဇာတ်ကား မျိုးကို စေတနာရှေ့ထားရိုက်ကူးရဲသော Studio 35 ကို အင်မတန်လေးစားမိသည်။
ဒီဇာတ်ကားမှာ မဲပြာပုဆိုးမျိုးမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးစုတွေထဲမှ လူသိနည်းသော ဆလုံတိုင်းရင်း သားတွေ၏ ဘဝ၊ ဓလေ့စရိုက်တွေကို စေ့စေ့စပ်စပ်လေ့လာ ရိုက်ကူးခဲ့သလို ၅၂၈ မေတ္တာကို အခြေခံကာ ဘကြီးတော် ဆလုံကျွန်းသားကြီး ထွဋ်ခေါင်လုအဖြစ် မိဘနှင့်မခြား တူမလေးအပေါ် မေတ္တာတရားကြီးမားပုံ၊ တရားမရနိုင်ကြ သေးသည့်အတွက် သံယောဇဉ်အပူမီးတွေကြောင့် သောကဝေဒနာ ခံစားရမှုတွေ၊ ပေါက်ကွဲမှုတွေ၊ သံဝေဂရ မှုတွေကို အပြင်မှာ တကယ်ဖြစ်နေသလားထင်ရလောက်အောင်၊ သရုပ်ဆောင်နေသည်ဆိုသော အမြင်တွေကို ပျောက်သွားအောင် ထိထိမိမိသရုပ်ဆောင်နိုင်ခဲ့သည့် အတွက် ဝေဠုကျော်သည် အကယ်ဒမီရွှေစင်ရုပ်တုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းပါ။
ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိရာ တပ်ခွဲမှူး တာဝန်ကို စွမ်းစွမ်းတမံ ကျေပွန်စွာ ထမ်းဆောင် နေဆဲ။
ညီလေးဝေဠုကျော်တစ်ယောက် အနုပညာလောက ထဲ
နာမည်ကောင်းတစ်ခုဖြင့် ရပ်တည်နိုင်ရေးအတွက်
စာရေးသူ စိတ်ကူးပုံဖော်ခဲ့သည့်ကဗျာလေးမှာ-
ကောင်းသမိုင်းတွင်သူဖြစ်ပါစေ
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top