×

Image may contain: one or more people, people sitting and outdoor
Image may contain: 4 people, people sitting

Image may contain: 3 people, people smiling, people sitting and child

Image may contain: one or more people, people sitting and outdoor






Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #

သူတို့ဒေသတိုးတက်ဖို့ကောင်းစားဖို့ ငါပညာတတ်မှရမယ် ငါကြိုးစားပြီးတော့ပညာရှာရမယ်ဆိုတဲ့အသိတွေနဲ့ လှေနဲ့တမျိုး ခြေကျင်တဖုံ ဝေးလံရာနေရာဒေသတွေမှာပညာရှာမှီးကြရတယ်

ဘဝကကြမ်းတမ်းသလို ဝမ်းရေးကလည်းခက် ပညာရေးဟာလည်းပဲသူတို့အတွက်အားမလိုအားမရဖြစ်လို့ဒါကိုတာဝန်ရှိသူတွေအနေနဲ့ သူတို့ဒေသလေးအတွက် အနာဂတ်ရဲ့မျိုးဆက်သစ်လေးတွေအတွက် နောက်နောင်အခုလိုအဖြစ်ဆိုးမကြုံရအောင် တံတားလေးတစ်စင်း လှေကောင်းကောင်းလေးတစ်စီးဖြစ်ဖြစ်မစီစဉ်ပေးနိုင်ကြတော့တာလား တချို့နေရာတွေကျပြန်တော့လည်း တင့်တောင့်တင့်တယ် ကျောင်းကားအကြိုအပို့နဲ့ တံတားကောင်းကောင်းနဲ့ ဘဝဟာစိုပြေနေတယ်

ဒါပေမယ့် ခံပြင်းစရာက ငါတို့ဒေသမှာ လမ်းကောင်းကောင်းမရှိသေးဘူး တံတားကောင်းကောင်းမရှိသေးဘူး လှေကောင်းကောင်းမရှိသေးဘူး

တစ်ခါကကြားလိုက်ပါတယ် တစ်နှစ်အတွင်းတံတားပေါင်း ၆၀၀ ကျော်တည်ဆောက်ပေးနိုင်ခဲ့ဆိုလား

ဒါပေမယ့် ငါတို့ကလေးငယ်တွေအတွက်မဟုတ်ခဲ့သလို ငါတို့ကလေးတွေရဲ့ဘိုးပွားပိုင်မြေမှာမဟုတ်ခဲ့လေတော့ အဲဒီသတင်းကိုကြားရပြန်တော့ လောကသဘာဝကြီးရဲ့မညီမျှမှု မတရားမှု အနိုင်ကျင့်မှုတွေကိုနာကျည်းမုန်းတီးမိတယ်။

အခုလိုဝမ်းနည်းစရာအဖြစ်ဆိုးတွေဖြစ်လာတာ အကြိမ်ပေါင်းမနည်းတော့ဘူး ဒါပေမယ့် ဘယ်သူကမှတာဝန်ခံမှုမရှိတဲ့အပြင် ထိရောက်တဲ့ကြိုတင်ကာကွယ်ရေးတွေမလုပ်ပေးခဲ့ကြပြန်ဘူး။

ဖြစ်ပြီးမှ ဘယ်ကမှန်းမသိရောက်လာကြပြီးတော့ မဖြစ်စလောက်ငွေလေးပေးကြနဲ့ အမျိုးမျိုးတွေ့မြင်နေရတယ်။

ကျွန်တော်တို့လိုချင်တာ ငွေကြေးမဟုတ်သလို အယောင်ဆောင်နှစ်သိမ့်မှုတွေလည်းမဟုတ်ပါဘူး။

တကယ်လိုအပ်နေတာက ထိရောက်တဲ့ကြိုတင်ကာကွယ်ကယ်ဆယ်ရေးတွေ လူသားဆန်တဲ့တာဝန်ခံမှု တာဝန်ယူမှုတွေပါ။

ကောင်းရာမွန်ရာရောက်ကြပါစေ ။

ဖြစ်လေရာဘဝတိုင်းမှာအခုလိုအဖြစ်ဆိုးမျိုးမကြုံကြရပါစေနဲ့။

Micheal Wolfe Micheal Wolfe

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top