AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×







Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #
နှစ်သစ်ကူးညတွင် သေ ဆုံးသူလေးဦးအပါအဝင် အရေး ပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ရောက်ရှိသည့် လူနာ ၂၀၀ ဦးရှိကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက် တာခင်သိင်္ဂီမြင့်က ပြောသည်။

၂၀၁၆   နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေး ပေါ်ဌာနသို့ ရောက်ရှိသည့် လူနာ ၁၇၇ ဦးရှိပြီး ၂၀၁၇ တွင် လူနာ ၂၃ ဦးပိုများခဲ့သည်။

‘‘အရေးပေါ်ဌာနကို စုစု ပေါင်း ရောက်ခဲ့တဲ့ လူနာဦးရေက ၄၅၁ ဦးရှိခဲ့တယ်။ နှလုံးရောဂါတို့၊ ဘာတို့ကြောင့် ရောက်တဲ့လူနာက ၂၅၁ ဦးပေါ့။ ကျန်ဦးရေ ၂၀၀ က ထိခိုက်မှုတွေ ဖြစ်လို့ ရောက်တာ ဖြစ်ပါတယ်။ ဦးရေ ၂၀၀ ထဲမှာ လေးဦးက ဆေးရုံရောက်တော့ သေဆုံးနေပြီ’’ဟု ဒေါက်တာခင် သိင်္ဂီမြင့်က ပြောသည်။

အရေးပေါ်ဌာနသို့ သေဆုံး ပြီး ရောက်ရှိလာသူ ဦးရေသည် ၂၀၁၆ နှစ်သစ်ကူးညက လေးဦးရှိခဲ့သဖြင့် ကွာခြားမှုမရှိကြောင်း ၎င်းက ဆိုသည်။

နှစ်သစ်ကူးညတွင် ထိခိုက် ဒဏ်ရာရရှိပြီး ရောက်ရှိသည့် ဦး ရေသည် အခြားရက်များထက် များပြားလေ့ရှိသဖြင့် အဆိုပါည တွင် ဆရာဝန်နှင့် ဆေးဝါးတို့ အပြည့်ထားရှိကာ ပြင်ဆင်ခဲ့ရ ကြောင်း ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

နှစ်သစ်ကူးပွဲတော်ရက်ရှည် သည့် သင်္ကြန်ကာလတွင် မတော် တဆထိခိုက်မှု ပိုမိုများပြားလေ့ရှိသဖြင့် ယင်းပွဲတော်ရက်များ၌ ဆရာဝန်အင်အားတိုး၍ ချထားရလေ့ရှိကြောင်း ၎င်းက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top