ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×


၂၀၁၀ ခုႏွစ္မွာ သရုပ္ေဆာင္ခန္႔စည္သူနဲ႔ ထင္းရႈးေတာထဲ ဖိုက္တင္ဇာတ္၀င္ခန္းရုိက္တဲ႕အခ်ိန္ စပလိန္ဗံုးေပၚက အခုန္မွာ ေအာက္ခံေဖာ႔ျပားအလယ္ ကို မၾကတဲ႔အတြက္ ေအာက္ပိုင္းတစ္ခုလံုး ဆံုးရံႈးခဲ႔ရၿပီး ကံေကာင္းလို႔သာ အသက္ေဘးက လြတ္ေျမာက္ခဲ႔ရတာပါလို႔ လူၾကမ္းသရုပ္ေဆာင္ ေဇာ္သိန္းက MC သို႔ေျပာျပပါတယ္။

“ ၁၄ . ၆. ၂၀၁၀ ခုႏွစ္မွာ မေမွ်ာ္လင္႔ပဲ ကား(၄)ကားကို လက္ခံခဲ႔ပါတယ္။ ကၽြန္ေတာ္ ေနာက္ဆံုးဇာတ္ကားကို ရိုက္ဖို႔(၂) ရက္အလိုမွာ မေမွ်ာ္လင္႔ပဲ ထင္းရႈးေတာမွာ ရိုက္ခဲ႔တယ္။ ကၽြန္ေတာ္ ထင္းရႈးေတာမွာ ရုိက္တဲ႔အခ်ိန္မွာ ကံျကမၼာမိုးေမွာင္ၾကီးက က်ခဲ႔ပါတယ္။ ကၽြန္ေတာ္ ကိုခန္႔စည္သူနဲ႔ ဖိုက္တင္ထိုးတဲ႔အခ်ိန္မွာ ကိုခန္႔စည္သူက ကၽြန္ေတာ္႕ကို ဗုိက္ကိုကန္လိုက္ပါတယ္။ ဗိုက္ကိုကန္ေတာ႔ ကၽြန္ေတာ္ကလည္း အျပင္မွာၾကခဲ႔ပါတယ္။ အဲ႔ေတာ႕ ကၽြန္ေတာ္က စပလိန္ဗံုးကို နင္းလိုက္ပါတယ္။ အဲ႔အခ်ိန္မွာ အရွိန္ကျပင္းၿပီးေတာ႕ ေအာက္ခံေဖာ႔ျပားအလယ္ကို မၾကပဲနဲ႕ အဖ်ားကို ၾကသြားတယ္။ အဲ႔အခ်ိန္ ကံေကာင္းလို႔မေသတာပါ။ ေအာက္ပိုင္းတစ္ခုလံုး ကၽြန္ေတာ္ဘာမွ ကိုမသိေတာ႔ပါဘူး။ ကၽြန္ေတာ္လည္း ေအာ္တာေပါ႕ ၊ အဲ႕အခ်ိန္မွာ ဒါရိုက္တာ ကိုသန္႕ဇင္က ရႈတင္ကားနဲ႔ ခ်က္ခ်င္းပဲ ေမျမိဳ႕ေဆးရံု ကို ကၽြန္ေတာ္႕ကို ပို႔ခဲ႔ပါတယ္။ အဲ႕အခ်ိန္မွာ ရန္ကုန္ျမိဳ႕ကို ဆင္းမလားေပါ႔ ၊ ဒီမွာေတာ႔ ေဆးမစံုဘူးလို႔ေျပာတယ္။ ရန္ကုန္အိမ္ေရာက္တဲ႔အခ်ိန္မွာ သူမ်ားေတြက ဒီေကာင္ေတာ႔ မရေတာ႔ဘူးသြားၿပိီေပါ႔ေနာ္။ ကၽြန္ေတာ္ ဒီဇာတ္ကားေတြကို ရင္ထဲမွာေမ႔လို႔မရပါဘူး ။ အဲ႔တုန္းကဆိုရင္ ေျခတစ္လွမ္းလွမ္းဖို႔ကို မ်က္ရည္တစ္စက္ ၾကခဲ႔ရပါတယ္။ အဲ႔ဘ၀ေတြကို အမ်ိဴးမ်ိဴး ကၽြန္ေတာ္ ၾကိဳးစားခဲ႔ပါတယ္။ အခုဆိုရင္ေတာ႔ ကုိယ္႕ကိုကိုယ္လည္း ကၽြန္ေတာ္ ထိန္းႏိုင္သြားၿပီ ။ လူေကာင္းပကတိေတာ႔ မဟုတ္ေပမယ္႔ စက္ဘီးလည္း ကၽြန္ေတာ္ ေကာင္းေကာင္းစီးႏိုင္ပါတယ္။ ပထမေတာ႕လူၾကမ္းေတြ က မသိဘူးေပါ႔။ ေနာက္ေတာ႔ ေဆးရံုၾကိီးေရာက္ေနၿပီဆိုတာကို သိေတာ႔ ကိုခန္႕စည္သူ က အစစရာရာတာ၀န္ယူၿပီးေတာ႔ ကုသေပးခဲ႔ပါတယ္။ ကိုခန္႔စည္သူ ကုေပးတဲ႔အခ်ိန္မွာ လူၾကမ္း ၊မင္းသမိီး ၊ မင္းသား ရုပ္ရွင္အစည္းအရံုးကပါ ပံ႔ပိုးကူညီခဲ႔ပါတယ္။ ကိုမင္းအုပ္စိုးက (၁၅) သိန္းပံ႔ပိုးခဲ႔ပါတယ္။ အားလံုး သိန္း (၆၀) ေက်ာ္ကုန္ခဲ႔ပါတယ္။လူၾကမ္း ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ႐ုပ္ရွင္သမား အားလံုး ဘ၀ ဆက္တိုင္းဆက္တိုင္းမွာ ကၽြန္ေတာ္႔လို မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေပးပါတယ္ ” – ေဇာ္သိန္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarCelebrity

#Unicode Version#
၂၀၁၀ ခုနှစ်မှာ သရုပ်ဆောင်ခန့်စည်သူနဲ့ ထင်းရှုးတောထဲ ဖိုက်တင်ဇာတ်ဝင်ခန်းရိုက်တဲ့အချိန် စပလိန်ဗုံးပေါ်က အခုန်မှာ အောက်ခံဖော့ပြားအလယ် ကို မကြတဲ့အတွက် အောက်ပိုင်းတစ်ခုလုံး ဆုံးရှုံးခဲ့ရပြီး ကံကောင်းလို့သာ အသက်ဘေးက လွတ်မြောက်ခဲ့ရတာပါလို့ လူကြမ်းသရုပ်ဆောင် ဇော်သိန်းက MC သို့ပြောပြပါတယ်။

“ ၁၄ . ၆. ၂၀၁၀ ခုနှစ်မှာ မမျှော်လင့်ပဲ ကား(၄)ကားကို လက်ခံခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးဇာတ်ကားကို ရိုက်ဖို့(၂) ရက်အလိုမှာ မမျှော်လင့်ပဲ ထင်းရှုးတောမှာ ရိုက်ခဲ့တယ်။ ကျွန်တော် ထင်းရှုးတောမှာ ရိုက်တဲ့အချိန်မှာ ကံကြမ္မာမိုးမှောင်ကြီးက ကျခဲ့ပါတယ်။ ကျွန်တော် ကိုခန့်စည်သူနဲ့ ဖိုက်တင်ထိုးတဲ့အချိန်မှာ ကိုခန့်စည်သူက ကျွန်တော့်ကို ဗိုက်ကိုကန်လိုက်ပါတယ်။ ဗိုက်ကိုကန်တော့ ကျွန်တော်ကလည်း အပြင်မှာကြခဲ့ပါတယ်။ အဲ့တော့ ကျွန်တော်က စပလိန်ဗုံးကို နင်းလိုက်ပါတယ်။ အဲ့အချိန်မှာ အရှိန်ကပြင်းပြီးတော့ အောက်ခံဖော့ပြားအလယ်ကို မကြပဲနဲ့ အဖျားကို ကြသွားတယ်။ အဲ့အချိန် ကံကောင်းလို့မသေတာပါ။ အောက်ပိုင်းတစ်ခုလုံး ကျွန်တော်ဘာမှ ကိုမသိတော့ပါဘူး။ ကျွန်တော်လည်း အော်တာပေါ့ ၊ အဲ့အချိန်မှာ ဒါရိုက်တာ ကိုသန့်ဇင်က ရှုတင်ကားနဲ့ ချက်ချင်းပဲ မေမြို့ဆေးရုံ ကို ကျွန်တော့်ကို ပို့ခဲ့ပါတယ်။ အဲ့အချိန်မှာ ရန်ကုန်မြို့ကို ဆင်းမလားပေါ့ ၊ ဒီမှာတော့ ဆေးမစုံဘူးလို့ပြောတယ်။ ရန်ကုန်အိမ်ရောက်တဲ့အချိန်မှာ သူများတွေက ဒီကောင်တော့ မရတော့ဘူးသွားပြီပေါ့နော်။ ကျွန်တော် ဒီဇာတ်ကားတွေကို ရင်ထဲမှာမေ့လို့မရပါဘူး ။ အဲ့တုန်းကဆိုရင် ခြေတစ်လှမ်းလှမ်းဖို့ကို မျက်ရည်တစ်စက် ကြခဲ့ရပါတယ်။ အဲ့ဘဝတွေကို အမျိူးမျိူး ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အခုဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း ကျွန်တော် ထိန်းနိုင်သွားပြီ ။ လူကောင်းပကတိတော့ မဟုတ်ပေမယ့် စက်ဘီးလည်း ကျွန်တော် ကောင်းကောင်းစီးနိုင်ပါတယ်။ ပထမတော့လူကြမ်းတွေ က မသိဘူးပေါ့။ နောက်တော့ ဆေးရုံကြီးရောက်နေပြီဆိုတာကို သိတော့ ကိုခန့်စည်သူ က အစစရာရာတာဝန်ယူပြီးတော့ ကုသပေးခဲ့ပါတယ်။ ကိုခန့်စည်သူ ကုပေးတဲ့အချိန်မှာ လူကြမ်း ၊မင်းသမီး ၊ မင်းသား ရုပ်ရှင်အစည်းအရုံးကပါ ပံ့ပိုးကူညီခဲ့ပါတယ်။ ကိုမင်းအုပ်စိုးက (၁၅) သိန်းပံ့ပိုးခဲ့ပါတယ်။ အားလုံး သိန်း (၆၀) ကျော်ကုန်ခဲ့ပါတယ်။လူကြမ်း ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်သမား အားလုံး ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ကျွန်တော့်လို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ” – ဇော်သိန်း


ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarCelebrity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top