(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆရာ ကြ်န္ေတာ္က ပုလဲျမိဳ႕နယ္ ရြာေလးတရြာကပါ။ အတူေနျပီးေနာက္ ဘယ္အခ်ိန္ေလာက္စ ကေလးသေႏၶက တည္တာလဲဆရာ။

ေနေကာင္းက်န္းမာေနတဲ့ အရြယ္ေရာက္ျပီး အရြယ္မလြန္ေသးတဲ့ မိန္းကေလး-အမ်ိဳးသမီးတိုင္းမွာ လစဥ္လတိုင္း လလယ္ရက္ေလာက္မယ္ မ်ိဳးဥအိမ္ တဖက္ဖက္ကေန မ-မ်ိဳးဥတခုက် ထြက္ေနမယ္။ ဒါကို မ်ိဳးဥထြက္ျခင္းလို႔ ေခၚတယ္။ ခန္႔မွန္းေျခ ရာသီစလာတဲ့ ေန႔ရဲ႕ ေနာက္ ၂ ပတ္အၾကာမွာျဖစ္မယ္။ မ်ိဳးဥအိမ္ကေန ရင့္မွည့္ေနတဲ့ မ်ိဳးဥထြက္လာတာနဲ႔ သားအိမ္ျပြန္ထဲကို အဖ်ားမွာ လက္ဝါးလိုေနတဲ့ အေပါက္ဝကေန ဝင္လာမယ္။ အဲဒီခရီးအတြင္းမွာ ဗဂ်ိဳင္းနားကေနတဆင့္ သားအိမ္ဝကေန သားအိမ္ထဲဝင္လာမဲ့ က်ားသုက္ပိုးနဲ႔ ေတြ႔လိမ့္မယ္။

ေယာက္်ားတေယာက္ လိင္ဆက္ဆံမႈအဆံုးတိုင္းမွာ သုက္ရည္ေတြ ထြက္တယ္။ တခါထြက္တာထဲမွာ သုက္ေကာင္ေရ သန္း ၄ဝ ကေန သန္း ၁၅ဝ ပါေနမယ္။ အမ်ိဳးသမီး ဗဂ်ိဳင္းနာထဲမွာ အဲလို စြန္႔ထုတ္မႈ ျဖစ္တာနဲ႔ သုက္ပိုးေတြဟာ သားအိမ္ဝကေန သားအိမ္ထဲကို ေရကူးသလို တက္လာၾကမယ္။ မ-မ်ိဳးဥကို အငန္းမရလိုက္ရွာေနၾကတာျဖစ္တယ္။ အျမန္ဆံုး သုက္ပိုးဟာ နာရီဝက္သာ ၾကာတယ္။ ေႏွးတဲ့ေကာင္ေတြက တရက္နဲ႔ မေရာက္ႏိုင္ဘူး။

အမ်ိဳးသမီးကိုယ္ထဲမွာ သုက္ပိုးဟာ ၄၈ နာရီကေန ၇၂ နာရီအထိ ရွင္ေနႏိုင္တယ္။ ပန္းတိုင္အထိကူးလာႏိုင္တဲ့ သုက္ေကာင္ေရ ရာဂဏန္းေလာက္သာရွိတယ္။ တခုတည္းေသာ သုက္ပိုးကေန ရင့္သန္မႈရွိေနတဲ့ မ်ိဳးဥထဲကို ထိုးေဖါက္ ဝင္ေရာက္တာနဲ႔ မ်ိဳးစပ္ျခင္းျဖစ္စဥ္ စတင္ပါေတာ့မယ္။ ဒီျဖစ္စဥ္က ၂၄ နာရီသာၾကာတယ္။ ဒီအခ်ိန္မွာ မခင္ဆီကဗီဇနဲ႔ ဖခင္ဆီကဗီဇေပါင္းစပ္ျပီး ကိုယ္ပိုင္မ်ိဳးဗီဇအသစ္ ပံုေဖၚမႈျပီးဆံုးသြားျပီျဖစ္တယ္။ မိန္းကေလးလား၊ ေယာက္်ားေလးလား သတ္မွတ္လိုက္ျပီ ျဖစ္တယ္။ ကေလးတေယာက္တည္လား အမြာလားျဖစ္ျပီးျပီ။ မ်ိဳးဥအဖံုးနံရံက ေျပာင္းလဲလာျပီး၊ ေနာက္သုက္ပိုးေတြ ဝင္မလာႏိုင္ေတာ့ပါ။

ေပါင္းစပ္ျပီးသားမ်ိဳးဥဟာ (ဆဲလ္) တခုထဲရွိရာကေန ခ်က္ခ်င္း (ဆဲလ္) ကြဲျဖစ္စဥ္ စတင္ပါေတာ့တယ္။ ၁ ခုတည္းကေန ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသျဖင့္ စံုဂဏန္းအရပြါးပြါးလာတယ္။ သားအိမ္ျပြန္ထဲမွာ စုစုေပါင္း ၃-၄ ရက္သာေနျပီး သားအိမ္ထဲ ဆင္းလာတယ္။ ဆင္းမလာပဲေနရင္ေတာ့ သားအိမ္ျပင္ပသေႏၶတည္တာ ျဖစ္လိမ့္မယ္။ သားအိမ္ထဲကို ေရာက္လာတာနဲ႔ ေနရာေကာင္းလိုက္ရွာျပီး တြယ္ကပ္မယ္။ သားအိမ္အတြင္းဆံုးလႊာမွာ ဝင္ေရာက္နစ္ျမဳပ္တြယ္ကပ္တာကို အင္ပလန္႔ေတးရွင္းလို႔ ေခၚတယ္။ တခ်ိဳ႕က အဲလိုျဖစ္ရင္ ေသြးနည္းနည္းေလးဆင္းတတ္တယ္။ (ဆဲလ္) ပြါးျဖစ္စဥ္က ရပ္မေနဘူး။ မ်ားသထက္မ်ားလာမယ္။ သားအိမ္အတြင္းဆံုးလႊာမွာ နစ္ျမဳပ္တြယ္ကပ္တာ ျဖစ္ျပီးေနာက္ (ဆဲလ္) တခ်ိဳ႕က အခ်င္းနဲ႔ (ဆဲလ္) တခ်ိဳ႕က ကေလးျဖစ္လာၾကတယ္။ ကိုယ္ဝန္ေဆာင္တာနဲ႔ ေဟာ္မုန္းေတြအမ်ိဳးမ်ိဳး အခ်ိန္ကိုက္ ထြက္လာမယ္။ သေႏၶတည္ျခင္းျဖစ္စဥ္ ပဌမပတ္မွာ အသစ္ထြက္လာတဲ့ အခ်င္းနဲ႔ဆိုင္တဲ့ ေဟာ္မုုန္းတမ်ိဳးက (hCG) ျဖစ္တယ္။ ဒီေဟာ္မုန္း ေသြးထဲ၊ ဆီးထဲ ပါေနတာကို သိေအာင္ စစ္နည္းနဲ႔ ကိုယ္ဝန္ ရွိေန-မေန စမ္းၾကရတယ္။ အေျဖမွန္ရေအာင္ ၃-၄ ပတ္ေစာင့္ရတယ္။

၄ ပတ္ရွိရင္ ဦးေခါင္း၊ လည္ပင္း၊ မ်က္ႏွာသိသာလာျပီ။ ကေလးရဲ႕ ႏွလံုးဟာ ၅ ပတ္အၾကာမွာ ျဖစ္လာတယ္။ ဦးေႏွာက္၊ ခါးရိုးထဲကအာရံုေၾကာၾကီးေတြလဲ ဆက္တိုက္ျဖစ္ေပၚလာတယ္။ အဆုပ္၊ အသည္း၊ အစာအိမ္၊ အူ စတာေတြ ျဖစ္လာမယ္။

၈ ပတ္ဆိုရင္ သေႏၶသားလို႔ေခၚႏိုင္ျပီ။ အရြယ္အစား လကၼဝက္မက ရွိလာျပီ။ ပါးစပ္၊ ႏွာေခါင္း ပီျပင္လာျပီ။

၁၂ ပတ္ေရာက္ရင္ ၂ လကၼရွိျပီ။ လႈပ္ရွားမႈစလာျပီ။ မိခင္ေလာင္က မသိေသးဘူး။ ၂ဝ ပတ္ေရာက္မွသိမယ္။ ဆီးစပ္ရိုးမွာ တခုခု ခံေနတာ (သားအိမ္အျမင့္ဆံုးေနရာ) ကိုစမ္းလို႔ ေတြ႔ႏိုင္ျပီ။ ကရိယာနဲ႔စမ္းရင္ ႏွလံုးအလုပ္လုပ္ေနတာသိမယ္။ က်ား-မ ခြဲလို႔သိမယ္။

၁၆ ပတ္ရွိရင္ ၄႕၃ ကေန ၄႕၆ လကၼရွိလာျပီ။ ၃႕၅ ေအာင္စေလးေနျပီ။ ဗိုက္ကိုစမ္းရင္ ဆီးစပ္ရိုးနဲ႔ ခ်က္ၾကားအထိ သားအိမ္က ျမင့္တက္ေနျပီ။

၂ဝ ပတ္ဆိုရင္ သားအိမ္အျမင့္က ခ်က္ေအာက္တည့္တည့္မွာေရာက္လာျပီ။ ၆ လကၼရွိျပီ။ မေအက အထဲမွာ ကေလးလႈတ္တာ သိႏိုင္ျပီ။ (အာလ္ထြာေဆာင္း) ရိုက္တာကို အမ်ားအားျဖင့္ ၂ဝ ပတ္မွာ လုပ္တယ္။

၂၄ ပတ္ရွိရင္ ၁႕၄ ေပါင္ေလးေနျပီ။

၂၈ ပတ္မွာ ၂ ေပါင္ ၆ ေအာင္စေလးျပီ။ ကေလးက အထဲမွာ အေနအထား အမ်ိဳးမ်ိဳးေျပာင္းေနမယ္။ အခ်ိန္ေစာေမြးတာ ျဖစ္လာရင္လည္း ရွင္ႏိုင္စြမ္းရွိလာေနျပီ။

၃၂ ပတ္ဆိုရင္ ၄ ေပါင္ေလးျပီ။ အေရျပားေပာက္မွာ အဆီစုလာရာကေန အေရးအေၾကာင္းေလးေတြ ျဖစ္လာႏိုင္ျပီ။

၃၆ ပတ္ အေၾကာင္းခံအမ်ိဳးမ်ိဳးေၾကာင့္ ကေလးအရြယ္အစားအမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္။ ပ်မ္းမွ် ၆ ေပါင္ေလးျပီး၊ ၁၈႕၅ လကၼ ရွည္မယ္။

၃၇ ပတ္ျပည့္တာကို ကိုယ္ဝန္အျပည့္သက္တမ္းလို႔ ေခၚႏိုင္တယ္။ မွတ္တမ္းမွာ ၄ဝ ပတ္ကို ခန္႔မွန္းေျခေမြးမဲ့ရက္လို႔ တြက္ေပးထားမယ္။ တကယ္ေမြးမွာက ၃၈ ပတ္ကေန ၄၂ ပတ္အတြင္း ျဖစ္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. တင့္ေဆြ

#Unicode Version#
ဆရာ ကျွန်တော်က ပုလဲမြို့နယ် ရွာလေးတရွာကပါ။ အတူနေပြီးနောက် ဘယ်အချိန်လောက်စ ကလေးသန္ဓေက တည်တာလဲဆရာ။

နေကောင်းကျန်းမာနေတဲ့ အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေး-အမျိုးသမီးတိုင်းမှာ လစဉ်လတိုင်း လလယ်ရက်လောက်မယ် မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခုကျ ထွက်နေမယ်။ ဒါကို မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေ ရာသီစလာတဲ့ နေ့ရဲ့ နောက် ၂ ပတ်အကြာမှာဖြစ်မယ်။ မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ ဗဂျိုင်းနားကနေတဆင့် သားအိမ်ဝကနေ သားအိမ်ထဲဝင်လာမဲ့ ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။

ယောက်ျားတယောက် လိင်ဆက်ဆံမှုအဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက်ကောင်ရေ သန်း ၄ဝ ကနေ သန်း ၁၅ဝ ပါနေမယ်။ အမျိုးသမီး ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်မှု ဖြစ်တာနဲ့ သုက်ပိုးတွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရလိုက်ရှာနေကြတာဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။

အမျိုးသမီးကိုယ်ထဲမှာ သုက်ပိုးဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ပန်းတိုင်အထိကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာရှိတယ်။ တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့ မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။ ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ မခင်ဆီကဗီဇနဲ့ ဖခင်ဆီကဗီဇပေါင်းစပ်ပြီး ကိုယ်ပိုင်မျိုးဗီဇအသစ် ပုံဖေါ်မှုပြီးဆုံးသွားပြီဖြစ်တယ်။ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ ကလေးတယောက်တည်လား အမွာလားဖြစ်ပြီးပြီ။ မျိုးဥအဖုံးနံရံက ပြောင်းလဲလာပြီး၊ နောက်သုက်ပိုးတွေ ဝင်မလာနိုင်တော့ပါ။

ပေါင်းစပ်ပြီးသားမျိုးဥဟာ (ဆဲလ်) တခုထဲရှိရာကနေ ချက်ချင်း (ဆဲလ်) ကွဲဖြစ်စဉ် စတင်ပါတော့တယ်။ ၁ ခုတည်းကနေ ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသဖြင့် စုံဂဏန်းအရပွါးပွါးလာတယ်။ သားအိမ်ပြွန်ထဲမှာ စုစုပေါင်း ၃-၄ ရက်သာနေပြီး သားအိမ်ထဲ ဆင်းလာတယ်။ ဆင်းမလာပဲနေရင်တော့ သားအိမ်ပြင်ပသန္ဓေတည်တာ ဖြစ်လိမ့်မယ်။ သားအိမ်ထဲကို ရောက်လာတာနဲ့ နေရာကောင်းလိုက်ရှာပြီး တွယ်ကပ်မယ်။ သားအိမ်အတွင်းဆုံးလွှာမှာ ဝင်ရောက်နစ်မြုပ်တွယ်ကပ်တာကို အင်ပလန့်တေးရှင်းလို့ ခေါ်တယ်။ တချို့က အဲလိုဖြစ်ရင် သွေးနည်းနည်းလေးဆင်းတတ်တယ်။ (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက်များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်းနဲ့ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေအမျိုးမျိုး အချိန်ကိုက် ထွက်လာမယ်။ သန္ဓေတည်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ်စောင့်ရတယ်။

၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာသိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲကအာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသည်း၊ အစာအိမ်၊ အူ စတာတွေ ဖြစ်လာမယ်။

၈ ပတ်ဆိုရင် သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစား လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။

၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုပ်ရှားမှုစလာပြီ။ မိခင်လောင်က မသိသေးဘူး။ ၂ဝ ပတ်ရောက်မှသိမယ်။ ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာသိမယ်။ ကျား-မ ခွဲလို့သိမယ်။

၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။

၂ဝ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပတ်မှာ လုပ်တယ်။

၂၄ ပတ်ရှိရင် ၁့၄ ပေါင်လေးနေပြီ။

၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာ ဖြစ်လာရင်လည်း ရှင်နိုင်စွမ်းရှိလာနေပြီ။

၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားပောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။

၃၆ ပတ် အကြောင်းခံအမျိုးမျိုးကြောင့် ကလေးအရွယ်အစားအမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မ ရှည်မယ်။

၃၇ ပတ်ပြည့်တာကို ကိုယ်ဝန်အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ မှတ်တမ်းမှာ ၄ဝ ပတ်ကို ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ်အတွင်း ဖြစ်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. တင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top