၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

မဂၤလာပြဲႀကိဳ ဓာတ္ပံု မ်ားကို ပုဂံအပါအဝင္ ေနရာသံုး ေနရာ၌ သြားေရာက္႐ိုက္ကူးထား ေသာ စႏၵီျမင့္လြင္က ၂၀၁၈ မတ္လ၌ မဂၤလာပြဲက်င္းပမည္ျဖစ္ သည္။

‘‘ဒီးဒီ စိတ္ကူးယဥ္ထားတာ ကေတာ့ ပြဲေတြအမ်ားႀကီးမလုပ္ ခ်င္ဘူး။ ေအးေအးေလးနဲ႔ သူငယ္ ခ်င္းေတြနဲ႔ က်စ္က်စ္လ်စ္လ်စ္နဲ႔ ေပ်ာ္စရာေကာင္းတဲ့ Dinner ပြဲေလးပြဲလုပ္ခ်င္တယ္။ ႐ိုး႐ိုး လက္မွတ္ထိုးၿပီး Dinner ပြဲလုပ္ ခ်င္တာ။ ဒါေပမဲ့ လူႀကီးေတြက ျမန္မာထိုင္မသိမ္းနဲ႔ ထြက္တာမ်ိဳး ကို လုပ္ေစခ်င္တယ္’’ဟု မဂၤလာ ပြဲ အစီအစဥ္ႏွင့္ပတ္သက္၍ စႏၵီ ျမင့္လြင္က ေျပာသည္။

မဂၤလာဧည့္ခံပြဲကို ႏိုဗိုတယ္ ဟိုတယ္တြင္ မတ္လလယ္၌ ျပဳ လုပ္မည္ျဖစ္ကာ ညစာစားပြဲကို Lotte ဟိုတယ္၌ ျပဳလုပ္မည္ျဖစ္ သည္။

‘‘သူ႔နာမည္က ကိုသီဟလြင္ ပါ။ သူက သေဘာထားလည္းႀကီး တယ္။ ကိုယ့္ကိုုလည္း နားလည္ ေပးတယ္။ တန္ဖိုးလည္းထား တယ္။ ဒီးဒီလည္း ငယ္ေတာ့ မငယ္ေတာ့ဘူး။ အသက္အရြယ္တစ္ခု အရ စဥ္းစားရမယ့္ အခ်ိန္လည္း ျဖစ္ေနၿပီဆုိေတာ့ ႏွလံုးသားေရာ၊ ဦးေႏွာက္ေရာ ႏွစ္ခုစလံုးနဲ႔ ဒီခ်စ္သူကို ေရြးခ်ယ္ခဲ့တာပါ’’ဟု သတို႔ သားေလာင္းႏွင့္ပတ္သက္၍ စႏၵီ ျမင့္လြင္က ေျပာသည္။

ခ်စ္သူသက္တမ္း တစ္ႏွစ္ခြဲ တြင္ လက္ထပ္ရန္ စီစဥ္ခဲ့ၿပီး မဂၤလာပြဲႀကိဳဓာတ္ပံုမ်ားကို ၎ ၏ စိတ္ကူးအတုိင္း ပုဂံတြင္ ေရွးေခတ္ျမန္မာဝတ္စံုမ်ားျဖင့္ သြားေရာက္႐ိုက္ကူးခဲ့သလို ဘန္ ေကာက္ႏွင့္ ရန္ကုန္ၿမိဳ႕၌လည္း ႐ိုက္ကူးထားေၾကာင္း ၎က ဆုိသည္။

‘‘သူက လူငယ္လည္းျဖစ္လို႔ လား မသိဘူး။ ဒီးဒီအေပၚမွာ အရမ္းလည္း သေဘာထားႀကီး တယ္။ နားလည္မႈအျပည့္ (ရာႏႈန္းျပည့္)ေပးတယ္။ လိုက္ခ်ဳပ္ခ်ယ္ ေနတာမရွိဘူး။ ဒီးဒီ ဒီအလုပ္ကို ဆက္လုပ္ေစခ်င္တယ္ဆုိလည္း အခ်ိန္တုိင္း Support (ေထာက္ပံ့) ေပးမယ္။ မလုပ္ခ်င္ရင္လည္း ရတယ္ေပါ့။ ဒီးဒီစိတ္ခ်မ္းသာ သလို ေနခုိင္းတယ္’’ဟု စႏၵီျမင့္ လြင္က ေျပာသည္။

အိမ္ေထာင္ျပဳၿပီးခ်ိန္တြင္ အႏုပညာအလုပ္မ်ား    ဆက္ လက္လုပ္ကိုင္မည္ျဖစ္ၿပီး ဇန္နဝါရီအတြင္း ဆုိဖီယာႏွင့္ သီဆိုထားသည့္ သီခ်င္းတစ္ပုဒ္ကို အြန္လုိင္းက ျဖန္႔ခ်ိရန္ အစီအစဥ္ရွိ ေၾကာင္း ၎ကဆုိသည္။

‘‘ဒီးဒီက အိမ္ေထာင္ျပဳေတာ့ မယ္ဆုိေပမယ့္ ပရိသတ္ရဲ႕ အ ေဝးကို ထြက္သြားတာမဟုတ္ပါ ဘူး။ ပရိသတ္ရဲ႕ အနီးဆံုးေနရာ မွာရွိေနမွာပါ။ ဒီးဒီရဲ႕ ဘဝသက္ တမ္း တစ္ဝက္ေလာက္က သီခ်င္းေတြနဲ႔ အႏုပညာအလုပ္ေတြနဲ႔ပဲ ႀကီးျပင္းလာရတာဆုိေတာ့ သီခ်င္းသစ္ေတြ၊ အႏုပညာနဲ႔ ဆက္စပ္တဲ့ အလုပ္ေတြ အမ်ား ႀကီးလုပ္သြားဦးမွာပါ။ ဒီးဒီကို လည္း ဆက္ၿပီးအားေပးၾကပါ’’ဟု စႏၵီျမင့္လြင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
မင်္ဂလာပွဲကြို ဓာတ်ပုံ များကို ပုဂံအပါအဝင် နေရာသုံး နေရာ၌ သွားရောက်ရိုက်ကူးထား သော စန္ဒီမြင့်လွင်က ၂၀၁၈ မတ်လ၌ မင်္ဂလာပွဲကျင်းပမည်ဖြစ် သည်။

‘‘ဒီးဒီ စိတ်ကူးယဉ်ထားတာ ကတော့ ပွဲတွေအများကြီးမလုပ် ချင်ဘူး။ အေးအေးလေးနဲ့ သူငယ် ချင်းတွေနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ပျော်စရာကောင်းတဲ့ Dinner ပွဲလေးပွဲလုပ်ချင်တယ်။ ရိုးရိုး လက်မှတ်ထိုးပြီး Dinner ပွဲလုပ် ချင်တာ။ ဒါပေမဲ့ လူကြီးတွေက မြန်မာထိုင်မသိမ်းနဲ့ ထွက်တာမျိုး ကို လုပ်စေချင်တယ်’’ဟု မင်္ဂလာ ပွဲ အစီအစဉ်နှင့်ပတ်သက်၍ စန္ဒီ မြင့်လွင်က ပြောသည်။

မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ် ဟိုတယ်တွင် မတ်လလယ်၌ ပြု လုပ်မည်ဖြစ်ကာ ညစာစားပွဲကို Lotte ဟိုတယ်၌ ပြုလုပ်မည်ဖြစ် သည်။

‘‘သူ့နာမည်က ကိုသီဟလွင် ပါ။ သူက သဘောထားလည်းကြီး တယ်။ ကိုယ့်ကိုုလည်း နားလည် ပေးတယ်။ တန်ဖိုးလည်းထား တယ်။ ဒီးဒီလည်း ငယ်တော့ မငယ်တော့ဘူး။ အသက်အရွယ်တစ်ခု အရ စဉ်းစားရမယ့် အချိန်လည်း ဖြစ်နေပြီဆိုတော့ နှလုံးသားရော၊ ဦးနှောက်ရော နှစ်ခုစလုံးနဲ့ ဒီချစ်သူကို ရွေးချယ်ခဲ့တာပါ’’ဟု သတို့ သားလောင်းနှင့်ပတ်သက်၍ စန္ဒီ မြင့်လွင်က ပြောသည်။

ချစ်သူသက်တမ်း တစ်နှစ်ခွဲ တွင် လက်ထပ်ရန် စီစဉ်ခဲ့ပြီး မင်္ဂလာပွဲကြိုဓာတ်ပုံများကို ၎င်း ၏ စိတ်ကူးအတိုင်း ပုဂံတွင် ရှေးခေတ်မြန်မာဝတ်စုံများဖြင့် သွားရောက်ရိုက်ကူးခဲ့သလို ဘန် ကောက်နှင့် ရန်ကုန်မြို့၌လည်း ရိုက်ကူးထားကြောင်း ၎င်းက ဆိုသည်။

‘‘သူက လူငယ်လည်းဖြစ်လို့ လား မသိဘူး။ ဒီးဒီအပေါ်မှာ အရမ်းလည်း သဘောထားကြီး တယ်။ နားလည်မှုအပြည့် (ရာနှုန်းပြည့်)ပေးတယ်။ လိုက်ချုပ်ချယ် နေတာမရှိဘူး။ ဒီးဒီ ဒီအလုပ်ကို ဆက်လုပ်စေချင်တယ်ဆိုလည်း အချိန်တိုင်း Support (ထောက်ပံ့) ပေးမယ်။ မလုပ်ချင်ရင်လည်း ရတယ်ပေါ့။ ဒီးဒီစိတ်ချမ်းသာ သလို နေခိုင်းတယ်’’ဟု စန္ဒီမြင့် လွင်က ပြောသည်။

အိမ်ထောင်ပြုပြီးချိန်တွင် အနုပညာအလုပ်များ    ဆက် လက်လုပ်ကိုင်မည်ဖြစ်ပြီး ဇန်နဝါရီအတွင်း ဆိုဖီယာနှင့် သီဆိုထားသည့် သီချင်းတစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။

‘‘ဒီးဒီက အိမ်ထောင်ပြုတော့ မယ်ဆိုပေမယ့် ပရိသတ်ရဲ့ အ ဝေးကို ထွက်သွားတာမဟုတ်ပါ ဘူး။ ပရိသတ်ရဲ့ အနီးဆုံးနေရာ မှာရှိနေမှာပါ။ ဒီးဒီရဲ့ ဘဝသက် တမ်း တစ်ဝက်လောက်က သီချင်းတွေနဲ့ အနုပညာအလုပ်တွေနဲ့ပဲ ကြီးပြင်းလာရတာဆိုတော့ သီချင်းသစ်တွေ၊ အနုပညာနဲ့ ဆက်စပ်တဲ့ အလုပ်တွေ အများ ကြီးလုပ်သွားဦးမှာပါ။ ဒီးဒီကို လည်း ဆက်ပြီးအားပေးကြပါ’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top