ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေတာင္သူႀကီး ဦးေက်ာ္၀င္း၏ ေမြးေန႔တြင္ ႀကိဳတင္စ်ာပနပြဲ က်င္းပေနစဥ္ (ဓာတ္ပံု − မ်ဳိးမင္းဦး)

 မုံရြာၿမိဳ႕နယ္ ေအာင္သာ ေက်းရြာမွ ေတာင္သူႀကီး ဦးေက်ာ္ ၀င္း၏ (၆၂)ႏွစ္ျပည့္ ေမြးေန႔တြင္ သက္ရွိထင္ရွား သရဏဂုံေဆာက္တည္သည့္ အေနျဖင့္ ႀကိဳတင္စ်ာပနပဲြက်င္းပခဲ့သည္။

ေတာင္သူႀကီး ဦးေက်ာ္၀င္း သည္ ဇန္န၀ါရီ ၆ ရက္(ျပာသို လျပည့္ေက်ာ္ ၅ ရက္)က(၆၂)ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္ နံနက္တြင္ ဆရာေတာ္ သံဃာ ေတာ္မ်ားအား ပင့္ဖိတ္၍သက္ရွိ ထင္ရွား သရဏဂုံေဆာက္တည္ ကာလွဴဖြယ္ပစၥည္းမ်ား လွဴဒါန္းၿပီး မြန္းလဲြတြင္ ဧယင္က်ဴးျခင္း၊ အေလာင္းထုတ္ျခင္း၊ ဂူသြင္းသၿဂႋဳဟ္ျခင္းစသည့္ ႀကိဳတင္စ်ာပန အ ခမ္းအနား က်င္းပခဲ့သည္။

‘‘မေသခင္ ကိုယ့္သရဏဂုံ ကိုယ္တည္ၿပီး သာဓုအႏုေမာဒနာ ေခၚယူတာ ျမင္ေတြ႕သြားရတာဆုိ ရင္ ကိုယ့္စိတ္ပီတိျဖစ္တာေပါ့။ ေနာင္တစ္ခ်ိန္ ဘယ္လုိပဲေသေသ၊ ဘယ္အခ်ိန္ပဲေသေသ အေသ ေျဖာင့္တာေပါ့။ အသက္ထြက္ခါ နီး အယူမမွားဘဲ အေသေျဖာင့္ တာေပါ့။ ငါ့သရဏဂုံငါတည္ၿပီး ၿပီပဲဆိုတဲ့ ခံယူခ်က္ပါ’’ဟု ဦးေက်ာ္၀င္းက ေျပာသည္။

ႀကိဳတင္စ်ာပနအခမ္းအနား မက်င္းပမီ ေန႔ရက္မ်ားတြင္ ရပ္ နီးရပ္ေ၀းမွ ေဆြမ်ဳိးမိတ္ေဆြမ်ားကုိ ဘာသာေရး၊ ႏုိင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ ပုဂၢိဳလ္ေရးဆုိင္ရာတို႔ တြင္ သံသယကင္းရွင္းေစရန္ ေျဖရွင္းရန္ရွိပါက လာေရာက္ေမး ျမန္းေျဖရွင္းရန္ ယမန္ႏွစ္ ႏုိ၀င္ဘာလကုန္ရက္ပိုင္းမွစတင္၍ အသိေပးအေၾကာင္းၾကားစာမ်ား ျဖန္႔ေ၀ခဲ့ေသာ္လည္း လာေရာက္ေမးျမန္း ေျဖရွင္းသူမရွိခဲ့ေၾကာင္း ၎က ဆုိသည္။

‘‘လူဆုိတာေသမယ္ဆိုတာ သိထားၾကေပမယ့္ ဒါမ်ဳိးေသမွာ ကို မေၾကာက္ဘူးဆိုတဲ့ အသိရွိတဲ့ အေဖအတြက္ဂုဏ္ယူပါတယ္’ ’ဟု ဦးေက်ာ္၀င္း၏သား ကိုလႈိင္ကို၀င္းက ေျပာသည္။

မုံရြာၿမိဳ႕နယ္ ေအာင္သာ ေက်းရြာအေရွ႕ဘက္ရွိ ေတာင္သူ ႀကီး ဦးေက်ာ္၀င္း ပိုင္ဆုိင္ေသာ လယ္ေတာအတြင္း အုတ္ဂူတြင္ ‘အနိစၥ၊ ဒုကၡ၊ အနတၱ သခၤါရ ကၽြႏု္ပ္ေနာက္ ဘာမွ်မပါ၊ ကုိယ့္သမုိင္းကိုယ္ေရးၾကသည္’ ‘အပၸမာေဒန သမၼာေဒထ’ ‘မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္ ျဖဴစင္စိတ္ကိုထား’ ‘ကိုယ့္ေနာက္ပါမည္က ဒါန၊ သီလ၊ ဘာ၀နာ၊ ဇနိတံပါကံ ဇေနတိ’ ‘မွန္ကန္ေျဖာင့္မတ္၍ တာ၀န္ေက်ၿပီး မိမိကို အျပစ္မရွိဟု ယုံၾကည္ေသာသူသည္ ေသမည္ကိုမေၾကာက္ပါ။ ေသသူကေသ၍ ေသၿပီးပါၿပီ။ က်န္ရစ္သူမ်ားမွ ပူေဆြးေသာကမျဖစ္ပါႏွင့္၊ ကိုယ့္ကိုယ္ကုိယ္ေကာင္းေအာင္ ေနထုိင္ရစ္ပါ။ တစ္ေန႔ မုခ်ေသၾကရမည္’ စသည့္ စာသားမ်ား စက်င္ေက်ာက္ျပားမ်ားျဖင့္   ေရးသားထားသည္။

ႀကိဳတင္စ်ာပန အခမ္းအနား တြင္ ဧယင္က်ဴးခဲ့ေသာ မုံရြာၿမိဳ႕ ေဒသခံ အၿငိမ့္မင္းသမီး ၀ုိင္း၀ုိင္း လည္က ‘‘အၿငိမ့္မင္းသမီး တစ္ ေယာက္အေနနဲ႔ ဧယင္က်ဴးခဲ့တာ ၁၄ ႏွစ္ရွိၿပီ။ အသက္မေသခင္ စ်ာပနပဲြက်င္းပတာေတာ့ ႏွစ္ႀကိမ္ႀကံဳဖူးတယ္။ တစ္ခါက ေဖာင္းျပင္ၿမိဳ႕နယ္က ဆရာေတာ္ႀကီးတစ္ပါး မပ်ံလြန္ခင္အခ်ိန္မွာ ႀကိဳတင္ၿပီး ဘုန္းႀကီးပ်ံ က်င္းပခဲ့တာ။ လူပုဂၢိဳလ္အေနနဲ႔ အသက္မေသခင္ ႀကိဳတင္စ်ာပနက်င္းပတာေတာ့ ဦးေက်ာ္၀င္းက ပထမဆုံးအႀကိမ္ေပါ့’’ဟု ေျပာသည္။

ေတာင္သူႀကီးဦးေက်ာ္၀င္း ၏ (၆၂)ႏွစ္ျပည့္ ေမြးေန႔အထိမ္း အမွတ္ သဇီ၀သရဏဂုံ(သက္ရွိ ထင္ရွား သရဏဂုံေဆာက္တည္ သူ) ႀကိဳတင္စ်ာပန အထိမ္းအ မွတ္အျဖစ္ ဇန္န၀ါရီ ၅ ရက္ ည၌ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မွ ဆရာေတာ္ႀကီးႏွစ္ပါးက သံေ၀ဂတရားေတာ္၊ နိဗၺာန္ေရာက္ေၾကာင္း တရားေတာ္မ်ား ခ်ီးျမႇင့္ခဲ့သည္။

ဇန္န၀ါရီ ၆ ရက္တြင္ ေမြးေန႔အထိမ္းအမွတ္ ႀကိဳတင္စ်ာပနအခမ္းအနားကုိ မုံရြာၿမိဳ႕ ေရႊညီအစ္မဆုိင္းျဖင့္ ဧည့္ခံေဖ်ာ္ေျဖၿပီး အနီး၀န္းက်င္မွ လာေရာက္သူမ်ားအား စတုဒိသာထမင္း ေကၽြးေမြးဧည့္ခံခဲ့သည္။

ဦးေက်ာ္၀င္းသည္ သမီးဘဲြ႕ယူစဥ္ကလည္း လွည္းယဥ္ေၾကာ့ျဖင့္ ဘဲြ႕ႏွင္းသဘင္ အခမ္းအနား တက္ေရာက္မႈေၾကာင့္ လူသိမ်ားခဲ့သူျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
တောင်သူကြီး ဦးကျော်ဝင်း၏ မွေးနေ့တွင် ကြိုတင်ဈာပနပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာမြို့နယ် အောင်သာ ကျေးရွာမှ တောင်သူကြီး ဦးကျော် ဝင်း၏ (၆၂)နှစ်ပြည့် မွေးနေ့တွင် သက်ရှိထင်ရှား သရဏဂုံဆောက်တည်သည့် အနေဖြင့် ကြိုတင်ဈာပနပွဲကျင်းပခဲ့သည်။

တောင်သူကြီး ဦးကျော်ဝင်း သည် ဇန်နဝါရီ ၆ ရက်(ပြာသို လပြည့်ကျော် ၅ ရက်)က(၆၂)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နံနက်တွင် ဆရာတော် သံဃာ တော်များအား ပင့်ဖိတ်၍သက်ရှိ ထင်ရှား သရဏဂုံဆောက်တည် ကာလှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး မွန်းလွဲတွင် ဧယင်ကျူးခြင်း၊ အလောင်းထုတ်ခြင်း၊ ဂူသွင်းသင်္ဂြိုဟ်ခြင်းစသည့် ကြိုတင်ဈာပန အ ခမ်းအနား ကျင်းပခဲ့သည်။

‘‘မသေခင် ကိုယ့်သရဏဂုံ ကိုယ်တည်ပြီး သာဓုအနုမောဒနာ ခေါ်ယူတာ မြင်တွေ့သွားရတာဆို ရင် ကိုယ့်စိတ်ပီတိဖြစ်တာပေါ့။ နောင်တစ်ချိန် ဘယ်လိုပဲသေသေ၊ ဘယ်အချိန်ပဲသေသေ အသေ ဖြောင့်တာပေါ့။ အသက်ထွက်ခါ နီး အယူမမှားဘဲ အသေဖြောင့် တာပေါ့။ ငါ့သရဏဂုံငါတည်ပြီး ပြီပဲဆိုတဲ့ ခံယူချက်ပါ’’ဟု ဦးကျော်ဝင်းက ပြောသည်။

ကြိုတင်ဈာပနအခမ်းအနား မကျင်းပမီ နေ့ရက်များတွင် ရပ် နီးရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများကို ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတို့ တွင် သံသယကင်းရှင်းစေရန် ဖြေရှင်းရန်ရှိပါက လာရောက်မေး မြန်းဖြေရှင်းရန် ယမန်နှစ် နိုဝင်ဘာလကုန်ရက်ပိုင်းမှစတင်၍ အသိပေးအကြောင်းကြားစာများ ဖြန့်ဝေခဲ့သော်လည်း လာရောက်မေးမြန်း ဖြေရှင်းသူမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘လူဆိုတာသေမယ်ဆိုတာ သိထားကြပေမယ့် ဒါမျိုးသေမှာ ကို မကြောက်ဘူးဆိုတဲ့ အသိရှိတဲ့ အဖေအတွက်ဂုဏ်ယူပါတယ်’ ’ဟု ဦးကျော်ဝင်း၏သား ကိုလှိုင်ကိုဝင်းက ပြောသည်။

မုံရွာမြို့နယ် အောင်သာ ကျေးရွာအရှေ့ဘက်ရှိ တောင်သူ ကြီး ဦးကျော်ဝင်း ပိုင်ဆိုင်သော လယ်တောအတွင်း အုတ်ဂူတွင် ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ သင်္ခါရ ကျွနု်ပ်နောက် ဘာမျှမပါ၊ ကိုယ့်သမိုင်းကိုယ်ရေးကြသည်’ ‘အပ္ပမာဒေန သမ္မာဒေထ’ ‘မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူစင်စိတ်ကိုထား’ ‘ကိုယ့်နောက်ပါမည်က ဒါန၊ သီလ၊ ဘာဝနာ၊ ဇနိတံပါကံ ဇနေတိ’ ‘မှန်ကန်ဖြောင့်မတ်၍ တာဝန်ကျေပြီး မိမိကို အပြစ်မရှိဟု ယုံကြည်သောသူသည် သေမည်ကိုမကြောက်ပါ။ သေသူကသေ၍ သေပြီးပါပြီ။ ကျန်ရစ်သူများမှ ပူဆွေးသောကမဖြစ်ပါနှင့်၊ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် နေထိုင်ရစ်ပါ။ တစ်နေ့ မုချသေကြရမည်’ စသည့် စာသားများ စကျင်ကျောက်ပြားများဖြင့်   ရေးသားထားသည်။

ကြိုတင်ဈာပန အခမ်းအနား တွင် ဧယင်ကျူးခဲ့သော မုံရွာမြို့ ဒေသခံ အငြိမ့်မင်းသမီး ဝိုင်းဝိုင်း လည်က ‘‘အငြိမ့်မင်းသမီး တစ် ယောက်အနေနဲ့ ဧယင်ကျူးခဲ့တာ ၁၄ နှစ်ရှိပြီ။ အသက်မသေခင် ဈာပနပွဲကျင်းပတာတော့ နှစ်ကြိမ်ကြုံဖူးတယ်။ တစ်ခါက ဖောင်းပြင်မြို့နယ်က ဆရာတော်ကြီးတစ်ပါး မပျံလွန်ခင်အချိန်မှာ ကြိုတင်ပြီး ဘုန်းကြီးပျံ ကျင်းပခဲ့တာ။ လူပုဂ္ဂိုလ်အနေနဲ့ အသက်မသေခင် ကြိုတင်ဈာပနကျင်းပတာတော့ ဦးကျော်ဝင်းက ပထမဆုံးအကြိမ်ပေါ့’’ဟု ပြောသည်။

တောင်သူကြီးဦးကျော်ဝင်း ၏ (၆၂)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ် သဇီဝသရဏဂုံ(သက်ရှိ ထင်ရှား သရဏဂုံဆောက်တည် သူ) ကြိုတင်ဈာပန အထိမ်းအ မှတ်အဖြစ် ဇန်နဝါရီ ၅ ရက် ည၌ရန်ကုန်နှင့် မန္တလေးမြို့မှ ဆရာတော်ကြီးနှစ်ပါးက သံဝေဂတရားတော်၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ချီးမြှင့်ခဲ့သည်။

ဇန်နဝါရီ ၆ ရက်တွင် မွေးနေ့အထိမ်းအမှတ် ကြိုတင်ဈာပနအခမ်းအနားကို မုံရွာမြို့ ရွှေညီအစ်မဆိုင်းဖြင့် ဧည့်ခံဖျော်ဖြေပြီး အနီးဝန်းကျင်မှ လာရောက်သူများအား စတုဒိသာထမင်း ကျွေးမွေးဧည့်ခံခဲ့သည်။

ဦးကျော်ဝင်းသည် သမီးဘွဲ့ယူစဉ်ကလည်း လှည်းယဉ်ကြော့ဖြင့် ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက်မှုကြောင့် လူသိများခဲ့သူဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top