၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

တားေဆးေတြဟာ ကေလးမရေအာင္ ကာကြယ္ေပးႏိုင္တယ္ ဆိုေပမယ့္ တစ္ခါတစ္ရံ မထင္မွတ္ဘဲ ကိုယ္ဝန္ရွိသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလို တားေဆးေသာက္ရင္း ကေလးရသြားသူေတြကို ေမးျမန္းၾကည့္တဲ့အခါ ေဆးကို ပံုမွန္ေသာက္ေနသူမ်ားျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ ဘယ္လို အေျခအေနမ်ိဳးမွာ တားေဆးရဲ႕အာနိသင္ ဆုတ္ယုတ္တတ္သလဲဆိုတာ သိထားသင့္ပါတယ္။

1.      ေဆးေသာက္ၿပီးၿပီးခ်င္း အန္ျခင္း

          ေဆးေသာက္ၿပီး 2 နာရီအတြင္း အန္တာ၊ ဒါမွမဟုတ္ 24 နာရီေက်ာ္ေအာင္ ဝမ္းသြားေနတာမ်ိဳး ရွိပါက ေသာက္ထားတဲ့ ေဆးရဲ႕အာနိသင္ ရမွာမဟုတ္ပါဘူး။ တစ္လံုးေလာက္ လြတ္ျခင္းဟာ အေၾကာင္း မဟုတ္ေပမယ့္ ဆက္တိုက္ 2 လံုးထက္ ပိုလြတ္လာၿပီဆိုရင္ေတာ့ ကေလးရဖို႔လမ္းစ ပိုမ်ားလာပါၿပီ။

2.      ေဆးတစ္မ်ိဳးမ်ိဳး ေသာက္ေနရျခင္း

          တားေဆးေသာက္ေနခ်ိန္မွာ သတိထားရမယ့္ ေဆးကေတာ့ Rifampicin လို႔ေခၚတဲ့ တီဘီေဆးပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မႈိပိုးသတ္ေဆး၊ HIV ေဆးနဲ႔ အတက္က်ေဆးမ်ား ေသာက္ေနရပါက တားေဆးရဲ႕အာနိသင္ ယုတ္ေလ်ာ့ေစႏိုင္တဲ့အတြက္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

3.      ေဆးကို အပူထဲ ထားမိျခင္း

          ေဆးကို ကားထဲ၊ အိတ္ထဲ၊ ေရခ်ိဳးခန္းထဲ စတဲ့ အပူခ်ိန္ 77°C ထက္ ပူေႏြးတဲ့ေနရာမ်ားမွာ ထားမိပါက ေဆးရဲ႕အာနိသင္ ေလ်ာ့က်ႏိုင္ပါတယ္။ ဒါေၾကာင့္ မေသခ်ာရင္ ေဆးေနာက္တစ္ကတ္ မေျပာင္းမီစပ္ၾကား ကြန္ဒံုးလုိ အကာအကြယ္တစ္မ်ဳိးမ်ိဳး သံုးသင့္ပါတယ္။

4.      St John's Wort ေခၚ သဘာဝေဆးဖက္ဝင္အပင္

          ဒီေဆးဖက္ဝင္အပင္ဟာ စိတ္က်ေဝဒနာရွင္ေတြအတြက္ ေကာင္းေပမယ့္ အမ်ိဳးသမီးေဟာ္မုန္း Estrogen ပါဝင္တဲ့ တားေဆးနဲ႔ တြဲေသာက္မိတဲ့အခါ ကိုယ္ဝန္ရွိဖို႔ အလားအလာ မ်ားေစႏိုင္ပါတယ္။

5.      ေဆးေသာက္ဖို႔ ေမ့ေနတတ္ျခင္း

          ေဆးမွန္မွန္ မေသာက္ျခင္း၊ ၫႊန္ျပထားတဲအတိုင္း မေသာက္ျခင္းဟာ ကေလးရေစဖို႔ နံပါတ္ 1 အေၾကာင္းရင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ေဆးေသာက္မိ၊ မေသာက္မိ မေဝခြဲႏိုင္ခဲ့ရင္ ေဆးဆက္ေသာက္တဲ့အျပင္ ကြန္ဒံုးကို  ေမ့တဲ့ရက္ကစၿပီး 7 ရက္တိတိ အသံုးျပဳသင့္ပါတယ္။

6.      ေဆး စေသာက္ခ်ိန္

          ေဆး စေသာက္တဲ့အခါ ရာသီၿပီးၿပီးခ်င္း ရက္ကစၿပီး ေဆးေသာက္ျခင္းက ျပႆနာမရွိေပမယ့္ ၾကားရက္မွာ အဆင္ေျပသလို စၿပီး ေသာက္ခဲ့ရင္ေတာ့ ပထမ 7 ရက္မွာ နည္းလမ္းတစ္မ်ိဳးမ်ိဳးနဲ႔ ကိုယ္ဝန္မရေအာင္ တားသင့္ပါတယ္။

          ဒါေတြဟာ တားေဆးသံုးသူ အမ်ိဳးသမီးမ်ား ဂ႐ုမမူမိတဲ့ အလြဲတခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုအမွား တစ္စံုတစ္ရာ လုပ္မိပါက ကိုယ္ဝန္ရႏိုင္ေျခ နည္းတယ္ဆိုေပမယ့္ ဘယ္အခ်ိန္မ်ိဳးမွာ အေရးေပၚ တားသင့္တယ္ဆိုတာ သိထားျခင္းက စိတ္ပူပန္မႈကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (www.drmyanmar.com)

#Unicode Version#
တားဆေးတွေဟာ ကလေးမရအောင် ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို တားဆေးသောက်ရင်း ကလေးရသွားသူတွေကို မေးမြန်းကြည့်တဲ့အခါ ဆေးကို ပုံမှန်သောက်နေသူများဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ တားဆေးရဲ့အာနိသင် ဆုတ်ယုတ်တတ်သလဲဆိုတာ သိထားသင့်ပါတယ်။

1.      ဆေးသောက်ပြီးပြီးချင်း အန်ခြင်း

          ဆေးသောက်ပြီး 2 နာရီအတွင်း အန်တာ၊ ဒါမှမဟုတ် 24 နာရီကျော်အောင် ဝမ်းသွားနေတာမျိုး ရှိပါက သောက်ထားတဲ့ ဆေးရဲ့အာနိသင် ရမှာမဟုတ်ပါဘူး။ တစ်လုံးလောက် လွတ်ခြင်းဟာ အကြောင်း မဟုတ်ပေမယ့် ဆက်တိုက် 2 လုံးထက် ပိုလွတ်လာပြီဆိုရင်တော့ ကလေးရဖို့လမ်းစ ပိုများလာပါပြီ။

2.      ဆေးတစ်မျိုးမျိုး သောက်နေရခြင်း

          တားဆေးသောက်နေချိန်မှာ သတိထားရမယ့် ဆေးကတော့ Rifampicin လို့ခေါ်တဲ့ တီဘီဆေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မှိုပိုးသတ်ဆေး၊ HIV ဆေးနဲ့ အတက်ကျဆေးများ သောက်နေရပါက တားဆေးရဲ့အာနိသင် ယုတ်လျော့စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

3.      ဆေးကို အပူထဲ ထားမိခြင်း

          ဆေးကို ကားထဲ၊ အိတ်ထဲ၊ ရေချိုးခန်းထဲ စတဲ့ အပူချိန် 77°C ထက် ပူနွေးတဲ့နေရာများမှာ ထားမိပါက ဆေးရဲ့အာနိသင် လျော့ကျနိုင်ပါတယ်။ ဒါကြောင့် မသေချာရင် ဆေးနောက်တစ်ကတ် မပြောင်းမီစပ်ကြား ကွန်ဒုံးလို အကာအကွယ်တစ်မျိုးမျိုး သုံးသင့်ပါတယ်။

4.      St John's Wort ခေါ် သဘာဝဆေးဖက်ဝင်အပင်

          ဒီဆေးဖက်ဝင်အပင်ဟာ စိတ်ကျဝေဒနာရှင်တွေအတွက် ကောင်းပေမယ့် အမျိုးသမီးဟော်မုန်း Estrogen ပါဝင်တဲ့ တားဆေးနဲ့ တွဲသောက်မိတဲ့အခါ ကိုယ်ဝန်ရှိဖို့ အလားအလာ များစေနိုင်ပါတယ်။

5.      ဆေးသောက်ဖို့ မေ့နေတတ်ခြင်း

          ဆေးမှန်မှန် မသောက်ခြင်း၊ ညွှန်ပြထားတဲအတိုင်း မသောက်ခြင်းဟာ ကလေးရစေဖို့ နံပါတ် 1 အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဆေးသောက်မိ၊ မသောက်မိ မဝေခွဲနိုင်ခဲ့ရင် ဆေးဆက်သောက်တဲ့အပြင် ကွန်ဒုံးကို  မေ့တဲ့ရက်ကစပြီး 7 ရက်တိတိ အသုံးပြုသင့်ပါတယ်။

6.      ဆေး စသောက်ချိန်

          ဆေး စသောက်တဲ့အခါ ရာသီပြီးပြီးချင်း ရက်ကစပြီး ဆေးသောက်ခြင်းက ပြဿနာမရှိပေမယ့် ကြားရက်မှာ အဆင်ပြေသလို စပြီး သောက်ခဲ့ရင်တော့ ပထမ 7 ရက်မှာ နည်းလမ်းတစ်မျိုးမျိုးနဲ့ ကိုယ်ဝန်မရအောင် တားသင့်ပါတယ်။

          ဒါတွေဟာ တားဆေးသုံးသူ အမျိုးသမီးများ ဂရုမမူမိတဲ့ အလွဲတချို့ပဲ ဖြစ်ပါတယ်။ ဒီလိုအမှား တစ်စုံတစ်ရာ လုပ်မိပါက ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမယ့် ဘယ်အချိန်မျိုးမှာ အရေးပေါ် တားသင့်တယ်ဆိုတာ သိထားခြင်းက စိတ်ပူပန်မှုကို လျော့နည်းစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top